အသက်(၈၀)အရွယ် ဇနီးမောင်နှံ နှစ်ဦးတို့သည် သူတို့၏ နှစ် (၆၀)ပြည့် လက်ထက်မင်္ဂလာ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အထူးညစာကို ပြင်ဆင်ကာ စားသုံးရန် စားပွဲ၌ထိုင်ကြပြီး အောက်မေ့ဖွယ်စကားများ ပြောကြားလေသည်။
ဇနီးသည်။ ။ စပြီးလက်ထပ်ခဲ့တဲ့နေ့ကို သတိရလိုက်တာနော်…
ခင်ပွန်း ။ ။ အင်း… ဟုတ်တယ်။
ဇနီးသည်။ ။ အဲဒီနေ့က သတို့သားဝတ်စုံနဲ့ ရှင်သိပ်လိုက်ဖက်တာ… မျက်စိထဲ မြင်ယောင်နေမိတယ်…။

ခင်ပွန်း။ ။ အသက်ငယ်သေးတာကိုး…။
ဇနီးသည်။ ။ အဲဒီနေ့က ကျမရော လှရဲ့လား…။
ခင်ပွန်း။ ။ အင်း… လှတာပေါ့…။
ဇနီးသည်။ ။ မင်္ဂလာပွဲကိုလာတဲ့ ပရိသတ်တွေလည်း အများကြီးနော်… ကျမဖြင့် ပျော်လိုက်တာ…။
ခင်ပွန်း။ ။ အင်း…
ဇနီးသည်။ ။ စကားနည်းလိုက်တာ… ဘာတွေတွေးပြီးနေတာလဲ ပြောပါဦး။
ခင်ပွန်း။ ။ သြော်… ဘယ်လိုစိတ်ကူးနဲ့များ မင်းကိုလက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာ ပြန်စဉ်းစားနေလို့…။
ဇနီးသည်။ ။ `ဘာ´
မှတ်ချက်။ ။ ဘ၀အမောပြေမှ ကူးယူဖော်ပြသည်။
***(ဟာဒယနှလုံး- တခဏပြုံး)***

No comments:
Post a Comment