(ဇန်န၀ါရီလ ၂၀-ရက် ၂၀၁၀) ယခုလ စောစောပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ ခရစ်ယာန် ဘရားရှိခိုးကျောင်း (၁၁)ခု၊ အစ္စလာမ်ဗလီ (၁)ခုနှင့် ဟိန္ဒူဘုရားကျောင်း (၁)ခုတို့ကို တိုက်ခိုက်ခဲ့သူများဟု ယူဆရသူ မလေးရှား အစ္စလာမ်မစ်အစွန်းရောက်သမား (၈)ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ (VOA)
(ဇန်န၀ါရီလ ၁၉-ရက်၊ ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင်အုပ်ချုပ်ရေးမှူးက `လူမှုရေး အဖွဲ့အစည်း´ အမည်ခံ တရားမ၀င်မြန်မာအဖွဲ့အစည်းများကို စုံစမ်းစစ်ဆေးပြီး နေရပ်ပြန်ပို့မည်ဖြစ်ကြောင်း ၄င်းအဖွဲ့ အစည်းများထဲတွင် ကျန်းမာရေးနှင့် ပညာရေးလုပ်ငန်းဆောင်ရွက်နေသူများကိုမူ ဆက်လက် လက်ခံပြီး လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ယနေ့နံနက်သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောကြား သွားကြောင်း သတင်း ရရှိ သည်။ (BBC)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပါအ၀င် `ကမ္ဘောဒီးယားနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)´ပြုလုပ်ရန် အထောက်အကူရရှိခြင်းအလို့ငှာ အလုပ်လုပ်ခွင့် သက်တမ်းကို နောက်ထပ် ၂-နှစ်တိုးမြှင့်လိုက်ကြောင်း၊ ယနေ့မှလာမည့် ၂၀၁၂-ခုနှစ် ဖေဖော်ဝါရီလ ၂၈-ရက်အတွင်း ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ကြရမည်ဖြစ်ကြောင်း ယနေ့ကျင်းပသော ထိုင်းဝန်ကြီးများကောင်စီ အစည်းအဝေးက ဆုံးဖြတ်ချက် ချမှတ်ပေးလိုက်ပြီဖြစ်သည်။ (VOA)
ဖြစ်ရပ်-၃။ ။ လူထုချစ်သမျှ- လူထုဦးလှ၏ ရာပြည့်နှစ် အောက်မေ့ဘွယ် အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ညပိုင်းက ကျင်းပရာ စာပေချစ်သူ (၆၀)ခန့် တက်ရောက်ပြီး ဂုဏ်ပြုခဲ့ကြကြောင်း ထိုင်း-မြန်မာနယ်စပ်ရောက် စာရေးဆရာ၊ ကဗျာဆရာ အချို့ကလည်း လူထုဦးလှနှင့် စပ်လျဉ်းသော စာပေလက်ရာအချို့ကို အမှတ်တရ ပြောဆို ဂုဏ်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သား)
(ဇန်န၀ါရီလ ၁၈-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အရှေ့တောင်ဘက် မယ်ကုကျေးရွာရှိ ဟန်ထိုင်းသိုးမွှေးစက်ရုံမှ တာဝန်ရှိသူများက အလုပ်သမားများအား အခုလောလောဆယ်ဆယ် တနေ့လျှင် ဟင်းဖိုး ၂၀ ဘတ် ယူပြီး လုပ်ငန်းခွင်အတွင်း အလုပ်မရှိဘဲ နေထိုင်ကြရန်နှင့် မိမိတို့ စက်ရုံကိုလည်း ၃ လခန့် ယာယီပိတ်ထားမည်ဖြစ်သည်ဟု ပြောဆိုကြောင်း သတင်းရရှိသည်။ အလုပ်သမားများကမူ မကြာမီ လာတော့ မည့် ပတ်စ်ပို့ဗီဇာ ကိစ္စနှင့် တရုတ်နှစ်သစ်ကူး ပွဲတော်တွင် ၄င်းတို့သုံးဖြုန်းရန် အစီအစဉ်ကြောင့် စက်ရုံ၏ လုပ် ငန်းများ ယာယီရပ်ဆိုင်းထားခြင်းဖြစ်သည်ဟု ထင်မြင်ကြကြောင်း သိရသည်။
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တောင်ဘက် ကီလိုမီတာ ၅၀-အကွာရှိ ဖုတ်ဖရားမြို့နယ် မယ့်အော်ကျေးရွာရှိ ထိုင်းကျေးရွာလူကြီးတစ်ဦးအား DKBA က စစ်သား ၃-ဦးလာရောက်ကာ ဇန်န၀ါရီလ ၁၅-ရက်နေ့၌ ပစ်ခတ်သွားကြောင်း၊ ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေကြောင်း၊ ပစ်ခတ်ခဲ့သူ DKBA ၃-ဦးမှာ နယ်စပ်မျဉ်းကို ဖြတ်ကျော်ကာ မြန်မာပြည်ဘက်သို့ ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။ (BBC)
ဖြစ်ရပ်-၃။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တနေရာတွင် အသက် (၄)လသားအရွယ် ထိုင်းကလေးငယ်တစ်ဦး သေဆုံးသွားပြီး ၄င်းကို ထိန်းရသူ မြန်မာအိမ်ဖော်အလုပ်သမတစ်ဦးမှာလည်း ပျောက်ဆုံးနေကြောင်း၊ ကလေးငယ်သေဆုံးရမှုနှင့် အိမ်ဖော်တို့မှာ ဆက်စပ်ပတ်သက်မှုရှိ၊ မရှိကိုမူ စစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။ (BBC)
(ဇန်န၀ါရီလ ၁၆-ရက် ၂၀၁၀) ရုပ်သေးနှီးနှောဖလှယ်ပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါနှီးနှောဖလှယ်ပွဲတွင် မြန်မာ၊ ထိုင်းနှင့် အမေရိကတို့မှ ရုပ်သေးပညာရှင်များ တက်ရောက်ပြီး အမြင်ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (DVB)
(ဇန်န၀ါရီလ ၁၅-ရက်၊ ၂၀၁၀) ထိုင်းနိုင်ငံ အာစရိယနေ့ အကြိုလှုပ်ရှားမှုအဖြစ် ကနေဒါနိုင်ငံမှ ကွန်ပါစီအို အဖွဲ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ စီဒီစီ အထက်တန်းကျောင်းတွင် မျက်လှည့်ဖျော်ဖြေပွဲများ လာ ရောက်ပြု လုပ်ခဲ့ကြောင်းသတင်း ရရှိသည်။ (မြန်မာပြည်သား)
(ဇန်န၀ါရီလ ၁၄-ရက်၊ ၂၀၁၀) ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် ထဆောင်ယန်းမြို့နယ်အတွင်း ထွက်ပြေး ခိုလှုံ လာသော မြန်မာပြည်မှ စစ်ပြေးဒုက္ခသည်များကို နေရာချထားရေးအတွက် တာ့(ခ်)ခရိုင် ဒုတိယအုပ်ချုပ် ရေးမှူး က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ (BBC)
(ဇန်န၀ါရီလ ၁၃-ရက်၊ ၂၀၁၀) အမေရိကန်နှင့် ထိုင်းနိုင်ငံတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာမည့် ဖေဖော် ၀ါရီလ (၁)ရက်နေ့တွင် (ကော်ဘရာဂိုးလ်-၈)ကို ပြုလုပ်ရန် ရှိကြောင်း၊ ယခုနှစ်တွင်မူ တောင်ကိုရီးယားနိုင်ငံမှ တပ်ဖွဲ့များလည်း ပူးပေါင်း ပါဝင်မည်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီနှင့် ပရာချွတ်တို့တွင် ကျင်းပမည် ဖြစ်ပြီး စုရပ်မှာ ရနောင်းခရိုင် အတွင်းတွင် ဖြစ်ကြောင်း တာဝန်ရှိသူများက ယနေ့ ထုတ်ဖော်ပြောကြားသည်။ (BBC)
(ဇန်န၀ါရီလ ၁၂-ရက်၊ ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တောင်ပိုင်း ချွန်ဘူရီခရိုင် တနေရာတွင် အရက်မူးနေသော ထိုင်းအလုပ်သမားတစ်ဦးက အသက် (၁၃)နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း တရားခံကို ချွန်ဘူရီရဲစခန်းက ဖမ်းဆီးထားပြီဖြစ်ကြောင်း သတင်းရရှိသည်။ (BBC)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံတွင် ဆော်ဒီအာရေဖျလူမျိုး လုပ်ငန်းရှင်တစ်ဦးကို သတ်ဖြတ်မှုဖြင့် ထိုင်းနိုင်ငံသားတစ်ဦးကို ရုံးတင်တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ (BBC)
(ဇန်န၀ါရီလ ၁၁-ရက်၊ ၂၀၁၀) ထိုင်းနိုင်ငံ တောင်ပိုင်း ချုံဖော်ခရိုင်အနီး ဆီအုန်းခြံတစ်ခုတွင် ထိုင်းနိုင်ငံထဲသို့ တရားမ၀င် ၀င်ရောက်လာသော မြန်မာအလုပ်သမား (၃၀)ဦးကို ဒေသခံစစ်တပ်က ယမန်နေ့က ဖမ်းဆီးရမိကြောင်း၊ ၄င်းတို့ကို ရနောင်းမှ တဆင့် မြန်မာပြည်ဘက်ကမ်း (ကော့သောင်း)မြို့သို့ ပြန်ပို့လိုက်ကြောင်း သတင်းရရှိသည်။ (BBC)
(ဇန်န၀ါရီလ ၉-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက်ရှိ ဖုတ်ဖရားမြို့နယ်အတွင်းတွင် ထိုင်းပညာရေးဌာန MOE မှ ကြီးမှူးကျင်းပသော ထိုင်းကလေးများနေ့အခမ်းအနားနှင့် ပျော်ပွဲ ရွှင်ပွဲကိုလည်းကောင်း၊ ဤနေ့မှာပင် တိုင်းရင်းသားအလုပ်သမားကျန်းမာရေးနှင့် ပညာပေးရေးအစီအစဉ် (MAP)ဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပသော ဖုတ်ဖရားမြို့နယ် ၃၅-ကီလိုမီတာကျေးရွာရှိ မြန်မာအလုပ်သမား မိသားစုဝင် ကလေးများအတွက် ပျော်ပွဲရွှင်ပွဲကို လည်းကောင်း၊ ယနေ့အသီးသီးကျင်းပကြသည်ကိုတွေ့ရသည်။ (မြန်မာပြည်သား)
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော် ဆင်ခြေဖုံးတနေရာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုအတွင်းသို့ အစ္စလာမ်မစ် အကြမ်းဖက်သမားအချို့က လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းကာ တိုက်ခိုက်ခဲ့ကြောင်း မည်သူမျှ အထိအခိုက်မရှိခဲ့ကြောင်း သတင်းရရှိသည်။ ယခုရက်များအတွင်း လူနည်းစု ခရစ်ယာန်ဘာသာဝင်တို့က ထုတ်ဝေသော ဘာသာရေးစာစောင်များတွင် `အလ္လာ´ဟူသော ဝေါဟာရ ခေါ်ဝေါ်အသုံးပြုနေမှုကို မလေးရှားတရားရုံးချုပ်က ခွင့်ပြုပြီးနောက် လူများစု အစ္စလာမ်ဘာသာဝင်များအတွင်းမှ အကြမ်းဖက်သမားတို့က တိုက်ခိုက်ခဲ့ပုံရကြောင်း ပြောဆိုနေသော်လည်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်ကမူ ဤသို့ ဘာသာရေးအဆောက်အအုံတစ်ခုကို အကြမ်းဖက်တိုက်ခိုက်မှုကို လက်မခံကြောင်း၊ လက်သည်တရာခံကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ရှုတ်ချပြောဆိုထားသည်။ (RFA)
(ဇန်န၀ါရီလ ၈-ရက် ၂၀၁၀) မလေးရှားနိုင်ငံတွင် အစ္စလာမ်ဘာသာဝင် မဟုတ်သူများက သူတို့၏ ဘုရား `အလ္လာ´အား ခေါ်ယူသုံးစွဲနေသူများနှင့် ခရစ်ယာန်ဘာသာဝင် လူနည်းစုနှင့် လူများစုအစ္စလာမ်ဘာသာဝင် များအကြား ပဋိပက္ခများပေါ်ပေါက်လျက်ရှိပြီး တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုများ ရှိနေကြောင်း သိရ သည်။ ပြီးခဲ့သော ရက်များအတွင်းက လူနည်းစုခရစ်ယာန်ဘာသာဝင်များက `အလ္လာ´ဟူသော ခေါ်ဝေါ်သုံး စွဲမှုကိုမူ မလေးရှားတရားရုံးချုပ်က ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။ (RFA)
(ဇန်န၀ါရီလ ၄-ရက် ၂၀၁၀) ယနေ့ကျရောက်သော ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ရိုးမ ၃ သတင်းဌာန၏ `၁၂-နှစ်မြောက် ဖြတ်သန်းခြင်း´အမှတ်တရပွဲကို ယင်းသတင်းဌာန အခြေစိုက်ရာ နေရာ၌ ယနေ့ကျင်းပကြသည်ကို တွေ့ရသည်။
(ဇန်န၀ါရီလ ၃-ရက် ၂၀၁၀) ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ ပြောင်းအလုပ်သမားများအတွက်မနက်ဖြန်(ဇန်န၀ါရီလ - ၄ ရက်)နေ့ မှစပြီးချင်းမိုင်မြိ့၌တက္ကသိုလ်တခုကိုစတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်းသတင်းရရှိသည်။ဤသင်တန်းကို
မြန်မာရွှေ့ပြောင်းအလုပ်သမားများတက်ရောက်ခြင်းအားဖြင့်နိုင်ငံတကာတက္ကသိုလ်များတွင်တက်ရောက်
်သင်ကြားခွင့်ရရှိရန်အထောက်အကူရရှိရေးအတွက်ရည်ရွယ်လျက်(၂)နှစ်ကြာအခမဲ့သင်တန်းအဖြစ်စီစဉ်ထား
ကြောင်းဒါရိုက်တာဦးသိန်းဝင်းကပြောဆိုသည်။(RFA)
(ဇန်န၀ါရီလ ၂-ရက် ၂၀၁၀)ဖြစ်ရပ်-၁။ ။မလေးရှားနိုင်ငံဆာရာဝပ်ပြည်နယ်တနေရာတွင်ရေနစ်နေသောမလေးအမျိုး
သမီးတဦးကိုကယ်တင်ရန်ကြိုးပမ်းခဲ့သောတောင်ကိုရီးယားနိုင်ငံသား (၂)ဦးသည်ရေနစ်သေဆုံးခဲ့ကြောင်း။မူလရေနစ်
ခဲ့သောအမျိုးသမီးကိုကယ်ဆယ်ရေးအဖွဲ့ ကကူညီနိုင်သဖြင့်ယခုအခါပြန်လည်နလန်ထူလာပြီဖြစ်ကြောင်းသတင်းရရှိ
သည်။(RFA)
ဖြစ်ရပ်-၂။ ။ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် သွားရောက်ပူးပေါင်းသွားခြင်းသည်
၎င်းတို့တပ် အခြေစိုက်သည့် ဒေသခံ ရွာသားများက ဆက်သွယ်ပေးမှုကြောင့် ဖြစ်သည်ဟု ဆိုကာ ယနေ့အထိနည်းမျိုးစုံဖြင့်
DKBA မှ နှိပ်စက်လျက်ရှိကြောင်း သတင်းရရှိသည်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မကြာသေးမီက DKBA တပ်ရင်း (၉၀၈)မှ တပ်ဖွဲ့ဝင် အချို့သည် KNU နှင့် သွားရောက်ပူးပေါင်းခဲ့သည်။ (KIC)
ဖြစ်ရပ်-၃။ ။ ထိုင်းနိုင်ငံတောင်ပိုင်းယာလာပြည်နယ်တနေရာတွင်ကင်းလှည့်နေသောထိုင်းစစ်သား (၃)သည်အစ္စလမ်မစ်
စစ်သွေးကြွများ၏လက်ပစ်ဗုံးဒဏ်ကြောင့်သေဆုံးသွားကြောင်းသတင်းရရှိသည်။(RFA)
(ဇန်န၀ါရီလ ၁-ရက် ၂၀၁၀) ထိုင်းအလုပ်သမားများအာ: `နှစ်သစ်ကူးလက်ဆောင်´အနေဖြင့် ယနေ့တွင် အနိမ့်ဆုံး လုပ်ခလစာသစ်ကို စတင်ထုတ်ပေးမည်ဖြစ်သည်။ အနိမ့်ဆုံးလုပ်ခအနေဖြင့် ဘန်ကောက်နှင့် ဆွတ်ပရခန်း ဒေသတွင် တစ်နေ့လျှင် ၂၀၆-ဘတ်၊ ချင်းမိုင်တွင် ၁၇၁-ဘတ်၊ ဖူးခက်တွင် ၂၀၄-ဘတ်၊ အယုဒ္ဓယမှာ ၁၈၁-ဘတ်၊ ခွန်ကန်န်တွင် ၁၅၇-ဘတ်၊ ရနောင်းတွင် ၁၅၇-ဘတ်နှင့် ဆာရာဘူရီတွင် ၁၈၄-ဘတ်တို့ဖြစ်သည်။ (နေ့သစ်)

No comments:
Post a Comment