(ကိုင်ရို၊ ဒီဇင်ဘာလ ၁၃-ရက်)
ပါရှန်ဘုရင် ဒုတိယမြောက်ကမ်ဘစ်ဆက် ဦးဆောင်သည့်တပ်မှ တပ်ဖွဲ့ဝင်တို့၏ ရုပ်ကြွင်းများကို အီဂျစ်နိုင်ငံ၌ တူးဖော်တွေ့ရှိရသည်ဟု အီဂျစ်အရာရှိများက ဒီဇင်ဘာလ ၁၂-ရက်နေ့တွင် ပြောကြားသည်။ အီဂျစ်နိုင်ငံ၌ အီရန်နိုင်ငံ၏ သမိုင်းဝင် အမွေအနှစ်များ ရှာဖွေတွေ့ရှိခြင်းသည် ယဉ်ကျေးမှု အမွေအနှစ်များဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ရှင်သန်းစေလိမ့်မည်ဟု တီဟီရန်ရှိ အီဂျစ်ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များဆိုင်ရာ ဌာနအကြီးအကဲ အာလီဒင်ဟာဆန်ယူဆက်က ပြောကြားသည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀၀-က သဲမုန်တိုင်း အကြီးအကျယ်ကျရောက်ခဲ့သဖြင့် အီရန်တပ်ဖွဲ့ဝင် ၅၀၀၀၀-ခန့် သဲဖုံးသေဆုံးခဲ့ရာမှ ကျန်ရစ်ခဲ့သည့် ရုပ်ကလာပ်များဖြစ်ဟန် ရှိသည်ဟု ဆိုသည်။ (အင်တာနက်)
*** သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့အရှေ့မြောက်ပိုင်း အေဒီ ၁-ရာစုခန့်က အနုပညာပစ္စည်းများရှာဖွေတွေ့ရှိ***
သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀၀-ခန့်အကွာ အနုရာဒါပူရာအရပ်၌ အေဒီ ၁-ရာစုခန့်က ရှေးဟောင်းအနုပညာလက်ရာ ပစ္စည်းအချို့ကို သုတေသနပညာရှင်များက ဒီဇင်ဘာလ ၁၃-ရက်နေ့၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** တူရကီနိုင်ငံ မြောက်ပိုင်းကမ်းလွန်၌ ပနားမားသင်္ဘောနစ်မြုပ်***
တူရကီနိုင်ငံ မြောက်ပိုင်းကမ်းလွန်ပင်လယ်နက်တွင် ဒီဇင်ဘာလ ၁၃-ရက်နေ့က ပနားမားကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ရာ သင်္ဘောသား ၁၂-ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ၂-ဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)***စုစည်းဘာသာပြန်- မောင်ချစ်ကြည်***
*** အာဖဂန်နစ္စတန်၌ A(H1N1) ရောဂါဖြင့် ၁၇-ဦးသေဆုံး***
(ကဘူးလ်၊ ဒီဇင်ဘာလ ၁၃-ရက်)
အာဖဂန်နစ္စတန်နိုင်ငံ၌ A(H1N1) တုပ်ကွေးရောဂါဖြင့် သေဆုံးသူဦးရေမှာ ၁၇-ဦးအထိ ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၃-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ထို့ပြင် A(H1N1) ရောဂါကူးစက်ခံရသူများတွင် အမျိုးသား ၈၅၃-ဦးနှင့် အမျိုးသမီး ၄၀-ဦးတို့ပါဝင်ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း ရောဂါကူးစက်ခံရသည့် နိုင်ငံခြားသားဦးရေကိုမူ သတင်းထုတ်ပြန်ခြင်း မရှိကြောင်း သိရသည်။ (ဆင်ဟွာ)
*** တာဗိုဂျက်အဲယားဘတ်စ် အေ ၄၀၀-အမ်လေယာဉ် စပိန်၌ ပထမဆုံး စမ်းသပ်ပျံသန်း***
(မဒရစ်၊ ဒီဇင်ဘာလ ၁၃-ရက်)
ကမ္ဘာ့အကြီးဆုံး စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လေယာဉ်များအနက် တစ်စင်းအပါအ၀င်ဖြစ်သော အေ ၄၀၀-အမ်အမျိုးအစား လေယာဉ်ကို စပိန်နိုင်ငံတွင် ဒီဇင်ဘာလ ၁၁-ရက်နေ့က ပထမဆုံး စမ်းသပ်ပျံသန်းခဲ့သည်။ ၄၅ ဒသမ ၁-မီတာရှည်သော အဆိုပါလေယာဉ်သည် ကုန်ချိန် ၃၇-တန်ကို တင်ဆောင်နိုင်ပြီး ကီလိုမီတာ ၃၂၉၅-မှ ၆၃၉၀-အကြား အကွာအဝေးကို ပျံသန်းနိုင်စွမ်းရှိသည်။ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ ဗြိတိန်၊ တူရကီ၊ ဘယ်လ်ဂျီယ့၊ မလေးရှားနှင့် လူဇင်ဘတ်နိုင်ငံတို့က လေယာဉ်တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၁၄၇-သန်းဖြင့် ၁၈၄-စင်းအား ၀ယ်ရန် ကြိုတင်အမှာစာများပို့ထားသည်ဟု သိရသည်။ (အင်တာနက်)
***စုစည်းဘာသာပြန်- မောင်မောင်ဆွေ***
*** အီရန်တပ်ဖွဲ့ဝင်များ၏ ရှေးဟောင်းရုပ်ကြွင်းများ အီဂျစ်နိုင်ငံ၌ တူးဖော်တွေ့ရှိ***

No comments:
Post a Comment