ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, December 19, 2009

ဒီဇင်ဘာလအတွင်း ထိုင်းနှင့် မလေးရှားနိုင်ငံတ၀ှမ်းသတင်းအတိုအထွာများ…

>
(ဒီဇင်ဘာလ ၁၉-ရက် ၂၀၀၉) ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနောက်ပိုင်း၊ ၀မ်စကင်းကျေးရွာရှိ မြန်မာ တို့အခေါ် တပ်မဟာရုံ (၀ါ) တော့ဖောင်း ဇာဘော်လီအထည်ချုပ်ရုံတွင် ယမန်နေ့ညပိုင်းက ဤစက်ရုံမှ အလုပ် သမတစ်ဦး၏ အကိုဖြစ်သူ (ဝေါ- ၂၉-နှစ်)အား စက်ရုံလုံခြုံရေးမှအကြမ်းဖက်တိုက် ခိုက်ခဲ့ခြင်းကြောင့်(အဝေါ) အမည်ရှိ အသက် ၂၉ နှစ်အရွယ် မြန်မာအလုပ်သမားတဦး ပျောက်ဆုံးနေသဖြင့် စက်ရုံအတွင်းရှိ အလုပ် သမား ၄၀၀၀-ခန့်တို့သည် ညတွင်းချင်း ဆန္ဒပြကြကြောင်း၊ ဤသတင်းတင်ဆက်နေစဉ် မွန်းလွဲ ၁ နာရီခန့် တွင်လည်း အလုပ်မဆင်းပဲ ဆန္ဒပြနေဆဲဖြစ်ကြောင်း၊ ထိုင်းအာဏာပိုင်အဖွဲ့အစည်းများနှင့် ထိုင်းရှေ့နေများ ကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC)တို့မှ ဥပဒေအတိုင်း ဆောင်ရွက်သွားရန် အလုပ်သမားများအား ဆွေးနွေးနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သား)

(ဒီဇင်ဘာလ ၁၈-ရက် ၂၀၀၉) ထိုင်းရဲ အယောင်ဆောင် ထိုင်းနိုင်ငံသား အနုကြမ်းစီးသူ ၄-ဦးအား ဘန်ကောက်ပြည်နယ်၊ နွမ်ထဘူရီခရိုင်ရဲစခန်းက မကြာသေးခင်ရက်ပိုင်းအတွင်းက ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ နွမ်ထဘူရီခရိုင်တွင် အသက် ၁၃-နှစ်အရွယ် မြန်မာအလုပ်သမတစ်ဦးအား ထိုင်းရဲအယောင်ဆောင်ကာ အဓမ္မပြုကျင့်ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က ခြေရာခံမိခဲ့ခြင်းဖြစ်သည်။ ၄င်းတို့သည် နွမ်ထဘူရီခရိုင် အယုဒ္ဓယခရိုင်အပါအ၀င် ခရိုင် (၄)ခုတွင် မုဒိန်းမှု၊ အနုကြမ်းစီးမှု အပါအ၀င် အမှုပေါင်း (၄၀)ကျော်ကို ကျုးလွန်ခဲ့ကြောင်း၊ မြန်မာဆောက်လုပ်ရေးလုပ်သား (၆၀)ဦးခန့်ထံမှလည်း ရဲအယောင်ဆောင်ကာ လုယက်ခဲ့ကြကြောင်း သိရသည်။ (BBC)
(ဒီဇင်ဘာလ ၁၆-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တောင်ဖက်၊ ဖုတ်ဖရားမြို့နယ် (၄၄)ကီလိုမီတာကျေးရွာအနီးရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားနှင့် မိသားစုဝင် (၁၅၀)ဦးခန့် မှီတင်းလုပ်ကိုင်စားသောက်လျက်ရှိသော မုံလူမျိုးအလုပ်ရှင်တစ်ဦးပိုင် `ခရမ်းချဉ်စိုက်ခင်း´ရှိ တဲအိမ်များအား ထိုင်းအာဏာပိုင်များက ဖျက်သိမ်းရွှေ့ပြောင်းစေခဲ့ကြောင်း သတင်းရရှိသည်။ ထိုင်းစစ်တပ်မှ ရဟတ်ယာဉ်ဖြင့် ကင်းလှည့်စဉ် (၄၄)ကီလိုမီတာကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ်ရင်းနှင့် အနီးမဝေးတွင် ရှိနေသော အဆိုပါ စိုက်ခင်းအား တွေ့ရှိသွားကာ လုံခြုံရေးအရ စိုးရိမ်ရသည်ဟု သုံးသပ်ဖွယ်ရှိကြောင်း နယ်ခြားစောင့်တပ်ရင်းနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏ စိုက်ခင်း စိုက်ကွက်အား ဖျက်သိမ်းရွှေ့ပြောင်းစေခြင်းမှာ ဤဒေသအတွင်း၌ ပထမဆုံးအကြိမ်ဖြစ်၏။ (မြန်မာပြည်သား)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်မှာ ဖမ်းဆီးခဲ့တဲ့ မြောက်ကိုရီးယားက လက်နက်တွေ တင်ဆောင်လာတဲ့ လေယာဉ်ပေါ်ပါ လက်နက် ၃၅ တန်ကို ထိုင်း လက်နက်ကျွမ်းကျင်သူတွေက စတင်စစ်ဆေးနေပါပြီ။ဂျော်ဂျီယာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အဲဒီ ကုန်တင်လေယာဉ်ပေါ်မှာ လက်နက်မျိုးစုံ ကုန်သေတ္တာပေါင်း ၁၄၅ ခုနဲ့ ထုပ်ပိုးထားတာ ဖြစ်ပါတယ်။လောလောဆယ် စစ်ဆေး တွေ့ရှိရသလောက် ဖောက်ခွဲရေးပစ္စည်းတွေ၊ RPG Rocket Propel Grenade မြေပြင်ကနေ ဝေဟင်ပစ် ဒုံးလက်နက်နဲ့ တခြားလက်နက်တွေကို ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေ ပါဝင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။(VOA)
(ဒီဇင်ဘာလ ၁၅-ရက်။၂၀၀၉) ယခုလအတွင်း မလေးရှားနိုင်ငံ၌ တရားမဝင် သွားရောက်အလုပ်လုပ်နေသည့် မြန်မာရွေ့ပြောင်း အလုပ်သမားများအား မလေးရှားနိုင်ငံ အဖွဲ့ပေါင်းစုံ [အော်ပရာစီ] တို့က လိုက်လံဖမ်းဆီးနေကြောင်း ရွှေ့ပြောင်းအလုပ်သမားတို့၏ ပြောပြချက်အရ သိရသည်။မလေးရှားနိုင်ငံ၏ စီးပွားရေးအခြေအနေ ကျဆင်းမှုကြောင့် နိုင်ငံခြားသားများကို လျှော့ချလိုမှုဖြင့် ယခုကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးခြင်းဖြစ်သည်ဟု မလေးရှားNLD(ပြည်ပ)ဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောသည်။ (IMNA)
(ဒီဇင်ဘာလ ၁၄-ရက် ၂၀၀၉) ဒီဇင်ဘာလ ၁၄-ရက်နေ့ ကအကျဉ်းစံ ထိုင်းအင်ဂျင်နီယာ တဦးကို ကမ္ဗေဒီးယားကပြန်လွှတ်ပေးလိုက် ပါတယ်။ ရာထူးက မောင်းထုတ်ခံရတဲ့ ၀န် ကြီးချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထရာနဲ့ ပတ် သက်လို့ သူလျှိုမှုကို လွတ်ငြိမ်းခွင့် ပေးလိုက် တာ ဖြစ်တယ်လို့ မျက်မြင်သက်သေတွေနဲ့ အရာရှိတွေက ပြောပါတယ်။ ဘန်ကောက်နဲ့ဖနွမ်းပင်အကြား သံခင်းတမန် ခင်း ဆက်ဆံရေးမှာ မီးတောက်စေနိုင်တဲ့ ထပ်စင်ရဲ့ ကမ္ဗောဒီးယား အလည်အပတ်ခရီး စဉ်အပြီးမှာ ဆီဝရတ်ချူတီဖုန် လွတ်လာတာပါ။ တနင်္ဂနွေနေ့က ထပ်စင်ဟာ အကျဉ်းထောင်မှာရှိတဲ့ ဆီဝရတ်ဆီကို ခေတ္တခဏ သွားရောက်လည်ပတ်ခဲ့ပါတယ်။
သောကြာနေ့မှာ ဘုရင်ကြီး နိုရိုဒမ်ဆီဟာမိုနီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို လက်ခံရရှိပြီးနောက်၊ ကမ္ဗောဒီးယား လေကြောင်းပျံသန်း မှုဌာနက ထိုင်းအင်ဂျင်နီယာတဦးဖြစ်တဲ့၊ အသက် ၃၁ နှစ်အရွယ်၊ မစ္စတာ ဆီဝရတ် ဟာ ဒီမနက်အစောပိုင်းက လုံခြုံရေး အ စောင့်အရှောက် ကား ၃ စီးနဲ့အတူ Prey Sar အကျဉ်းထောင်ကနေ ထွက်ခွာလာခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။(နေ့သစ်)
(ဒီဇင်ဘာလ ၁၂-ရက် ၂၀၀၉) ယနေ့ကျရောက်သော `နိုင်ငံတကာ ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့´အထိမ်းအမှတ်အဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ ထိုင်းနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုဝင် ကျောင်းသား ကျောင်းသူများ စုပေါင်းလှုပ်ရှားကြကြောင်း တွေ့ရှိရသည်။ (မြန်မာပြည်သား)
(ဒီဇင်ဘာလ ၁၁-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မီးဖိုချောင်သုံး ဂက်(စ်)များကို မြ၀တီမှ တဆင့် မြန်မာပြည်ဘက်သို့ ခိုးထုတ်နေခြင်းကြောင့် မဲဆောက်မြို့ပိုင်၏ အမိန့်ဖြင့် သောင်ရင်းမြစ်ကမ်းနဖူးဒေသ (မဲဆောက်-မြ၀တီ)နှစ်မြို့ကိုကူးသန်းလျက်ရှိသော `အမှတ် (၁၄)ကုတို့ဆိပ်´ကို (၁)လပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။ (BBC)
ဖြစ်ရပ်-၂။ ။ ဖိုရမ်အေးရှဖောင်ဒေးရှင်း၏ ညီနောင်အဖွဲ့ဝင် ထိုင်းနိုင်ငံရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC)နှင့် ထိုင်းလူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်မှုဖောင်ဒေးရှင်း(HRDF)တို့မှ ပူးပေါင်းစီစဉ်သော ထိုင်းနိုင်ငံအလုပ်သမားဥပဒေနှင့် ရာဇ၀တ်မှု ဥပဒေများဆိုင်ရာ အထောက်အကူပြုသင်တန်းတစ်ရပ်ကို ယခုလဒီဇင်ဘာလ ၉-ရက်နေ့မှ စတင်ပြုလုပ်ခဲ့ရာ ယနေ့ (ဒီဇင်ဘာလ ၁၁)ရက်နေ့တွင် မဲဆောက်မြို့ရှိ တာ့(ခ်)ခရိုင်အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးရုံး(ဆ၀ါဒီကန်)ရုံးသို့ သင်တန်းသားများနှင့် သင်တန်းနည်းပြများက လက်တွေ့ကွင်းဆင်းလေ့လာခြင်း၊ ဆ၀ါဒီကန်ရုံးမှ တာဝန်ခံအရာရှိ မယ့်တာနှင့် တာဝန်ရှိသူများက ဆ၀ါဒီကန်ရုံး၏ သဘောသဘာဝနှင့် လုပ်ငန်းဆောင်တာများကို ရှင်းလင်းတင်ပြကြကာ ယနေ့မွန်းလွှဲပိုင်း၌ သင်တန်းဆင်းလက်မှတ်များကို သင်တန်းနည်းပြများက ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သား)
(ဒီဇင်ဘာလ ၁၀-ရက် ၂၀၀၉) ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင်၊ မြ၀တီမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ (အင်္ဂလိပ်နှင့် သင်္ချာဘာသာ)စွမ်းရည်ပြိုင်ပွဲကို ပြီးခဲ့သော ဒီဇင်ဘာလ ၄-ရက်နေ့မှ စတင်ပြီး ကျင်းပခဲ့ရာ ယမန်နေ့က အောင်မြင်စွာ ပြီးစီးသွားကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သား)
(ဒီဇင်ဘာလ ၉-ရက် ၂၀၀၉) မလေးရှားနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း တရားမ၀င်နေထိုင်သော နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီးလျက်ရှိရာ မြန်မာပြည်သားအလုပ်သမား ၅၀-ဦးခန့် အဖမ်းခံခဲ့ရကြောင်း မလေးရှား နိုင်ငံမှ မြန်မာအလုပ်သမားများအရေးကို ကူညီဆောင်ရွက်ပေးနေသော ကိုအောင်ကျော်ဆက်က ပြောသည်။ (BBC)
(ဒီဇင်ဘာလ ၈-ရက် ၂၀၀၉) မြန်မာပြည်မှ အဆိုတော်နှင့် ပန်းချီဆရာ နေမျိုးဆေး၏ တကိုယ်တော် ပန်းချီပြ ပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ `သုဝဏ္ဏဘူမိ ပန်းချီပြခန်း´တွင် ယနေ့ (ဒီဇင်ဘာလ ၈-ရက်နေ့)မှ လာမည့် ဒီဇင် ဘာလ ၂၅-ရက်နေ့ (ခရစ္စမတ်နေ့)အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
(ဒီဇင်ဘာလ ၇-ရက် ၂၀၀၉)ဖြစ်ရပ်-၁။ ။ မြ၀တီခရိုင် အာဏာပိုင်များက တရားမ၀င်သည့်နည်းဖြင့် ကားများကို မြ၀တီ-မဲဆောက် ခရီးသည်တင် ယာဉ်လိုင်းတွင် ပြေးဆွဲခွင့်ပြုသောကြောင့် တရားဝင်ပြေးဆွဲသည့် ထိုင်းနှင့်မြန်မာကားများ ထိခိုက်နစ်နာမှုများ ကြုံတွေ့နေရသည်ဟု ယာဉ်လိုင်းတာဝန်ရှိသူများက ပြောသည်။မြ၀တီခရိုင် အကောက်ခွန်ဌာန၊ ရဲ၊ လ၀က၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ နယ်စပ်ကုန်သွယ်ရေး (နကသ) အဖွဲ့တို့က ယာဉ်ပိုင်ရှင်များနှင့်နားလည်မှုယူကာ ထက်ဝက်စားစနစ်ဖြင့် အခကြေးငွေယူ ပြေးဆွဲစေခြင်းကြောင့်ဖြစ်သည်ဟု ယာဉ်မောင်းများက ပြောသည်။အဆိုပါကားများမှာ မြန်မာစက်မှုဇုန်ထုတ် ပစ်ကပ်ကားများနှင့် ဟိုင်းလပ်ယာဉ်များဖြစ်ပြီး တရားဝင် ခရီးသည်တင်ယာဉ် များကဲ့သို့ ယာဉ်လိုင်းစည်းကမ်းများ လိုက်နာရန်မလိုဘဲ ခရီးသည်နှင့် ကုန်ပစ္စည်းများကို တင်ဆောင်ရန် မဲဆောက်မြို့တွင်း မြို့ပြင်ရှိ စက်ရုံအလုပ်ရုံအထိ လိုက်လံခေါ်ယူမှုကြောင့် သတ်မှတ်ထားသည့်ကားဂိတ်များတွင်သာ ရပ်နားခွင့်ရှိသည့် တရားဝင်လိုင်းကားများ နစ်နာကြခြင်းဖြစ်သည်။(ခေတ်ပြိုင်)
ဖြစ်ရပ်-၂။ ။ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်သည် ထိုင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိလာပြီးဖြစ်ကြောင်း၊ နာရာသီဝပ်ခရိုင်၊ ပတ္တာနီခရိုင်နှင့် ထိုင်း-မလေးရှားနယ်ခြားဒေသများသို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (RFA)
(ဒီဇင်ဘာလ ၆-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မတူညီကွဲပြားသည့် တိုင်းရင်းသားလူမျိုးနှင့် ဓလေ့ရိုးရာခြားနားမှုများကို ပြန်လည်ပေါင်းစည်းကြဖို့ အားလုံးပါဝင်ပူးပေါင်း ဆောင်ရွက်ရန် ဆရာမ ဒေါက်တာစင်သီယာမောင်က ယနေ့ ကျရောက်သည့် သူမ၏ ၅၀ပြည့်နှစ်မြောက် မွေးနေ့တွင် တိုက် တွန်းပြောကြားလိုက်သည်။ဆက်လက်၍ သူမက မြန်မာပြည်ဒေသအသီးသီးမှ လူမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများ၊ တချိန် တည်းမှာပင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ အပါအ၀င် နိုင်ငံတကာ မိသားစုများနှင့်လည်း ဆက်ဆံခွင့် ရခဲ့သည့်အ ပေါ် စုစည်းမှုသည် လာမည့်အနာဂတ်အတွက် ခွန်အားများ ဖြစ်စေနိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။ဆရာမကြီး၏ ၅၀နှစ်မြောက်မွေးနေ့ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် ပြုလုပ်ခဲ့ရာ ထိုင်းနိုင်ငံ အခြေစိုက် လူမှုအဖွဲ့အစည်း အသီးသီးမှ အဖွဲ့ဝင်များနှင့် ရွှေ့ပြောင်းအလုပ်သမားများ အပါအ၀င် ပရိဿတ်ပေါင်း ၂,၀၀၀ခန့် တက်ရောက်အားပေးခဲ့ကြသည်။(KIC )
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံ၏ အောက်တိုဘာလအတွင်း ပြည်ပပို့ကုန်ပမာဏသည် လအလိုက်နှိုင်းယှဉ်ကြည့်ပါက ၁၅-ရာခိုင်နှုန်းတိုးကာ စုစုပေါင်းပြည်ပပို့ကုန် အမေရိကန်ဒေါ်လာ (၁၆-ဘီလီယံ)အထိ ရှိလာကြောင်း မလေးရှားအစိုးရက ကျေညာသည်။ (အင်တာနက်)
(ဒီဇင်ဘာလ ၅-ရက် ၂၀၀၉) ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ထိုင်းဘုရင်၏ ၈၂ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာအလုပ်သမားများ နှင့် ထိုင်းလူမှုအဖွဲ့ အစည်းများ ပူးပေါင်းပြီး ဘန်ကောက်မြို့ မဟာချိုင်အရပ်ရှိ ဘုန်းကြီးကျောင်း တကျောင်းတွင် အလှူပွဲ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ထိုပွဲကို ထိုင်းလူမှု အဖွဲ့အစည်း ၅ ဖွဲ့က ဦးဆောင် ကျင်းပသွားမည်ဖြစ်ကြောင်း လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်းမှ ဦးစိန်ဌေးက ပြောသည်။(ဧရာဝတီ)
(ဒီဇင်ဘာလ ၄-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ပွင့်လင်းရာသီ၌သာ အသုံးပြုနိုင်သည့် နယ်စပ် ဘုရားသုံးဆူမြို့မှ သံဖြူဇရပ်၊ ရေး၊ ကြာအင်းဆိပ်ကြီးတို့သို့ ပြေးဆွဲမည့် လိုင်းကားများအနေဖြင့် လမ်းခရီးတလျှောက် အကောက်ခွန်ဂိတ်များ ယခင်နှစ်ကထက် ပိုမို များပြားလာခြင်းကြောင့် ကားသမားများက ပြေးဆွဲရန် တွန့်ဆုတ်နေကြသည်။အဆိုပါ ကားလမ်းများကို လာမည့် တနင်္လာနေ့ ဒီဇင်ဘာ (၇) ရက်တွင် တရားဝင် ဖွင့်လှစ်တော့မည်ဟု ကြေညာထားပြီး ဖြစ်သော်လည်း ယခုအထိ ကားပြေးဆွဲရန် လိုင်းဝင်ထားသူ နည်းပါးလျက်ရှိကြောင်း ဘုရားသုံးဆူရှိ ရာမည ပို့ဆောင်ရေး ကားလိုင်းကြီးကြပ်သူတဦးက ပြောသည်။(ခေတ်ပြိုင်)
ဖြစ်ရပ်-၂။ ။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) ကိုယ်စားလှယ်၏ ပြောဆိုချက်များသည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအပေါ် မှားယွင်းသည့် တဖက်သတ် စွပ်စွဲချက်ဖြစ်သောကြောင့် ကန့်ကွက်ကြောင်း မဒတ က ယနေ့ကြေညာချက်ထုတ်ပြန်သည်။ မဒတ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၁) ဖွဲ့ဖြင့် ၁၉၇၆ ခုနှစ် မေလ (၁၀) ရက်နေ့က မာနယ်ပလောတွင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်အချို့ နအဖနှင့် အပစ်ရပ်စဲခဲ့ကာ လက်ရှိတွင် ရခိုင်၊ ချင်း၊ ကရင်၊ လားဟူ၊ မွန်၊ ပအိုဝ့်၊ ပလောင်၊ ‘၀’ စသည့်အဖွဲ့များက လက်နက်ကိုင်တိုက်ပွဲဝင်လျက်ရှိသည်။(ခေတ်ပြိုင်)
ဖြစ်ရပ်-၃။ ။ ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေတွင် ယမန်နေ့က တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ တော်(ဒီကေဘီအေ)နှင့် ကေအဲန်အယ်လ်အေတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားသောကြောင့် ယနေ့မနက်ပိုင်းတွင် ဒီကေဘီအေဘက်က နယ်စပ်ဖြတ်ကျော်မှုကို ပိတ်ပစ်လိုက်သည်ဟု သိရသည်။(KIC )
(ဒီဇင်ဘာလ ၂-ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မြန်မာ နှင့် မဲခေါင်မြစ်ဝှမ်း နိုင်ငံများမှ စာနယ်ဇင်း သမားများ၏ နှီးနှောဖလှယ်ပွဲ တခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မကြာမီ ရက်ပိုင်းအတွင်း ပြုလုပ်တော့မည် ဖြစ်သည်။အာရှဒေသအတွင်း စာနယ်ဇင်း သမားတို့၏ ဆွေးနွေးပွဲများစွာ ရှိသော်လည်း ဒီဇင်ဘာ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပြုလုပ်မည့် နှီးနှောဖလှယ်ပွဲမှာ မဲခေါင်ဒေသကို အလေးထားမည်ဖြစ်ပြီး မတူခြားနား မှုများ ပါဝင်မည်ဖြစ်ကြောင်း Inter Press Service (IPS) သတင်းဌာန၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စဂျိုဟန်နာဆန်က ပြောသည်။မဲခေါင်မြစ်ဝှမ်း နိုင်ငံများ ဖြစ်သည့် မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် တို့မှ စာနယ်ဇင်းသမားများကို Mekong Media Forum (MMF) အမည်ရှိ နှီးနှောဖလှယ်ပွဲတွင် တွေ့ရမည် ဖြစ်သည်။ (ဧရာဝတီ)
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ချင်းနှင့်မွန် တိုင်းရင်းသား ၃၀၀၀ ကျော် ဒုက္ခသည် အဖြစ် အသိအမှတ်ပြု လတ်မှတ်များ ထုတ်ပေးလိုက်ကြောင်း မလေးရှား အခြေစိုက် မွန်နှင့်ချင်း ဒုက္ခသည် အကူအညီပေးရေး အဖွဲ့များက ဆိုသည်။ချင်းလူမျိုး ၁၀၀၀နှင့် ၁၅၀၀ခန့် ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး Refugee Status Determination (RSD) ကတ်များ ရရှိခဲ့ကြောင်း ချင်းဒုက္ခသည် ကော်မတီ (Chin Refugee Committee-CRC)က ဆိုသည်။(ဧရာဝတီ)
ဖြစ်ရပ်-၃။ ။ ထိုင်းနိုင်ငံရနောင်းမြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား(၄ဝဝ)ကျော်ခန့်သည် နိုဝင်ဘာ(၂)ရက်နေ့တွင် ယာယီနိုင်ငံကူးလက်မှတ်များ လုပ်ဆောင်နေကြသည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။ အဆိုပါ နိုင်ငံကူးလက်မှတ်များကို ရနောင်းမြို့အလုပ်သမားနိုင်ငံကူးထုတ်ပေးရေးရုံးမှပြုလုပ်ပေးခြင်းဖြစ်ပြီး တစ်ယောက်လျှင် ဘတ်ငွေ(၉ဝဝဝ)ကျသင့်သည်ဟု ဆိုပါသည်။ မြန်မာနဲ့ထိုင်းအစိုးရတို့ နှစ်နိုင်ငံသဘောတူညီချက်အရ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံအတွင်းတရား ဝင်အလုပ်လုပ်နိုင်ရန်အတွက် မြဝတီ၊ တာချီလိတ၊် ကော့သောင်း အစရှိသောနယ်စပ်မြို့များတွင် ယာယီနိုင်ငံကူး လက်မှတ်များ လုပ်ဆောင်ပေးနေသည်ဟု ဆိုပါသည်။(Kaowao Newsgroup.)
ဖြစ်ရပ်-၄။ ။ ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့၌ ဆိုင်ကယ်လိုင်စင် အသစ်များပြုလုပ်ပေးနေသည့် အတွက် ဆိုင်ကယ်ဈေး များ အဆမတန်တက်နေသည်။ ထိုင်းနိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသည့် ဆိုင်ကယ်များအားမြန်မာတနိုင်ငံလုံး သွား၍ရသည့် လိုင်စင်အသစ် များပြုလုပ်ပေးသည့်သတင်းကြောင့် ဆိုင်ကယ်ဈေးနှုန်းများအဆမတန်တက်သွားသည်ဟု တာချီလိတ်မြို့ခံတစ်ဦး က ယခုလိုပြောသည်။ “အခုဆိုရင် ဆိုင်ကယ်ဈေးတောင်တော်တော်တက်ကုန်ပြီ။ ဒီလိုင်စင်လုပ်ပေးနေတယ် လည်းကြားရော လေ။ အရင်က (ထိုင်းဘတ်)လေးသောင်းနှစ်ထောင် တန်တဲ့ဟာ အခုက တာချီလိတ် ရောက်ရင် ငါး သောင်းနဲ့ သုံးထောင်လောက်ဖြစ်သွားတယ်။ အဲဒါ Dream 125 ပေါ့။ အခုနောက်ဆုံးထွက်တဲ့ဟာ။” (NMG)
ဖြစ်ရပ်-၅။ ။ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်များကို ထိုင်းအစိုးရအနေဖြင့် အလုပ်လုပ်ကိုင်ခွင့်ပြုရန် ဥရောပသမဂ္ဂ(အီးယူ)၏ တိုက်တွန်းမှုကို မြန်မာဒုက္ခသည်များနှင့် ဒုက္ခသည်အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ကြိုဆိုခဲ့ကြသည်။ အီးယူအဖွဲ့၏ လော၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံဆိုင်ရာ သံအရာရှိကြီး မစ္စတာဒေးဗစ်လစ်မင်းက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုင်းအစိုးရကို တိုက်တွန်းပြောကြားခြင်းဖြစ်ပြီး ဒုက္ခသည်များ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန်၊ ထိုင်းလူ့အဖွဲ့အစည်းအတွင်း ၀င်ဆံ့နိုင်ရန် ကူညီလုပ်ဆောင်ပေးသင့်သည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၂၃) ရက်တွင် အီးယူသံအရာရှိကြီး ဒေးဗစ်လစ်မင်း ဦးဆောင်သည့် ဥရောပသမဂ္ဂအဖွဲ့ဝင် (၁၄) နိုင်ငံမှ သံတမန်များသည် မယ်လဒုက္ခသည်စခန်း၏ အနေအထားများကို သွားရောက်လေ့လာခဲ့ကြပြီးနောက် အဆိုပါတိုက်တွန်းချက် ပေါ်ထွက်လာခြင်းဖြစ်သည်။(ခေတ်ပြိုင်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)