အမည်မသိတိုက်ခိုက်ရေးသမားများက ဆီဒင်နိုင်ငံရှိဆော်ဒီအာရေဗျသံရုံးပြတင်းပေါက်မှနေ၍ လက်လုပ်ဗုံးဖြင့်ဇန်န၀ါရီလ ၈ရက်နေ့ ညပိုင်းကပစ်သွင်းတိုက်ခိုက်ခံရကြောင်း အင်တာနက်သတင်းတရပ်မှာဖော်ပြသည်။ အဆိုပါတိုက်ခိုက်မှုအတွင်း တစုံတဦးမျှထိခိုက် ဒဏ်မရသည့်အပြင်အပျက်အစီးလည်းမရှိကြောင်း ဆော်ဒီအာရေဗျသတင်းဌာနကထုတ်လွှင့်သည်။ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဆီဒင်နိုင်ငံ အစိုးရက စုံစမ်းစစ်ဆေးလျှက်ရှိကြောင်းသိရသည်။ (အင်တာနက်)
** အမျိုးသမီးတစ်ဦးနှလုံးခုန်ရပ်ပြီးမှ ပြန်လည်အသက်ရှင်လာခဲ့ **
ဆိုက်ပရပ်စ်နိုင်ငံတွင်အသက် (၃၄)နှစ်အရွယ်အမျိုးသမီးတဦးသည် (၁၅)မိနစ်ကြာနှလုံးခုန်ရပ်သွားပြီးနောက် ပြန်လည်အသက်ရှင် လာသည်ဟုဆိုက်ပရပ်စ်အစိုးရဆေးရုံမှဆရာဝန်များက ဇန်န၀ါရီလ ၁၁ရက်နေ့တွင်သတင်းထုပ်ပြန်သည်။ အဆိုပါအမျိုးသမီးသည်အ ရေးပေါ်ဗိုက်ခွဲပြီးကလေးမွေးဖွားစဉ် သွေးလန့်ကာသူမ၏နှလုံးခုန်ရပ်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (အင်တာနက်)
** နယူးဇီလန်နိုင်ငံမှကမ္ကာ့အသက်အကြီးဆုံးယာဉ်မောင်းအဘိုးအို **
နယူးဇီလန်နိုင်ငံရှိလမ်းများပေါ်တွင် မောင်းနှင်သွားလာနေသောလိုင်စင်ရယာဉ်မောင်း ( ၃ဒဿ ၂-သန်း)အနက် ၄၀၀၀နီးပါးသည်အ သက် ၉၀(၀ါ) ၉၀ကျော်အဘိုးအိုများဖြစ်ကြသည်။ ယင်းတို့အနက်ယာဉ်မောင်း (၇)ဦးမှာအသက် ၁၀၀-ကျော်သူများဖြစ်ကြပြီး“အီလန်နွိုင်း” ဆိုသူအဘိုးအိုသည် အသက် (၁၀၄)နှစ်ရှိကာအသက်အကြီးဆုံးအဘိုးအိုဖြစ်သည်။ (အင်တာနက်)
** စားသောက်ကုန်များတွင်မီးခိုးကျပ်တိုက်နံ့ ထည့်သွင်းမှုအား ဥရောပသမဂ္ဂနိုင်ငံများမှစိစစ်..**
(ပါးမား - အီတလီ၊ ဇန်န၀ါရီလ ၁၂ရက်)
ဥရောပသမဂ္ဂနိုင်ငံများတွင်မီးခိုးကျပ်တိုက်နံ့သင်းထုံသောစားသောက်ကုန် (၁၁)မျိုးကိုအန္တရာယ်ရှိ၊ မရှိဆိုခြင်းအားဥရောပစားသောက်ကုန်အန္တရာယ်ကင်းရှင်းရေးအာဏာပိုင်အဖွဲ့ကစိစစ်ခဲ့ကြောင်းတာဝန်ရှိသူများက
ပြောကြားသည်။ အသား၊ ငါး၊ ဒိန်ခဲစသောစားသောက်ကုန်များတွင်မီးခိုးနံ့ထည့်သွင်းခြင်းသည် စားသုံးသူများကိုဘေးဥပဒ်ဖြစ်စေနိုင်သည်ဟုဆို၏။ (အင်တာနက်)
** ရုရှားသံတမန်တစ်ဦး ဂရင်းလန်းကျွန်း၌ပျောက်ဆုံးလျက်ရှိဟုဆို **
(မော်စကို၊ ဇန်န၀ါရီလ ၁၂ရက်)
ရုရှားသံတမန်တစ်ဦးသည် ဒိန်းမတ်နိုင်ငံပိုင် ဂရင်းလန်းကျွန်းသို့အားလပ်ရက်ခရီးထွက်နေစဉ် ပျောက်ဆုံးသွားခဲ့သည်ဟုတာဝန်ရှိသူ များကဇန်န၀ါရီလ ၉ရက်နေ့မှာပြောကြားခဲ့သည်။ ဂျာမနီနိုင်ငံအနောက်ပိုင်း၊ ဖရန်ဖတ်မြို့ရှိကောင်စစ်ဝန်ရုံး၌တာဝန်ထမ်းဆောင်နေသူ “အာဒဲလ်ဘိုရီဆိုဗ်” ပျောက်ဆုံးနေသည်ဟုရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကအတည်ပြုခဲ့ကြောင်း အီတာတာ့(စ်)သတင်းဌာနက ဖော်ပြသည်။ (အင်တာနက်)
** စုစည်းဘာသာပြန-်မောင်မောင်ဆွေ **
္ဂ** ဆွီဒင်နိုင်ငံရှိဆော်ဒီသံရုံးတိုက်ခိုက်ခံရ **

No comments:
Post a Comment