အဝေးပြေးလမ်းမကြီးပေါ်တွင်အရှိန်ပြင်းစွာ မောင်းနှင်လာသော မော်တော်ယာဉ်တစီးကို ယာဉ်ထိန်းရဲ ကရပ်တန့်စေပြီး ဖမ်းဆီးလိုက်၏။
(ယာဉ်ထိန်းရဲ) ဟေ့လူ-- နောက်ကနေကျနော်ကို လိုက်လာပြီးရပ်ဖို့သတိပေးတာ၊ အချက်ပြမီးနဲ့ဥဩ သံကို ခင်ဗျားသတိမမူဘူးလားဗျ၊
(မောင်းနှင်သူ) ကျနော်သိပါတယ်၊
(ယာဉ်ထိန်းရဲ) ဒါဆိုရင်--ခင်ဗျားဘာဖြစ်လို့ချက်ချင်းကားရပ်မပေးတာလဲ။
(မောင်းနှင်သူ) ဒါကဒီလိုရှိပါတယ်။ အရင်လတုန်းက ကျနော်.့ဇနီးဟာ ယာဉ်ထိန်းရဲတယောက်နဲ့လိုက် ပြေးခဲ့ပါတယ်။ အခုတခါတော့ အဲဒီရဲကကျနော့ဇနီးကိုပြန်လာပို့တယ်ထင်လို့ပါ။
မှတ်ချက်။ ။ မြင့်ဆွေဦး၏တွေးခေါ်ရေးသားမှုကို ပြန်လည်ဖေါ်ပြပါသည်။
***(ဟာဒယနှလုံး - တခဏပြုံး)***

No comments:
Post a Comment