ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, December 13, 2009

ကောသလမင်း အိပ်မက် (၁၆)ချက်…

>
ကျမတို့ လူ့ရပ်ဝန်းကျင်မှာ တစုံတရာ အပြောင်းအလဲတခုကို တောင်းဆိုလာကြတဲ့အခါမှာဖြစ်စေ၊ ဘုရားဟော တရားဟော စသဖြင့် ကျမ်းကိုး ကျမ်းကား အခိုင်အမာနဲ့ ပြောဆိုလိုတဲ့ အခါမှာဖြစ်စေ၊ ဂေါတမ ဘုရားရှင် လက်ထက်က ပသေဒနီ ကောသလမင်းရဲ့ အိပ်မက် (၁၆)ချက်နဲ့ ခိုင်းနှိုင်း ညွှန်းဆိုလာခဲ့ကြပါတယ်။ ဒီလိုနဲ့ ကောသလ အိပ်မက် (၁၆)ချက်ရဲ့ အရေးပါမှုဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး၊ စာပေအနုပညာ အရေးနဲ့ ယဉ်ကျေးမှု နယ်ပယ်ရေးရာတွေမှာပါ အံဝင်ခွင်ကျဖြစ်လာတာရယ်၊ ဘယ်တော့မှ မရိုးနိုင်တဲ့ ဥပမာ- သာဓက ပြဆိုစရာ ဖြစ်လာတာရယ်ကို ဟောဒီ အချက်တွေနဲ့ ညှိုနှိုင်းတိုက်ဆိုင်ကြည့်ရင် သိနိုင်မှာပါ မိတ် ဆွေ…..။

၁။ နွားနက် လေးခု ဝှေ့မူဟန်ပြင်၊
မဝှေ့ကြဘဲ ရှောင်လွဲသည်မြင်၊
အရှေ့၊ အနောက်၊ တောင်၊ မြောက် မိုးဆင်၊
ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စင်…။
၂။ မြေက မကြွ ငယ်လှသစ်ပင်၊
ဖူးငုံရင့်ပြီး ပွင့်သီးတွေမြိုင်၊
အရွယ်မမျှ ပျိုမ မယ်ခင်၊
သမီးသား လင်သား အိမ်ထောင်ရှင်…။
၃။ ယနေ့ဖွားစ နွားမနို့သာ၊
မိခင်နွားကြီး စို့ပြီးနေရှာ၊
သမီးနှင့်သား စီးပွားပိုင်ရှာ၊
မိနှင့်ဘ ကျွေးမှ စားရမှာ…။
၎။ နွားကြီးမကြိုက် ၀င်တိုက်နွားငယ်၊
မရုန်းနိုင်ဘဲ ၀ပ်လဲနေတယ်၊
ကြီးသူဖယ်ရှား မြှောက်စားလူငယ်၊
တိုင်းပြည်ရေး ရှုပ်ထွေးပွေတော့မယ်…။
၅။ ခံတွင်းနှစ်ခွ များလှရာဇာ၊
ကျွေးကျွေးသမျှ မ၀နိုင်ပါ၊
မှူးမတ်မင်းစိုး လာဘ်ထိုးသူရှာ၊
နှစ်ဖက်စား တရားစီရင်မှာ…။
၆။ ခွေးအိုထံဆက် ရွှေခွက်သိန်းတန်၊
ကျင်ငယ်အမြဲ ခွက်ထဲစွန့်ပြန်၊
မျိုးမြတ်သမီး ပစ္စည်းမက်ဟန်၊
အမျိုးယုတ် လင်လုပ် ပေါင်းဖက်ဆံ…။
၇။ ရှေ့ကကျစ်ချ လွန်စကြိုးကို၊
ခွေးမ ခိုးစား ကိုက်ဝါးကာမျို၊
လင်ကြီးပစ္စည်း သိမ်းဆည်းမသို၊
လင်မြှောင်အား မယားလောကွတ်ပို…။
၈။ အိုးငယ်ချည်းနှီး အိုးကြီးရေလျှံ၊
အိုးကြီးကိုပဲ ရေဆွဲလောင်းပြန်၊
ဆင်းရဲသူများ ၀တ်စားမကျန်၊
အခွန်ထွက် နှိပ်စက်ငွေတောင်းခံ…။
၉။ ကြာမျိုးငါးဝ ပွင့်ကြ ရေကန်၊
ရေလယ်နောက်လျက် ကမ်းဘက်ကြည်ပြန်၊
မြို့တွင်းပွေရှုပ် ခွန်တုတ်ကောက်ခံ၊
မြို့ပြင်ထွက် ပြည့်နှက်စည်ကားရန်…။
၁၀။ တစ်အိုးတည်းချက် အကျက်မညီ၊
ထမင်းမာဆတ် ပျော့နပ်သုံးလီ၊
မင်းကျင့်လူများ တရားမမှီ၊
မိုးသုံးသား ကွက်ကြားရွာချမည်…။
၁၁။ မွှေးပျံ့နံ့ကြူး စန္ဒကူးသိန်းတန်၊
ပုန်းရည်နှင့်လဲ သုံးစဲံခါပြန်၊
အလဇ္ဇီများ တရားဖိုးတန်၊
ငွေနှင့်ပုလဲ အမြဲဟောမည်မှန်…။
၁၂။ သံကြေးမပေါင်း ဘူးပေါင်းဘူးအုံ၊
ရေတွင်စုပ်စုပ် နစ်မြုပ်လုံးစုံ၊
ပညာရှိများ စကားဥဿုံ၊
ပြောသမျှ လောက မသုံးကုန်…။
၁၃။ အိမ်လုံး တောင်လုံး ကျောက်တုံးကျောက်ဖျာ၊
ရေမှဘွားဘွား ထင်ရှားပေါ်လာ၊
ရဟန်းရှင်ဆိုး လူဆိုးများသာ၊
ဂုဏ်ရောင်တိုး တန်ခိုးပေါ်ထွက်သာ…။
၁၄။ အဆိပ်ပြင်းတောက် မြွေဟောက်ကြီးကို၊
ဖားငယ်မက ကိုက်ဝါးကာမျို၊
ကညာယူထား သက်ကြားဖိုးအို၊
မယားဆဲ အမြဲအော်ငေါက်ဆို…။
၁၅။ အဆင်းမည်းနက် ကျီးငှက်ထံမှာ၊
ရွှေဟင်္သာများ ခစားနေပါ၊
ပညာသီလ ပြည့်ဝသူဟာ၊
သူယုတ်အား ၀ပ်တွားနေရမှာ…။
၁၆။ ဆိတ်ကိုမြင်ငြား ကြောက်အားပြင်းထန်၊
ခြင်္သေ့- သစ်- ကျား ခုန်လွှားပြေးပြန်၊
သူယုတ်မာများ ထောင်လွှားနိုင်ငံ၊
သူတော်ကောင်း ပုန်းအောင်း တောမြိုင်ယံ…။

***ခံစားတင်ပြသူ- ဒေလီယာ (မြန်မာပြည်သား)***

ကျမတို့ လူ့ရပ်ဝန်းကျင်မှာ တစုံတရာ အပြောင်းအလဲတခုကို တောင်းဆိုလာကြတဲ့အခါမှာဖြစ်စေ၊ ဘုရားဟော တရားဟော စသဖြင့် ကျမ်းကိုး ကျမ်းကား အခိုင်အမာနဲ့ ပြောဆိုလိုတဲ့ အခါမှာဖြစ်စေ၊ ဂေါတမ ဘုရားရှင် လက်ထက်က ပသေဒနီ ကောသလမင်းရဲ့ အိပ်မက် (၁၆)ချက်နဲ့ ခိုင်းနှိုင်း ညွှန်းဆိုလာခဲ့ကြပါတယ်။ ဒီလိုနဲ့ ကောသလ အိပ်မက် (၁၆)ချက်ရဲ့ အရေးပါမှုဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး၊ စာပေအနုပညာ အရေးနဲ့ ယဉ်ကျေးမှု နယ်ပယ်ရေးရာတွေမှာပါ အံဝင်ခွင်ကျဖြစ်လာတာရယ်၊ ဘယ်တော့မှ မရိုးနိုင်တဲ့ ဥပမာ- သာဓက ပြဆိုစရာ ဖြစ်လာတာရယ်ကို ဟောဒီ အချက်တွေနဲ့ ညှိုနှိုင်းတိုက်ဆိုင်ကြည့်ရင် သိနိုင်မှာပါ မိတ် ဆွေ…..။

၁။ နွားနက် လေးခု ဝှေ့မူဟန်ပြင်၊
မဝှေ့ကြဘဲ ရှောင်လွဲသည်မြင်၊
အရှေ့၊ အနောက်၊ တောင်၊ မြောက် မိုးဆင်၊
ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စင်…။
၂။ မြေက မကြွ ငယ်လှသစ်ပင်၊
ဖူးငုံရင့်ပြီး ပွင့်သီးတွေမြိုင်၊
အရွယ်မမျှ ပျိုမ မယ်ခင်၊
သမီးသား လင်သား အိမ်ထောင်ရှင်…။
၃။ ယနေ့ဖွားစ နွားမနို့သာ၊
မိခင်နွားကြီး စို့ပြီးနေရှာ၊
သမီးနှင့်သား စီးပွားပိုင်ရှာ၊
မိနှင့်ဘ ကျွေးမှ စားရမှာ…။
၎။ နွားကြီးမကြိုက် ၀င်တိုက်နွားငယ်၊
မရုန်းနိုင်ဘဲ ၀ပ်လဲနေတယ်၊
ကြီးသူဖယ်ရှား မြှောက်စားလူငယ်၊
တိုင်းပြည်ရေး ရှုပ်ထွေးပွေတော့မယ်…။
၅။ ခံတွင်းနှစ်ခွ များလှရာဇာ၊
ကျွေးကျွေးသမျှ မ၀နိုင်ပါ၊
မှူးမတ်မင်းစိုး လာဘ်ထိုးသူရှာ၊
နှစ်ဖက်စား တရားစီရင်မှာ…။
၆။ ခွေးအိုထံဆက် ရွှေခွက်သိန်းတန်၊
ကျင်ငယ်အမြဲ ခွက်ထဲစွန့်ပြန်၊
မျိုးမြတ်သမီး ပစ္စည်းမက်ဟန်၊
အမျိုးယုတ် လင်လုပ် ပေါင်းဖက်ဆံ…။
၇။ ရှေ့ကကျစ်ချ လွန်စကြိုးကို၊
ခွေးမ ခိုးစား ကိုက်ဝါးကာမျို၊
လင်ကြီးပစ္စည်း သိမ်းဆည်းမသို၊
လင်မြှောင်အား မယားလောကွတ်ပို…။
၈။ အိုးငယ်ချည်းနှီး အိုးကြီးရေလျှံ၊
အိုးကြီးကိုပဲ ရေဆွဲလောင်းပြန်၊
ဆင်းရဲသူများ ၀တ်စားမကျန်၊
အခွန်ထွက် နှိပ်စက်ငွေတောင်းခံ…။
၉။ ကြာမျိုးငါးဝ ပွင့်ကြ ရေကန်၊
ရေလယ်နောက်လျက် ကမ်းဘက်ကြည်ပြန်၊
မြို့တွင်းပွေရှုပ် ခွန်တုတ်ကောက်ခံ၊
မြို့ပြင်ထွက် ပြည့်နှက်စည်ကားရန်…။
၁၀။ တစ်အိုးတည်းချက် အကျက်မညီ၊
ထမင်းမာဆတ် ပျော့နပ်သုံးလီ၊
မင်းကျင့်လူများ တရားမမှီ၊
မိုးသုံးသား ကွက်ကြားရွာချမည်…။
၁၁။ မွှေးပျံ့နံ့ကြူး စန္ဒကူးသိန်းတန်၊
ပုန်းရည်နှင့်လဲ သုံးစဲံခါပြန်၊
အလဇ္ဇီများ တရားဖိုးတန်၊
ငွေနှင့်ပုလဲ အမြဲဟောမည်မှန်…။
၁၂။ သံကြေးမပေါင်း ဘူးပေါင်းဘူးအုံ၊
ရေတွင်စုပ်စုပ် နစ်မြုပ်လုံးစုံ၊
ပညာရှိများ စကားဥဿုံ၊
ပြောသမျှ လောက မသုံးကုန်…။
၁၃။ အိမ်လုံး တောင်လုံး ကျောက်တုံးကျောက်ဖျာ၊
ရေမှဘွားဘွား ထင်ရှားပေါ်လာ၊
ရဟန်းရှင်ဆိုး လူဆိုးများသာ၊
ဂုဏ်ရောင်တိုး တန်ခိုးပေါ်ထွက်သာ…။
၁၄။ အဆိပ်ပြင်းတောက် မြွေဟောက်ကြီးကို၊
ဖားငယ်မက ကိုက်ဝါးကာမျို၊
ကညာယူထား သက်ကြားဖိုးအို၊
မယားဆဲ အမြဲအော်ငေါက်ဆို…။
၁၅။ အဆင်းမည်းနက် ကျီးငှက်ထံမှာ၊
ရွှေဟင်္သာများ ခစားနေပါ၊
ပညာသီလ ပြည့်ဝသူဟာ၊
သူယုတ်အား ၀ပ်တွားနေရမှာ…။
၁၆။ ဆိတ်ကိုမြင်ငြား ကြောက်အားပြင်းထန်၊
ခြင်္သေ့- သစ်- ကျား ခုန်လွှားပြေးပြန်၊
သူယုတ်မာများ ထောင်လွှားနိုင်ငံ၊
သူတော်ကောင်း ပုန်းအောင်း တောမြိုင်ယံ…။

***ခံစားတင်ပြသူ- ဒေလီယာ (မြန်မာပြည်သား)***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)