*** ဆီးကျိတ်ကင်ဆာလူနာများအား မိမိကိုယ်ကို သတ်မသေစေရေးအတွက် စောင့်ကြပ်ပေးသင့် ***
ခေတ်မီရောဂါရှာဖွေရေးပစ္စည်းနှင့် ကုထုံးနည်းပညာသစ်များကြောင့် ဆီးကျိတ်ကင်ဆာရောဂါဖြင့် သေဆုံးသူဦးရေ လျော့နည်းလာသော်လည်း ဆီးကျိတ်ကင်ဆာဝေဒနာရှင် အမျိုးသားများအတွင်း မိမိကိုယ်ကို သေကြောင်းကြံ သတ်သေမှုများ ပျံနှံ့လာသည်ကို နောက်ဆုံးလေ့လာတွေ့ရှိရသည်။ ယခင် သတိမထားမိသည့် ယင်းအချက်ကို ဂရုပြုကြရန် လေ့လာသူ သုတေသီများက
ထောက်ပြလိုက်သည်။ ဆီးကျိတ်ကင်ဆာရောဂါကို ရှာဖွေတွေ့ရှိပြီးနောက် ရရှိလာသော မမျိုသိပ်နိုင်သည့် သောကကြောင့် လူနာအမျိုးသားများမှာ သာမာန်ထက် နှလုံးရောဂါ (၁၁)ဆပိုဖြစ်ပြီး မိမိကိုယ်ကို သတ်သေမှု (၈)ဆပိုများလာကြောင်း တွေ့ရသည်ဟုဆို၏။ ထို့ကြောင့် ဆီးကျိတ်ရောဂါရှိကြောင်း ထုတ်ပြောပြီးနောက် လူနာများကို အချိန်အတိုင်းအတာ တစ်ရပ်အထိ ရောဂါရှာဖွေသူ ပါရဂူများအနေဖြင့် စောင့်ကြပ်စစ်ဆေးရန် သုတေသီများက အကြံပြုထားသည်။ (အင်တာနက်)
*** (Public Health)***

No comments:
Post a Comment