မြို့ငယ်လေးတစ်မြို့မှ ရဲအရာရှိတယောက်သည် အရှိန်ပြင်းစွာမောင်းလာသော ကားမောင်းသူအားဖမ်း ဆီးလိုက်သည်။ ကားမောင်းသူက-- “ကျနော်ရှင်းပြပါရစေ” ဟုပြောသော်လည်း ရဲအရာရှိက - “တိတ် တိတ်နေစမ်းကွာ၊ မင်းဘာမှပြောမနေနဲ့။ စခန်းမှူးလာတဲ့အထိ မင်းစောင့်ပေတော့။” ဆိုကာအချုပ်ထဲ ထည့်လိုက်သည်။
(ကားမောင်းသူ) ကျနော်တခုပြောပါရစေ၊
(ရဲအရာရှိ) ဟေ့ကောင်၊ မင်းဘာမှမပြောနဲ့လို့ငါပြောထားတာ ကြားလား၊ မင်းဘာမှမပူနဲ့ထောင်ကျမှာဧ ကန်ပဲဟေ့။
နာရီအနည်းငယ်ကြာပြီးနောက် ရဲအရာရှိပြန်ရောက်လာပြီး ယခုလိုပြောလိုက်သည်။ “အေး . . .မင်းကံ ကောင်းတယ်မှတ်ထား၊ စခန်းမှူးးကသူ့သမီးမင်္ဂလာဆောင်သွားနေတယ်။ သူပြန်လာရင်ပျော်ရွှင်လာမှာ ဆိုတော့ . . .”
“တော်တော့ဗျာ၊ ဆက်မပြောနဲ့တော့၊ ကျုပ်ကစခန်းမှူးသမီးနဲ့မင်္ဂလာဆောင်မဲ့သတို့သားဗျ၊”
မှတ်ချက်။ ။ မြင့်ဆွေဦး၏ဟာသများမှ . . .။
***(ဟာဒယနှလုံး - တခဏပြုံး)***

No comments:
Post a Comment