မြန်မာစာပေယဉ်ကျေးမှုရဲ့ ရှေ့ဆောင်ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်တဲ့ လူထုဦးလှ၏ အသက် ၁၀၀-ပြည့် (ရာပြည့်နှစ်) အောက်မေ့ဘွယ်အခမ်းအနားတစ်ရပ်ကို ယမန်နေ့ ညပိုင်းက ထိုင်း-မြန်မာနယ်စပ်တနေရာမှာ စာပေချစ်သူတွေ စုပေါင်းပြီး ကျင်းပခဲ့ကြပါတယ်။ ဒီလိုကျင်းပရာမှာ ဆရာကြီး လူထုဦးလှရဲ့ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ နိုင်ငံ ရေး စတာတွေကို ထိုင်း-မြန်မာနယ်စပ်ရောက် စာရေးဆရာ၊ ကဗျာဆရာ အချို့က ဂုဏ်ပြုပြောဆိုခဲ့ကြပါတယ်။
ဆရာကြီး လူထုဦးလှ အကြောင်းပြောရင် အမေမာ(လူထုဒေါ်အမာ)ရဲ့ အကြောင်းရော မပါဘူးလားလို့ မမေးနဲ့လေဗျာ။ စွယ်တော်ရွက်ပမာ ယှဉ်တွဲနေတဲ့ ဂုဏ်ယူစရာ၊ စံပြုအတုယူဘွယ်ရာ သူတို့ဇနီးမောင်နှံရဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ဘယ်ရွေ့၊ ဘယ်မျှ အထိသယ်ပိုးခဲ့သလဲ ဆိုတာကို ကျနော်တို့တတွေ ပြောလို့ မကုန်နိုင်ကြဘူးထင်ပါတယ်။ ဒါပေမယ့် မြန်မာဆန်ဆန် ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်ကြော်လေးကို ရေနွေးလေး၊ ကော်ဖီလေးနဲ့ မြည်းကြရင်း မနေ့ညပိုင်းက ဘယ်ပုံ ဘယ်နည်း ကျင်းပခဲ့ကြသလဲဆိုတာ ဟောဒီမှာ တစ်ချက်ကြည့်လိုက်ပါမိတ်ဆွေ…..။
သတင်းမှတ်တမ်း- မြန်မာပြည်သား

No comments:
Post a Comment