ရေခဲသေတ္တာတွင် အမျိုးသမီး ပုံများကပ်ထားသည်ကိုတွေ့၍ ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်သမီးဖြစ် သူက မိခင်နော်ဒီဂရန်ကိုမေးသည်။
`မေမေ… ဒီပုံတွေက ဘာလုပ်တာလဲဟင်´
`မေမေ… ဒီပုံတွေက ဘာလုပ်တာလဲဟင်´
`အော်… ဒါလား… ရေခဲသေတ္တာဖွင့်တိုင်း အဲဒီမင်းသမီးပုံတွေမြင်မယ်။ ဒါဆိုသူတို့လို ကိုယ်ခန္ဓာမျိုးဖြစ်ဖို့ ဆန္ဒရှိလာမယ်။ ဒီတော့ အစားကိုလျော့စားမိမှာပေါ့သမီးရဲ့´
`ဒါဆို မေ့မေ့ရဲ့ ကိုယ်အလေးချိန်ကျသွားရဲ.လားဟင်´
`အမေ့ရဲ့ ကိုယ်အလေးချိန် ကျမကျတော့ မသိပါဘူးကွယ်။ ဒါပေမယ့် မင်းအဖေကတော့ ပေါင် ၂၀-လာက် တိုးလာတယ်ကွယ့်…´။
မှတ်ချက်။ ။ နိုင်ငံတကာဟာသများထဲမှ….(အိတ်တင်း) ဘာသာပြန်သည်။
***(ဟာဒယနှလုံး- တခဏပြုံး)***

No comments:
Post a Comment