ဆန်းဒါးလန်းနည်းပြ စတိဘရုစ်သည် ၀ီဂန်အသင်းမှ ပေါင်ခုနစ်သန်းတန် ဘယ်နောက်ခံလူ ဖီဂွိယိုအာကို ခေါ်ယူလိုပြီး ၄င်းအားခေါ်ယူနိုင်ရေးအတွက် ကွင်းလယ်ကစားသမား ကီရန်ရစ်ချက်ဆန်ကို ထုတ်ရောင်းမည်ဖြစ်ကြောင်း ဒေးလီးစတားသတင်း၌ ဖော်ပြသည်။ (အင်တာနက်)
*** ဘင်ဖီကာမှ ဂိုမက်ဇ်အား ဆန်းဒါးလန်း ခေါ်ယူရန် ပြင်ဆင် ***
ဘင်ဖီကာအသင်းမှ ပေါ်တူဂီတိုက်စစ်မှူး နူနိုဂိုမက်ဇ်အား ဆန်းဒါးလန်းအသင်းက ကမ်းလှမ်းခေါ်ယူရန်ပြင်ဆင်လျက်ရှိကြောင်း သည်ဆန်းသတင်းတွင် ဖော်ပြသည်။ (အင်တာနက်)
*** ခံစစ်မှူးကဘူးလ်အား လိုင်လီက ပေါင် ၁၀-သန်းဖြင့် ကမ်းလှမ်းလို ***
ပြင်သစ်အသင်းလိုင်လီက ပို့စ်မောက်ခံစစ်မှူး ယွန်နက်စ်ကဘူးလ်အား ပြောင်းရွှေ့ကြေး ပေါင် ၁၀-သန်းဖြင့် ကမ်းလှမ်းခေါ်ယူရန် စာချုပ်လိုကြောင်း ငွေကြေး အကျပ်အတည်းကြုံနေသော ပို့စ်မောက်အသင်းကလည်း ယင်းကမ်းလှမ်းချက်ကို လက်ခံရန် ဆန္ဒရှိနေကြောင်း ဒေးလီးမေရာ၌ ဖော်ပြသည်။ (အင်တာနက်)
*** ပက်ဗလူချင်ကိုအား ခေါ်ယူရေး စွန့်လွှတ်လိုက်ပြီ ***
စပါးတိုက်စစ်မှူး ရိုမန်ပတ်ဗလူချင်ကိုအား ခေါ်ယူစာချုပ်ရေး ကြိုးပမ်းမှုကို နောက်ဆုတ်လိုက်ပြီဖြစ်ကြောင်း ရုရှားအသင်း ဇင်းနစ်စိန့်ပီတာဇဘတ်ဂ်က ဖွင့်ဟပြောကြားခဲ့သည်ဟု သည်ဂါးဒီးယန်းတွင် ဖော်ပြသည်။ (အင်တာနက်)
***စုစည်းဘာသာပြန်-ချစ်စိုးနိုင်***
*** ၀ီဂန်မှ ဘယ်နောက်ခံလူကို စတိဘရုစ်ခေါ်ယူလို ***

No comments:
Post a Comment