ဘောလုံးဝါသနာအိုး အဘိုးအို ၂-ယောက်သည် မန်ယူအသင်း၏ပွဲစဉ်တစ်ခုအား ကြည့်ရှုရန်ရောက်လာ ကြသည်။ လက်မှတ်ဖြတ်ရန် ဂိတ်သို့အရောက် အဘိုးအိုတစ်ဦးမှာ မိမိတစ်ကိုယ်လုံးအနှံ့ လက်မှတ်ရှာဖွေလေ တော့သည်။ ကုတ်အင်္ကျီအိတ်၊ အပေါ်ရုံအင်္ကျီ၊ ဘောင်းဘီအိတ်၊ စုံလင်အောင် ရှာဖွေသော်လည်း လက်မှတ် ကမတွေ့။
ထိုအခါ လက်မှတ်စစ်က `ခဏလောက်ဗျာ၊ အဘိုးပါးစပ်ထဲက ဘာလဲဗျ။ ဟား… လက်မှတ်က ပျောက်နေ တယ် မှတ်လား။ ပါးစပ်ထဲရောက်နေတာကိုး။´

အားကစားကွင်းအတွင်းရောက်သောအခါ လက်မှတ်ရှာသော အဘိုးအိုအား သူ၏ မိတ်ဆွေက `ခင်ဗျားနှယ်ဗျာ။ လက်မှတ်ကိုပါးစပ်ထဲ ထည့်ထားပြီး မေ့ရတယ်လို့။ အင်းလေ အသက်ရွယ်ကစကားပြောလာပြီကိုးဗျ´
ထိုအခါ အဘိုးအိုက `ကျုပ် ဒီလောက်တုံးပါ့မလားဗျ။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက လက်မှတ်မို့လို ရက်စွဲပျက်အောင် ကိုက်ဖျက်နေတာဗျ´ဟူ၏။
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)***

No comments:
Post a Comment