ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, January 20, 2010

ဇန်န၀ါရီလအတွင်း နိုင်ငံတကာထူးခြားသတင်းများ...

> *** အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သော ပလတ်စတစ်အရုပ်များ အဆိပ်သင့်စေနိုင်***
(နယူးဒေလီ၊ ဇန်န၀ါရီလ ၁၈-ရက်)
အိန္ဒိယနိုင်ငံမှ ထုတ်လုပ်ရောင်းချသော ကလေးကစားစရာ ပလတ်စတစ်ရုပ်များတွင် အဆိပ်ဖြစ်စေတတ်သော ဓာတ်တစ်မျိုးပါဝင်နေကြောင်း၊ ယင်းအဆိပ်ကြောင့် ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ရောဂါဖြစ်စေနိုင်ပြီး မျိုးပွား မှုစနစ်ကို ထိခိုက်စေနိုင်ကြောင်း သိပ္ပံနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန (စီအက်စ်အီး)က ၄င်းတို့၏ သုတေသနပြုလုပ်ချက် စာတမ်းတွင် ဖော်ပြထားသည်။ (အင်တာနက်)

*** ဟေတီငလျင်ဒုက္ခသည်များ ဆေးဝါးရိက္ခာများ လိုအပ် ***
(ပို့အော်ပရင့်စ်၊ ဇန်န၀ါရီလ ၁၈-ရက်)
ဟေတီနိုင်ငံမှ မြေငလျင် ဒုက္ခသည်များမှာ အစားအစာ၊ ရေနှင့် ဆေးဝါးပစ္စည်းများရရှိရေး လိုအပ်လာသည့်အတွက် မြို့တော် ပို့အော်ပရင့်စ်သို့ ကယ်ဆယ်ရေးပစ္စည်းများရောက်မလာလျှင် အခြေအနေပိုဆိုးသွားနိုင်ကြောင်း၊ ကယ်ဆယ်ရေးပစ္စည်းများ ဒုက္ခသည်များထံ ဆောလျင်အဆင်ပြေစွာ ရောက်ရှိရေး ကူညီပေးရန်လိုအပ်ကြောင်း ကယ်ဆယ်ရေးလုပ်သားများနှင့် အချို့သော ဟေတီအရာရှိများက ပြောကြားသည်။ (အင်တာနက်)

*** ပါကစ္စတန်- အီရန်နယ်စပ်ဒေသ၌ တရားမ၀င်ရောက်ရှိသူများအား ဖမ်းဆီးမိ***
(တီဟီရန်၊ ဇန်န၀ါရီလ ၁၈-ရက်)
ပါကစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်း တာ့ဖ်တန်နယ်စပ်ဒေသတွင် ဥရောပနိုင်ငံမှ မသမာသူများ တူရကီနိုင်ငံမှတစ်ဆင့် ဖြတ်ကျော်ဝင်ရောက်သဖြင့် ယင်းနယ်စပ်ဒေသ၌ တရားမ၀င်လာရောက်သူ ၁၈-ဦးအား အီရန်လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးနိုင်ငံခဲ့ကြောင်း ဇန်န၀ါရီလ ၁၆-ရက်နေ့၌ ပြည်နယ်မီဒီယာက သတင်းထုတ်ပြန်သည်။ ၂၀၀၂-ခုနှစ်နှင့် ၂၀၀၇-ခုနှစ်အတွင်း ပါကစ္စတန်နယ်စပ်ဒေသမှ တရားမ၀င် ၀င်ရောက်လာသူ ၄၀၀၀၀-ကျော်အား အီရန်နိုင်ငံမှ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း အဆိုပါသတင်း၌ ဖော်ပြသည်။ ပါရှန်ပင်လယ်ကွေ့မှ လှေများဖြင့် အီရန်နိုင်ငံ ဆိပ်ကမ်းမြို့များသို့ ၀င်ရောက်ခြင်းနှင့် အီရန်နယ်စပ်ဒေသများမှ ကုန်းလမ်းခရီးဖြင့် ဖြတ်ကျော်ကာ လူမှောင်ခိုကူးမှုဖြင့် ၀င်ရောက်လျက်ရှိသည်။ သို့ဖြစ်ရာ အီရန်နိုင်ငံအတွင်း တရားမ၀င်ရောက်ရှိမှုများကို နှိမ်နင်းရန် ဆောင်ရွက်လျက်ရှိသည်။ (အင်တာနက်)

*** ဂျီ-၂၀ ထိပ်သီးအစည်းအဝေး ဖေဖော်ဝါရီလတွင်း ကျင်းပမည်***
ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို တောင်ကိုရီးယားနိုင်ငံ အင်ချွန်ဆိပ်ကမ်းမြို့၌ ဖေဖော်ဝါရီလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ဇန်န၀ါရီလ ၁၈-ရက်နေ့တွင် ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)

*** အာဂျင်တီးနားကမ်းလွန်၌ အင်အား ၆ ဒသမ ၃ ရှိ ငလျင်လှုပ်***
အာဂျင်တီးနားကမ်းလွန်တွင် ဇန်န၀ါရီလ ၁၇-ရက်နေ့က အင်းအားရစ်ခ်ျတာစကေး ၆ ဒသမ ၃-ရှိ မြေငလျင်လှုပ်သွားကြောင်း၊ ထိခိုက်သေကျေဒဏ်ရာရရှိသူနှင့် ပျစ်စီးဆုံးရှုံးမှု မရှိကြောင်း အာဂျင်တီးနားမြို့ ပြကာကွယ်ရေးဦးစီးဌာနက ကြေညာသည်။ (အင်တာနက်)

*** တရုတ်အနောက်တောင်ပိုင်း၌ ငလျင်လှုပ်၍ ၃-ဦးသေဆုံး ***
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်တောင်ပိုင်း ကွီချောင်ပြည်နယ်တွင် ဇန်န၀ါရီလ ၁၇-ရက်နေ့က အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၀ ရှိ မြေငလျင်လှုပ်သွားသဖြင့် ၃-ဦးသေဆုံးသွားကြောင်း ဒေသဆိုင်ရာအစိုးရက ကြေညာသည်။ (အင်တာနက်)

***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***

*** အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သော ပလတ်စတစ်အရုပ်များ အဆိပ်သင့်စေနိုင်***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)