တစ်ခါတုန်းက လေယာဉ်ပျံတစ်စင်းပေါ်မှာ ဟီလာရီကလင်တန်ရယ်၊ ဂျော့ဒဗလျူဘုရှ်ရယ်၊ ပြင်သစ်သမ္မတ ဆာကိုဇီရယ်၊ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးရယ်၊ ချာတိတ်တစ်ယောက်ရယ် လိုက်ပါလာပါတယ်။ အဲဒီအချိန်မှာ လေယာဉ်ပျံက စက်ချွတ်ယွင်းပြီး ပျက်ကျမလိုဖြစ်တယ်။ လေထီးကလည်း လေးလုံးပဲပါတယ်။ ဒီနေရာမှာ `ဘယ်သူအရင်ခုန်ဆင်းမလဲ´လို့ ရင်ခုန်စရာပေါ့။ အဲ… ခဏနေတော့ ဟီလာရီကလင်တန်က သူက အားနွဲ့တဲ့ မိန်းကသားမို့လို့ အရင်ဆုံးဆင်းပါရစေဆိုပြီးတော့ လေထီးတစ်လုံးကို ဖွင့်ပြီး ဆင်းသွားပါတယ်။ အဲဒီနောက်မှာ ဂျော့ဒဗလျူဘုရှ်က- `ကျုပ်က ကမ္ဘာပေါ်မှာ စမတ်အဖြစ်ဆုံးလူဗျ။ လူတိုင်းက ကျုပ်ကို လိုအပ်တယ်။ ဒါကြောင့် ကျုပ်ဆင်းပြီဗျာ´ ဆိုပြီး ခုန်ဆင်းသွားတယ်။
အဲဒီနောက် ဆာကိုဇီကလည်း ပြင်သစ်ဘာသာနဲ့ ဘာတွေ ပြောမှန်းမသိပြောဆိုပြီး လေထီးယူပြီး ဆင်းသွားပြန်ပါရော။ ဒီအခါမှာ ဘုန်းတော်ကြီးနဲ့ ချာတိတ်ကလေးပဲ ကျန်တော့တယ်။ ဒီအချိန်မှာ ဘုန်းတော်ကြီးက `သားရယ်၊ ကျန်တဲ့ လေထီးတစ်လုံးကို မင်းယူပြီး ဆင်းပါတော့ကွာ၊ ဘဘုန်း သေရမှာ မကြောက်ပါဘူးကွာ´လို့ ကလေးကို ပြောသတဲ့။ ဒီအခါမှာ ကလေးက `အာ… ဘဘုန်းဘုရားကလည်း၊ ဘာတွေ ပြောနေတာလဲ။ တပည့်တော်တို့ နှစ်ယောက်စလုံး တပြိုင်တည်း ခုန်ဆင်းလို့ ရပါတယ်´လို့ ပြန်ပြောသတဲ့။ ဘုန်းတော်ကြီးက နားမလည်ဘူးဖြစ်သွားတယ်။ ချာတိတ်က ရှင်းပြပါတယ်။ `လေထီးနှစ်လုံး ကျန်ပါသေးတယ် ဘဘုန်းရဲ့။ ဟို-စမတ်သိပ်ကျတယ်ဆိုတဲ့ လူကြီးက သားရဲ့ ကျော်ပိုးအိတ်ကို လေထီးထင်ပြီး ယူချသွားလို့လေ…´
မှတ်ချက် ။ ။ ရန်ကုန်တိုင်း တိုင်း(မ်)၊ ၂၀၁၀-ခုနှစ် ဇန်န၀ါရီလမှ ကူးယူဖော်ပြပါသည်။
*** (ဟာဒယနှလုံး- တခဏပြုံး)***

No comments:
Post a Comment