***ငယ်စဉ်က ၀မ်းဗိုက်မကြာခဏ နာတတ်သည့်ကလေးများအရွယ်ရောက်ချိန်တွင် ကျောက်ကပ်ဝေဒနာခံစားရနိုင်ဟုဆို ***
ဝမ်းဗိုက်နာလေ့ရှိသော ကလေးငယ်သည် အရွယ်ရောက်ချိန်တွင် ကျောက်ကပ်၌ ကျောက်တည်နိုင်ကြောင်း အမေရိကန်ဆေးသိပ္ပံပညာရှင်များ၏ သုတေသနပြုချက်၌ ဖော်ပြထားသည်။ အသက် ၃-နှစ်အရွယ်ကလေးငယ် ၁၀၀-ခန့်အား ၁၀-နှစ်ကြာ သုတေသနပြုခဲ့ရာ ငယ်စဉ်က ၀မ်းဗိုက်မကြာခဏ နာလေ့ရှိသော ရင်သွေးငယ်များဖြစ်နေတတ်ကြောင်း
စမ်းသပ်စစ်ဆေးတွေ့ရှိရသည်ဟု ၄င်းတို့၏ သုသေနသနပြုချက်၌ ဖော်ပြထားသည်။ သို့သော်လည်း အချို့ကလေးများတွင် ဆီးသွားသည့်အခါ သွေးပါခြင်းနှင့် ၀မ်းဗိုက်နာဖြင်း ဝေဒနာတို့ မခံစားရဘဲ ကျောက်ကပ်ဝေဒနာ ဖြစ်ပွားတတ်သည့် ကလေးငယ်များ တွေ့ရကြောင်းသိရသည်။ ထို့ကြောင့် ရင်သွေးငယ်များ မကြာခဏ ၀မ်းဗိုက်နာလေ့ရှိပါက သတိပြုသင့်ကြောင်း အမေရိကန် ဆေးသိပ္ပံပညာရှင်များက ပြောကြားသည်။ (အင်တာနက်)
***Public Health***

No comments:
Post a Comment