ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, January 20, 2010

ယာယီပတ်စ်ပို့ လုပ်ခဈေးကြီး၍အလုပ်သမားများအခက်ကြုံ

>
ဇန္န၀ါရီ ဇန်န၀ါရီလ ၂၀-ရက်
ထိုင်းနိုင်ငံဘန်ကောက်မြို အနီးစမုတ်စာခွန်ခရိုင် မဟာ ချိုင်နယ်မြေက ထုန်ဘန်မြို့ အောပသောခယ်လိုင် အမှတ် ၁၄၁ နယ်မြေအမှတ် ၁၁ ရှိ အိမ်သာကြွေခွက် ထုတ်လုပ်သည့် နစကိုကုမ္ပဏီ Nasco Sonitary ware Thailand Co,ltd မှမြန်မာအလုပ်သမားများမှာ ယာယီ ပတ်စ်ပို့ လုပ်ခကြီးမြင့် သဖြင့်အခက်ကြုံ နေကြရ သည်။ ယာယီပတ်စ်ပို့ လုပ်ကိုင်ရန် စက်၇ုံမှ အစည်းအဝေး ခေါ်ယူခဲ့စဉ်က အမှန်တကယ်ကုန်ကျမည့် ငွေနှင့် အသက်သာ ဆုံးလုပ်ပေးမည့် ပွဲစားကုမ္ပဏီနှင့် ဆက်သွယ်လုပ်ပေးရန် ပြောဆိုခဲ့သည်။ ယာယီပတ်စ်ပို့ လုပ်ရန်အတွက် လစဉ်ဘတ်၂၀၀၀စီဖြတ်တောက်လာခဲ့သည်။ ယခုလုပ်ပြီးသောအခါ ဘတ်ငွေ ၇၀၀၀ ကုန်ကျခဲ့သည်။ ထို့ နောက် အလုပ်လုပ်ကိုင်ခွင့်(work permit)အတွက် တစ်နှစ်ကို ဘတ်သုံးထောင်နှင့် ၂ နှစ်ကို ဘတ် ၅၀၀၀ ပေးရမည်ဖြစ်ကြောင်းပြောလာခဲ့သည်။

ကိုယ်တိုင်ယာယီပတ်စပို့ လက်ဝယ်ရှိပြီးသူဖြစ်သော ကိုဝိုင်းက“လုပ်ပုံကိုင်ပုံက မဟုတ်ဘူးဗျ။ မလုပ်မနေရ
လုပ်ရပြီးတော့ အလုပ်ရုံက စည်းကမ်းထိမ်းသိမ်းရေး နဲ့ မန်နေဂျာနဲ့ လုပ်တိုင်းခံနေရတဲ့သဘောရှိနေပါတယ်
အလုပ်သမားတစ်ယောက်ကို ဘတ်၁၂၀၀၀ အထိ ကုန်ကျမှ အလုပ်ဆက်လုပ်လို့ ရမယ့်သဘောဖြစ်နေပါ
တယ်။ ကျနော်တို့ ဘာကိုစားပြီးနေရမလဲ၊ပြီးတော့ မြန်မာပြည်ကမိသားစုတွေကို ပြန်လည်းပို့ နိုင်တော့မှာ
မဟုတ်ဘူး”ဟုပြောသည်။
မြန်မာအလုပ်သမား၁၆၀ ခန့် ရှိသော အဆိုပါ အိမ်သာကြွေခွက် အလုပ်ရုံတွင် တစ်နေ့ ကိုလုပ်ခ ၂၀၃ဘတ်
စီရရှိကြသည်။ငွေမကြေသေးသည့်အလုပ်သမားများကို စာအုပ်မပေးသေးပဲ၊ဘတ်ငွေ ၁၂၀၀၀ ကျေပြီးမှ
ယာယီပတ်စပို့ အားမြန်မာအလုပ်သမားများကိုင်ဆော င်ခွင့်ပေးသည်။
ယာယီပတ်စပို့ လုပ်ကိုင်ပြီးစီးထားသူနောက်တစ်ဦးဖြစ်သည့် ကိုစည်သူမိုးက“ မလုပ်ရင် မနေရတော့တဲ့
အနေအထားမျိုးဖြစ်နေတော့ ကျနော်တို့ လုပ်ရတာပေါ့၊အမှန်တကယ်ကုန်ကျမယ့်ငွေက နယ်စပ်ကိုအသွား
အပြန် ကားခရယ်၊မြန်မာအစိုးရကို ကျပ်ငွေ၃၀၀၀ ဆိုတော့ ဘတ် ၁၀၀ ။ပြီးတော့ထိုင်းကိုပြည်ဝင်ခွင့်တုံးထု
ခဘတ်၅၀၀ ဒါပဲကုန်မှာ အားလုံးကားခနဲ့ မှဘတ် နှစ်ထောင်ကျော်ပေါ့။ခုဟာက ပတ်စပို့ ပွဲစားကုမ္ပဏီတွေ၊မြန်မာပွဲစား
တွေအပြင် ကျနော်တို့ ရုံက ထိုင်းအလုပ်သမားခေါင်း(၀ဏ္ဏ)နဲ့ မန်နေဂျာ။အဲဒီလို အဆင့်ဆင့် ကျနော်တို့ အ
ပေါ်မှာခေါင်းပုံဖြတ်အမြတ်ကြီးစားနေကြတယ်။ ကျနော်တို့ မြန်မာအ လုပ်သမားတွေကို ယာယီပတ်စပို့ 
မလုပ်မနေရလုပ်ရမယ်ဆိုရင်လည်း မြန်မာအစိုးရက ကိုယ့်နိုင်ငံကသန်းချီရှိတဲ့ မြန်မာအလုပ်သမားတွေကို အသက်သာဆုံးနည်းလမ်းနဲ့ လာပြီးတော့လုပ်ပေးစေချင်ပါတယ်။ဒီလိုဆိုရင် ကျနော်တို့ အလုပ်သမားတွေ
သက်သာမယ်လို့ ထင်ပါတယ်” ဟုပြောသည်။
ထိုင်းနှင့်မြန်မာအစိုးရတို့ နှစ်နိုင်ငံအစိုးရတို့ သဘောတူညီချက်အ၇အကောင်အထည်ဖေါ်နေသောလုပ်ငန်းစဉ်
အတွင်း နယ်စပ်သုံးနေရာတွင်သွားရောက်ပြီးယာယီပတ်စပို့ လုပ်ကိုင်ပြီးစီးသူများမျာသောင်းကဏန်းသာရှိသေး
သည်။
မြန်မာအလုပ်သမားများ၏ပြကတိအနေအထားနှင့်အခက်အခဲများကိုအစိုးရ၂ရပ်လုံးကလျစ်လျူရှ့ ပြီးကြားခံ
ကုမ္ပဏီများနှင့်ပွဲစားများကိုလုပ်ကိုင်ခွင့်ပေးခဲ့သည်။
လာမ ည့်ဇန္န၀ါရီလ ၂၂ ရက်တွင်း ယာယီပတ်စပို့ သွားလုပ်မည့်အလုပ်သမား ၂၀ ကျော်အထဲမှ၊ ကိုလတ်က “ဒီလောက်များတဲ့ငွေကိုဘယ်လိုတတ်နိုင်မှာလဲ၊အသိတွေဆီကတစ်ဆင့် တစ်ရာကိုတစ်ဆယ်တိုးနဲ့ ချေးပြီးလုပ်ရတာပေါ့။
မလုပ်မဖြစ်လို့ လုပ်ရမယ်ဆိုရင်လည်း၊ယာယီပတ်စပို့ ဆိုရင်လည်းယာယီပတ်စပို့ ၊နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်)ဆို
လည်းဘတ် ။တစ်ခုဆိုရင်တော်ပြီးပေါ့ဗျာ။ခုဟာက ကျနော်တို့ အားလုံး အခက်အခဲကြုံရတော့တာပေါ့။ကျနော်တို့ 
ရဲ့အနေအထားကလုပ်ရင်လုပ်၊မလုပ်ရင်ပြ န်၊အဲဒီလိုဖြစ်နေတာ၊ကျနော်တို့ အလုပ်ရုံက သူဌေးကိုကျနော်တို့ တင်ပြဖို့ ဆိုတာဘယ်လို မှမဖြစ်နိုင်ဘူးလေ။ကြားမှာအဆင့်တွေအများကြီးကျန်သေးပါတယ်”ပြောသည်။

ယာယီပတ်စပို့ လျှောက်ထားသည့်ဖေါင်တင်ထားသည့်မြန်မာအလုပ်သမားများကိုသာအလုပ်သမားဝန်ကြီးဌာနမှာ ရှိပြီးသားစာရင်းအရ သက်တမ်းတိုးပေးဖြစ်ကြောင်း၊လျှောက်ထားဆဲလူများအား(ဘတ်)၂နှစ်သက်တမ်းတိုးပေး
မည်ဖြစ်ကြောင်း ထိုင်းအစိုးရက တရားဝင်ကျေညာထားပြီးဖြစ်သည်။
ဖြည့်စွက်ပြီးသော ပုံစံများကို သက်ဆိုင်ရာမြို့နယ် အလုပ်သမားရုံးမှ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ မြန်မာသံရုံးနှင့် ထိုမှတစ်ဆင့်
မြန်မာအစိုးရသို့ ရောက်ရှိမည်ဖြစ်ပြီး နိုင်ငံသားဟုတ်မဟုတ် စစ်ဆေးပြီးမှ ယာယီပတ်စ်ပို့ ပြုလုပ်နိုင်သည့် လူစာရင်းကို ထိုင်းနိုင်ငံသို့ ပြန်ပို့မည်
ဖြစ်သည်။၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ထိုင်းဝန်ကြီးများ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ၊
ဖေဖေါ်ဝါရီလနှင့် မတ်လ သို့မဟုတ် ဇွန်လတွင် အလုပ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးသော ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်
သက်တမ်း တိုးမြှင့်ခြင်းကို ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် နေထိုင်အလုပ်လုပ်ကိုင်ခွင့်(့ဘတ်)လုပ်ငန်းစဉ်တွင်၊ မြန်မာအလုပ်သမားများထံမှ တစ်နှာစာ
ကုန်ကျမည့် လုပ်ကိုင်ခွင့်နှင့်ကျမ္မာရေးစောင့်ရှောက်ခများအပြည့်အ၀ ယှူု၍လုပ်ပေးခဲ့သော်လည်း မြန်မာအလုပ်သမား
များနေထိုင်ခွင့်ရရှိခဲ့သည်မှာ ၈လာသာရှိသည်။ထို့ ကြောင့် မြန်မာအလုပ်သမား ၃သိန်းဘတ်လုပ်လိုက်လျှင် လူတစ်သိန်း
အတွက် ထိုင်းအစိုးရက မတရားဖြတ်ယူခဲကြောင်းအလုပ်သမားအရေးဆောင်ရွက်သည့်အဖွဲ့ တခုက ထောက်ပြခဲ့သည်။
*** သတင်း-ဦးကျော်သောင်း (ဘန်ကောက်)***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)