ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, December 15, 2009

အာရှ ပစိဖိတ်ဒေသတွင်း ကျောင်းသားနှင့်လူငယ်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

>
(ဒီဇင်ဘာ ၁၅-ရက် ၂၀၀၉)
အာရှ ပစိဖိတ် ဒေသတွင်းရှိ ကျောင်းသား နှင့် လူငယ်မျာ့းတွေ့ဆုံနှီးနှောဖလှယ်ပွဲကို YOUTH FOR CHANGE (အပြောင်းအလဲ များနှင့်လူငယ်)ခေါင်းစဉ်ဖြင့်ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိခရစ်ယာန်ကျောင်းသား များစင်တာတွင် ကျင်းပပြီးခဲ့သည်။ အာရှ နှင့် ဖစိဖိတ်ဒေသတွင်း၁၅နိုင်ငံမှ ကျောင်းသားနှင့်လူငယ်၊၃၈ဖွဲ့ပူးပေါင်းဖွဲ့စည်းထား သော Asia Pacific Students and Youth Association ကို ဟောင်ကောင်တွင်အခြေစိုက်သည်။ အဆိုပါအဖွဲ့တွင် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်။

ကရင်နီ လူငယ်များသမဂ္ဂ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီတို့ ပါဝင်သည်။ သုံးရက်တိုင်တိုင်ကျင်းပခဲ့သော တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာကျောင်းသား ၅ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် နိုင်ငံခြားရေးရာကော်မီတီ မှ ကိုသွင်လင်းအောင်က“ဒီဆွေးနွေးပွဲက ဘာတွေအကျိုးကျေးဇူးပေးမလဲဆိုတော့ တစ်နိုင်ငံချင်းစီမှာ ကျောင်းသားတွေရဲ့ အဖြစ်အပျက်တွေကိုသိရတယ်။ အဓိက က လွတ်လပ်တဲ့ လူထုအခြေပြုအဖွဲ့  အစည်းဖြစ်တဲ့ကျောင်းသားအဖွဲ့အစည်းတွေကတစ်ဆင့် ကျနော်တို့ တိုင်းပြည်ကကျောင်းသားတွေရဲ့ အနေအထားတွေကိုတင်ပြ ပေးကြမှာဖြစ်ပါတယ်။တစ်နှစ်လုပ်လိုက်တိုင်း နောက်နှစ်မှာ ဘာလုပ် ကြမလဲဆိုတဲ့ လုပ်ငန်းစဉ်တစ်ခုကိုအမြဲချနိုင်ကြပါတယ်။ ဒီအဖွဲ့ အပြင် အခြားလုပ်ဖေါ်ကိုင်ဘက်အဖွဲ့  တွေကလည်း သူတို့ တွေ့ ရှိချက်တွေကို တင်ပြဆွေးနွေးပေးကြပါတယ်” ဟုပြောသည်။ ၁၉၆၉ နှစ်ကတည်းကစတင်ဖွဲ့ စည်းထူထောင်ခဲ့သော Asia Pacific Students and Youth Association အဖွဲ့သည်ယခင်နှစ်များက ကြီးမားသော ညီလာခံများအဖြစ်ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် အကျဉ်းချု့ံကျင်းပခဲ့ခြင်းဖြစ်သည်။ အခမ်းအနားစတင်ကျင်းပသည့်ဒီဇင်ဘာလ ၁၂ ရက်နေ့ တွင် နိုင်ငံတကာမှ ဖိတ်ကြားထားသော ကျောင်းသားနှုင့်လူငယ်ကိုယ်စားလှယ်များသာမက ဘန်ကောက်မြို့ ရှိ တက္ကသိုလ်အသီးသီးမှ စိတ် ၀င်စားသည့်ကျောင်းသားများပါလာရောက်လေ့လာခဲ့သဖြင့် ခန်းးလုံးပြည့်လူစည်ကားခဲ့သည်။ ဒုတိယနေ့ တွင် ကိုယ်စားလှယ်နှစ်ဆယ်ဝန်းကျင်ခန့် အစုလိုက်ခွဲ ဆွေးနွေးခဲ့ကြပြီ။ယနေ့ နောက် ဆုံးနေ့ တွင် ခေါင်းစဉ်တစ်ခုစီကို အုပ်စုခွဲ ဆွေးနွေးကြသည်။နောက်ဆုံးနေ့တွင် အယင်နှစ်ရက်ဆွေးနွေးခဲ့ကြသည့်အကြောင်းအရာများကို ပြန်လည်သုံးသပ်ကြမည်ဖြစ်ပြီး၊လာမည့်နှစ်တွေ့ဆုံဆွေးနွေးပွဲအတွက် အစဉ်အစီများရေးဆွဲကြ မည်ဖြစ်သည်။ ယခုနှီးနှောဖလှယ်ပွဲကို ဦးဆောင်သူတစ်ဦးဖြစ်သောဒေသဆိုင်ရာအတွင်းရေးမှူးအဖွဲ့ဝင် ဖိလစ်ပိုင်နိုင်ငံသားRey Asis က“ပြည်တွင်း ကကျောင်းသားတွေကိုဖိတ်ခေါ်ချင်ပေမယ့်၊သူတို့ တွေရဲ့ လုံခြုံရေးအခြေအနေအ၇မခေါ်တာပါ။ ဒါပေမယ့် ပြည်တွင်းကကျောင်းလာတက်နေတဲ့ကျောင်းသားတွေ၊ထိုင်းမြန်မာနယ်စပ်အခြေစိုက် ကျောင်းသားအဖွဲ့ ဝင်တွေ တက်ေ၇ာက်လာတဲ့အတွက် မြန်မာနိုင်ငံတွင်းက မြန်မာကျောင်းသား ထုရဲ့ ခံစားမှုတွေကို စာနာနားလည်ပါတယ်။ကျနော်တို့ တတ်နိုင်သမျှ ရိုင်းပင်းကူညီပေးသွားမှာပါ။ ကျနော်တို့ အဖွဲ့ ဟာ ဒေသတွင်းမှာရှိတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုစုဆောင်းရယူပြီးတော့ အကောင်းဆုံးဖြစ်အောင်ကြိုးစားကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းကကျောင်းသားတွေရဲ့ ပညာရေးအခြေအနေတွေ အထူးဆိုးဝါးနေတာကိုလည်း ကျနော်တို့ သိရှိပါတယ်”ဟုပြောသည်။ မြန်မာနိုင်ငံနှင့်အာရှဖစိဖိတ်ဒေသတွင်းကျောင်းသားများ၏အဆင့်အတန်းမှာ သတင်းနည်းပညာ နှင့်အင်တာနက်ဆက်သွယ်ရေးတို့ အပြင် သင်ကြားမှုအပိုင်းတို့ တွင် အထူးကွာခြားသွားပြီးဖြစ် ကြောင်း ဆွေးနွေးချက်များအရသိရှိရသည်။ ပြည်ပတက္ကသိုလ်များတွင် ကျောင်းသားတိုင်းကွန်ပျူတာလက်ဖ်တော့ကို ကိုယ်စီကိုင်တွယ်နိုင်ကြ အင်တာနက်ကို နေ၇ာမရွေး လွယ်ကူစွာသုံးစွဲနိုင်ကြသည်။ မြန်မာနိင်ငံတွင် အဆိုပါအခွင့်အရေးများကို စစ်ဗိုလ်ချုပ်မိသားစုနှင့်ထိပ်ပိုင်းခေါင်းဆောင်မိသားစု သားသမီးများသာရရှိသုံးစွဲနိုင်ပြီး သာမန် ပြည်သူများမှာ သုံးစွဲနိုင်ခြင်းမရှိပေ။ ထိုအချက်ကို နိုင်ငံတကာကျောင်းသားများကအထူးအံ့သြကြသည်။ အမည်မဖေါ်လိုသော မြန်မာကျောင်းသားတစ်ဦးက“ ကျနော်ထိုင်းမှာစီးပွားရေးဘာသာရပ်နဲ့ ကျောင်း တက်ပါတယ်။ ခု ကမ္ဘာစီးပွားရေးကျဆင်းမှုအနေအထားကို ခု ချက်ခြင်း ကျနော်တို့  ကျောင်းသား တွေ သင်ကြား နေကြရပါတယ်။ ငွေကြေးပြဿနာကို ရှင်းနေကြပါတယ်။ကျနော်တို့ မြန်မာ နိုင်ငံမှာကျတော့ လွန်ခဲ့တဲ့ နှစ်သုံးလေးငါးဆယ်က သင်ရိုးကိုပဲ အလွတ်ကျက် စာမေးပွဲဖြေစနစ်က မတက်နိုင်သေးပါဘူး။ ကျနော်တို့ ပြည်တွင်းကကျောင်းသားတွေအတွက် ကျနော်တို့ ဒီမှာသင်ကြား နေရတဲ့အနေအထားကိုပြချင်ပါတယ်။ လိုချင်တဲ့အချက်အလက်တွေကို စာကြည့်တိုက်မှာရှာမလား၊အင်တာနက်မှာရှာမလား၊မရှင်းလင်းတာကို ဆရာ နဲ့ အပြန်အလှန်ဆွေးနွေးပြီးအဖြေရှာမလား၊ကျောင်းးသားတွေ ၀ိုင်းဖွဲ့ ပြီးဆွေးနွေးမလား၊ကျနော်တို့ တိုင်းပြည်နဲ့ ဘာမှကိုမတူပါ ဘူး” ဟု စိတ်မကောင်းစွာပြောဆိုသွားသည်။ နိုင်ငံတကာကျောင်းသားများနှ့င့်လူငယ်များက ပညာရေးကိုဆုံးခန်းတိုင်အောင်သင်ကြားခြင်းမပြု နိုင်သောမြန်မာများ၏အနေအထားနှင့် ငွေကြေးအများအပြားအကုန်အကျခံသင်ကြားတတ်မြောက် ပြီးရရှိလာသော ဘွဲ့ မှာ မိမိဘ၀ရပ်တည်ရေးအတွက်မသေချာသဖြင့် အိမ်နီးချင်းနိုင်ငံများသို့  ရွေ့ ပြောင်းအလုပ်သမားဘ၀ဖြင့် နေ့ စဉ်ထွက်ခွာရခြင်းကို အထူးစိတ်မကောင်းဖြစ်မိကြောင်းပြောဆိုသွားကြသည်။
***ပေးပို့သူ-ဦးကျော်သောင်း (ဘန်ကောက်)***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)