ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, December 19, 2009

အလုပ်သမားတဦး အကြမ်းဖက် တိုက်ခိုက်ခံရပြီး ပျောက်ဆုံးနေသဖြင့် မဲဆောက် စက်ရုံတခုမှ အလုပ်သမား ၄၀၀၀ ခန့် ဆန္ဒပြ

>
(ဒီဇင်ဘာ ၁၉ ရက် ၂၀၀၉ ။ သောင်ရင်းနဂါး)

မြန်မာအလုပ်သမားတဦးကို ထိုင်းနိုင်ငံသား စက်ရုံလုံခြုံရေးဝန်ထမ်းများက အကြမ်းဖက်တိုက် ခိုက်ခဲ့ခြင်းကြောင့် (အဝေါ) အမည်ရှိ အသက် ၂၉ နှစ်အရွယ် မြန်မာအလုပ်သမားတဦး ပျောက်ဆုံးနေသဖြင့် သေသည်ရှင်သည်ကို ရှင်းလင်းစွာ မသိရတာမို့ စက်ရုံအတွင်းမှ မြန်မာအလုပ်သမား ၄၀၀၀ ခန့်ဟာ ယမန်နေ့ည ၁၁ နာရီလောက်မှာ ဆန္ဒပြခဲ့ကြပါတယ်။ နေရာကတော့ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့အနောက်ပိုင်း ဝမ်စကင်းကျေးရွာမှာရှိတဲ့ မြန်မာတို့အခေါ် တပ်မဟာဇာဘော်လီရုံ။ တရားဝင်အခေါ် တော့ပ်ဖေါင်း အထည်ချုပ်စက်ရုံမှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ ယမန်နေ့ ညပိုင်းက နှစ်သစ်ကူး(ပီမိုင်အတွက်) ဆိုကြ ကကြတဲ့ အထဲမှာ မိမိရဲ့ညီမဖြစ်သူ ပါတာကြောင့် လာကြိုတဲ့ အကိုဖြစ်သူ အဝေါ နဲ့ အဖေါ်တဦးတို့ကို ထိုင်းလုံခြုံရေးဝန်ထမ်းတွေက အကြမ်းဖက်

ဖြေရှင်းပြီး ဒါဏ်ရာရထားသူ အဝေါ ကို အလုပ်သမားတွေက မြင်ကွင်းအောက်က မတွေ့တော့တာမို့ အလုပ်သမားတွေဟာ နဂိုဓါတ်ခံ အလုပ်သမားအခွင့်အရေး ချိုးဖေါက်ခံရတာတွေနဲ့ရောပြီး ဆန္ဒပြဖြစ်သွားကြတာပါ။ ဆန္ဒပြအလုပ်သမ မဖြူလေးပြောပြတာက...
“သမီးတို့ကို စက်ရုံမှာ တနင်္ဂနွေနေ့မှာ အနည်းဆုံး ၂ နာရီ အခြားနေ့တွေမှာ အနည်းဆုံး ၄ နာရီ အချိန်ပိုခိုင်းပါတယ်။ အချိန်ပိုလုပ်အားခ မပေးပါဘူး။ အရင် ထမင်း ၃ နှပ်ကျွေးရာကနေ အခု ၂ နှပ်ပဲ ကျွေးတော့တယ်။ လူသစ်တွေဆိုပြီး လုပ်သက်တနှစ်ပြည့်ပေမယ့် ကုတင်နေရာ မပေးပါဘူး။ နေမကောင်းလို့ခွင့်တောင်းရင် တရက်ကို ဘတ် ၃၀၀ ဖြတ်ပါတယ်။ ၂ ခါ ဆက်တိုက် ခွင့်ယူရင် အလုပ်က ဖြုတ်ပစ်ပါတယ်။ အဲလို အခြေခံ မကျေနပ်ချက်တွေကြောင့် ပေါက်ကွဲလု စဲစဲမှာ အခုလို ကျမတို့ လုပ်ဖေါ်ကိုင်ဘက်ရဲ့ အကိုတယောက်ကို သတ်ပစ်လိုက်တယ် ။အလောင်းဖျောက်လိုက်တယ် ဆိုတာ သိရတော့ စုပေါင်း ဆန္ဒပြဖြစ်သွား ကြတာပါ” လို့ ရှင်းပြပါတယ်။ အလုပ်သမားတွေဟာ အခုလို အကြမ်းဖက်ပြီး သေသည်ရှင်သည် မသိရတာကို ပေါက်ကွဲနေကြပါတယ်။ ဒီကနေ့ နံနက် ၉း၃၀ နာရီလောက်မှာတော့ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန(LLC)၊ တာခ့်ခရိုင် စက်မှုလုပ်ငန်းရှင်များနဲ့ ကုန်သည်ကြီးများအသင်း(FTI) အပါအ၀င် ထိုင်းအာဏာပိုင်မျိုးစုံက အလုပ်ရှင်နဲ့ အလုပ်သမားဘယ်လို သဘောထားရှိလဲဆိုတာ လာရောက်ကွင်းဆင်းမေးမြန်:ပါတယ်။ အခု ပျောက်ဆုံးနေတဲ့ မြန်မာအလုပ်သမားကို ၂ ရက် အတွင်း ရှာဖွေပေးမယ်။ တရားခံလုံခြုံရေး ၀န်ထမ်းတွေကိုလည်း ဖမ်းဆီးထားတယ်။ အလုပ်သမားအခွင့်အရေးတွေကိုတော့ အလုပ်ရှင်နဲ့ အလုပ်သမား ညှိနှိုင်းယူကြပါလို့ အဆိုပါ တာဝန်ရှိသူတွေက ပြောဆိုသွားပါတယ်။ အလုပ်သမားတွေဟာ စက်ရုံထဲမှာပဲ ထမင်းမရ၊ စားစရာမရပဲနဲ့ မိမိတို့ အဆောင်အသီးသီးမှာ နေထိုင်သူက အများစုဖြစ်ပြီးတော့ အနည်းစုကတော့ မြ၀တီဘက်ကို(ယာယီ)ထွက်ခွာသွားကြသူတွေလည်း ရှိတယ်လို့သိရပါတယ်။ ဒီပြဿနာဟာ ထိုင်းနိုင်ငံ ရာဇ၀တ်မှု ဥပဒေ (ဘီအီး ၂၅၄၄) က တပိုင်း။ ထိုင်းအလုပ်သမားကာကွယ်ရေး ဥပဒေ (ဘီအီး ၂၅၄၁) က တပိုင်း ဖြစ်နေတာမို့ မြန်မာအလုပ်သမားတွေ အနေနဲ့ ခေါင်းအေးအေးနဲ့ မိမိတို့ အခွင့်အရေးကို ဥပဒေအတိုင်း စနစ်တကျ ညီညီညွတ်ညွတ် တောင်းဆိုကြဖို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)က ကွင်းဆင်းဆွေးနွေးပေးခဲ့ပါတယ်။
အခုနောက်ဆုံး ရရှိတဲ့ သတင်းအရ အဝေါ ဟာ လုံခြုံစိတ်ချရတဲ့ တနေရာမှာ ဆေးဝါးကုသမှု ခံယူနေတယ် သူသေဆုံးတယ်ဆိုတာ မဟုတ်ဘူးဆိုတဲ့ သတင်းပါပဲ။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)