မူလတန်းကျောင်းတစ်ကျောင်း၌ ဆရာမက ကျောင်းသား ကျောင်းသူများအား အိမ်တွင် တစ်နာရီကြာသည်အထိ ကျောင်းသင်ခန်းစာ ပြုလုပ်ရန် မှာကြားပြီး နောက်တစ်နေ့၌ အိမ်စာမလုပ်လာသည့် ကျောင်းသူလေးတစ်ဦးအား မေးလေသည်။
ဆရာမ။ ။ ဘာဖြစ်လို့ အိမ်စာမလုပ်လာတာလဲ။
ကျောင်းသူ။ ။ ဒီလိုပါဆရာမ။
ဆရာမ။ ။ ပြောစမ်း။
ကျောင်းသူ။ ။ ဆရာမက အိမ်စာလုပ်ချိန် တစ်နာရီ သတ်မှတ်ပေးထားတယ်လေ။
ဆရာမ။ ။ ဟုတ်တယ်။
ကျောင်းသူ။ ။ အိမ်စာလုပ်ဖို့ စာအုပ်ရှာတာ မိနစ် ၂၀-ကြာပါတယ်ရှင့်။
ဆရာမ။ ။ အင်း။
ကျောင်းသူ။ ။ စာအုပ်ရှာမတွေ့လို့ ဖေဖေနဲ့ မေမေကိုပြောပြတာ ၁၅-မိနစ်ကြာပါတယ်ဆရာမ။
ဆရာမ။ ။ အင်း။
ကျောင်းသူ။ ။ အိမ်စာလုပ်ဖို့ စာအုပ်တွေ့ပြီး ဘောပင်မတွေ့လို့ရှာတာ ၁၅-မိနစ် ကြာပါတယ်။
ဆရာမ။ ။ အင်း။
ကျောင်းသူ။ ။ ဘောပင်ရှာတွေ့ပြီး အိမ်စာလုပ်ဖို့ပြင်ဆင်တာက ၁၀-မိနစ်ကြာသွားပါတယ်။
ဆရာမ။ ။ အင်း။
ကျောင်းသူ။ ။ အဲဒါ အချိန်ပေါင်းကြည့်လိုက်တော့ တစ်နာရီဖြစ်သွားတယ်။ ဒါကြောင့် သတ်မှတ်ချိန်ပြည့်သွားလို့ အိမ်စာမလုပ်တော့တာပါ ဆရာမ။
ဆရာမ။ ။ `ဘာ´
***ဆရာမ။ ။ ဟုတ်တယ်။

*** ဘ၀အမောပြေ မှ တင်ဆက်သည်***
***(ဟာဒယနှလုံး- တခဏပြုံး)***

No comments:
Post a Comment