အိမ်ထောင်သက်တမ်း ၂၅-နှစ်ခန့်ရှိပြီဖြစ်သော အမျိုးသားတစ်ဦးအား မိတ်ဆွေ လူပျိုကြီးက အိမ်ထောင်ရေးအတွေ့အကြုံများ မေးမြန်းလေသည်-
လူပျိုကြီး - အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘာတွေသိထားရမလဲ ပြောစမ်းပါဦး။
မိတ်ဆွေ - အများကြီးပါပဲကွာ။
လူပျိုကြီး - အရေးကြီးတာတွေပြောပါဦး။
မိတ်ဆွေ - သည်းခံစိတ်ရှိရမယ်။
လူပျိုကြီး - ဟုတ်တာပေါ့။
မိတ်ဆွေ - ဇနီးအပေါ်နားလည်မှုပေးရမယ်။
လူပျိုကြီး - ဒါလိုအပ်တာပေါ့။
မိတ်ဆွေ - အိမ်မှုကိစ္စတွေ ၀ိုင်းကူရမယ်။
လူပျိုကြီး - အားလပ်ချိန်မှာ လုပ်ပေးရမှာပေါ့။
မိတ်ဆွေ - သြော်… အရေးကြီးတာရှိတယ်ဟေ့။
လူပျိုကြီး - ပြောပါဦး။
မိတ်ဆွေ - အချိန်ရရင် ဂျုဒိုနဲ့ ကရာတေးသင်တန်းလည်း တက်ထားဖို့လိုအပ်တယ်။
လူပျိုကြီး - ဘာဖြစ်လို့လဲ။
မိတ်ဆွေ - ဇနီးနဲ့ ရန်ဖြစ်တဲ့အခါ ကိုယ်မခံရအောင်လို့ပေါ့။
လူပျိုကြီး - `ဟေ´
*** မှတ်ချက်။ ။ ဘ၀အမောပြေမှ ကူးယူဖော်ပြသည်။***
***(ဟာဒယနှလုံး- တခဏပြုံး)***

No comments:
Post a Comment