(မော်စကို၊ ဇန်န၀ါရီလ ၁၉-ရက်)
ရုရှားအနေဖြင့် ညူကလီးယား လက်နက်လျှော့ချရန် နောက်ထပ်သဘောတူညီချက်ရရှိရေးကိစ္စနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံနှင့် ဆွေးနွေးသည့်အခါ မိမိတို့ရုရှားနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားလုံခြုံမှုကို အခိုင်အမာကာကွယ်ရပ်တည် ဆွေးနွေးသင့်ကြောင်း ရုရှားလွှတ်တော်ခေါင်းဆောင်များက ဇန်န၀ါရီလ ၁၆-ရက်နေ့တွင် သတိပေးပြောကြားသွားသည်။ (အင်တာနက်)
*** အိန္ဒိယ ၀ါရင့်ခေါင်းဆောင် အသက် (၉၅)နှစ်တွင် ကွယ်လွန်***
(နယူးဒေလီ၊ ဇန်န၀ါရီလ ၁၉-ရက်)
အနောက်ဘင်္ဂလားပြည်နယ် ၀န်ကြီးချုပ်အဖြစ် နှစ် ၂၀-ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သော အိန္ဒိယ၀ါရင့်ခေါင်းဆောင် ဂျိုတီဘာဆုသည် အသက် (၉၅)နှစ်အရွယ်တွင် ကွယ်လွန်သွားသည်။ အိန္ဒိယနိုင်ငံရေး သမိုင်းတွင် သြဇာအာဏာအရှိဆုံးဝန်ကြီးအဖြစ် အချိန်အကြာဆုံး ထမ်းဆောင်ခဲ့သည့် ဂျိုတီဘာဆုသည် ကိုလ်ကတ္တားမြို့တွင် ဇန်န၀ါရီလ ၁၇-ရက်နေ့က နာတာရှ ည် ရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။ (အင်တာနက်)
*** ဂျီ-၂၀ အုပ်စုတွင် ယူရိုဇုန်ကို ထည်းသွင်းသင့် ***
ယူရိုဇုန်ကိုနိုင်ငံ ၂၀-အုပ်စု (ဂျီ-၂၀) ကမ္ဘာ့အင်အားကြီး စီးပွားရေးနိုင်ငံများအုပ်စုတွင် ထည့်သွင်းသင့်ကြောင်း၊ စီးပွားရေးမူဝါဒများကို ပိုမိုရင်းနှီးစွာ ညှိနှိုင်းသင့်ကြောင်း ယူရိုအုပ်စုဥက္ကဌလူဇင်ဘတ်ဝန်ကြီးချုပ် ဂျိန်းကလောဒီဂျန်ကာက သတင်းထောက်များအား ပြောကြားသည်။ (အင်တာနက်)
*** ဘရာဇီး ညူစွမ်းအင်စက်ရုံ ပြန်တည်ဆောက်မည် ***
ဘရာဇီးနိုင်ငံသည် တတိယမြောက် ညူကလီးယားဓာတ်အားပေးစက်ရုံကို ၂၄-နှစ်ကြာ ရပ်ဆိုင်းထားခဲ့ပြီးနောက် လာမည့် ဖေဖော်ဝါရီလတွင် ပြန်လည်စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ဘရာဇီးညူကလီးယားစွမ်းအင်ကုမ္ပဏီ အီလက်ထရိုညူကလီးယားက ကြေညာသည်။ (အင်တာနက်)
*** ၂၀၀၉-ခုနှစ်အတွင်း သြစတြီးယား၌ ရာဇ၀တ်မှုများပြား***
၂၀၀၉-ခုနှစ်တွင် သြစတြီးယားနိုင်ငံ၌ ရာဇ၀တ်မှုအရေအတွက် နှစ်အလိုက်တိုးတက်မှု ၃ ဒသမ ၃-ရာခိုင်နှုန်းရှိကာ ရာဇ၀တ်မှုစုစုပေါင်း ၅၉၁၆၀၀-မှု ဖြစ်ပွားခဲ့ကြောင်း ဖက်ဒရယ်ရာဇ၀တ်မှုဆိုင်ရာ ရဲတပ်ဖွဲ့ရုံးက ဇန်န၀ါရီလ ၁၈-ရက်တွင် သတင်းထုတ်ပြန်သည်။ ၂၀၀၉-ခုနှစ်သည် သြစတြီးယားရဲများအတွက် အလွန်ခက်ခဲသည့် နှစ်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။ (အင်တာနက်)
***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***
***ညူလက်နက် လျှော့ချရေး ဆွေးနွေးသည့်အခါ ရုရှားအကျိုးစီးပွား အခိုင်အမာရပ်တည်ရန်လို ***

No comments:
Post a Comment