(ဒါကာ၊ ဇန်န၀ါရီလ ၁၀-ရက်)
ဘင်္ဂလားဒေ့ရှ်အစိုးရသည် (၁၈)ကြိမ်မြောက် အမျိုးသားကာကွယ်ဆေးတိုက်နေ့အတွင်း အသက် ၅-နှစ်အောက် ကလေးငယ် ၂၂-သန်းကျော်ကို ဇန်န၀ါရီလ ၁၀-ရက်နေ့မှ စတင်၍ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ အသက် ၅-နှစ်အောက် ကလေးငယ်တိုင်းကို ပိုလီယိုကာကွယ်ဆေးနှစ်စက်တိုက်ကျွေးပြီး အသက် ၁၂-လမှ ၅၉-လအတွင်းရှိ ကလေးငယ်များကိုေီတာမင်အေ ဆေးတောင့်တစ်လုံးစီနှင့် အသက် ၂၄-လမှ ၅၉-လအတွင်းရှိ ကလေးငယ်များကို ဒီ-၀မ်းဆေးပြားတစ်ပြားစီ တိုက်ကျွေးသည်ဟု သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၀၆-ခုနှစ် နိုဝင်ဘာလ ၂၂-ရက်မှစတင်ကာ ပိုလီယိုကင်းစင်သော နိုင်ငံအဖြစ် အောင်မြင်စွာ ရပ်တည်နိုင်ခဲ့သည်။ (ဆင်ဟွာ)
*** ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စတင်ရန် ပါလက်စတိုင်း ငြင်းပယ် ***
(ဂါဇာ၊ (ရာမာလာ) ဇန်န၀ါရီလ ၁၀-ရက်)
တုန့်ဆိုင်းနေသော ပါလက်စတိုင်း-အစ္စရေးဆွေးနွေးမှုများကို ကြိုတင်စည်းကမ်းချက်သတ်မှတ်မထားဘဲ ပြန်လည်စတင်ရန် အမေရိကန်ပြည်ထောင်စု၏ မေတ္တာရပ်ခံချက်ကို ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့(ပီအင်န်အေ)က ဇန်န၀ါရီလ ၉-ရက်နေ့တွင် လက်မခံဘဲ ငြင်းပယ်လိုက်သည်။ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုဆလင်တို့ရှိ မတင်မကျဖြစ်နေသော လူနေအိမ်များကိစ္စ ဖြေရှင်းပေးရန်လည်း ပီအင်န်အေက တောင်းဆိုသည်။ ထိုအတောအတွင်း ဆွေးနွေးပွဲပြန်လည်စတင်ရေး မည်သည့်တောင်းဆိုချက်ကိုမဆို လက်မခံဘဲ ဆန့်ကျင်ရန် ဂါဇာကမ်းမြောင်ဒေသအာဏာရ အစ္စလာမွစ်ဟာမတ်စ် လှုပ်ရှားမှုအဖွဲ့က ပီအင်န်အေ ကိုသတိပေးလိုက်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အစ္စရေးနိုင်ငံသည်သာ အကျိုးကျေးဇူး ခံစားရမည်ဆိုသည်ကိုလည်း ဟားမတ်စ်အုပ်စုက သတိပေးလိုက်ကြောင်း သတင်းရရှိသည်။ (အင်တာနက်)
*** တရုတ်စီးပွား ဖွံ့ဖြိုးမှု ပြည်ပပို့ကုန်ကဏ္ဍ ထိပ်ဆုံးမှ နေရာယူလျက်ရှိ ***
(ပေကျင်း၊ ဇန်န၀ါရီလ ၁၀-ရက်)
ကမ္ဘာတစ်ဝန်း စီးပွားရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေချိန်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုသည် ဦးမော့လျက်ရှိပြီး ပြည်ပပို့ကုန်ကဏ္ဍ၌ ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိနေသည်။ ၄င်းနိုင်ငံ၌ ယခင်နှစ် ဇန်န၀ါရီလမှ အောက်တိုဘာလအထိ ပြည်ပပို့ကုန်ပမာဏတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇ ထရိလီယံသို့ ရောက်ရှိခဲ့သည်။ ယင်းမှာ ဂျာမနီနိုင်ငံ၏ ပြည်ပပို့ကုန်ပမာဏတန်ဖိုးထက်ပိုခဲ့ကြောင်း ဇန်န၀ါရီလ ၈-ရက်တွင် အေအက်ဖ်ပီ သတင်းဌာနက ထုတ်ပြန်ကြေညာသည်။ (အင်တာနက်)
*** ရေနံရောင်းချရေးဆွေးနွေးပွဲ သဘောတူညီချက်မရ ***
ရေနံဖြန့်ဖြူးရောင်းချရေး ပြဿနာနှင့် ပတ်သက်၍ ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့အကြား ဆွေးနွေးပွဲတွင် နှစ်နိုင်ငံသဘောတူညီချက် တစ်စုံတစ်ရာ မရရှိသဖြင့် ဒုတိယ၀န်ကြီးချုပ် ဗလာဒီမာဆီမာရှက်၏ကို ဦးဆောင်သည့် ဘီလာရုစ်ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့မှ ဇန်န၀ါရီလ ၉-ရက်နေ့က ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်ဟု ရုရှားမီဒီယာက ဖော်ပြသည်။ (အင်တာနက်)
စုစည်းဘာသာပြန်- မောင်မောင်ဆွေ ***
*** ပိုလီယိုကာကွယ်ဆေး ဘင်္ဂလားဒေ့ရှ်၌ တိုက်ကျွေး ***

No comments:
Post a Comment