ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း၊ ဗမာဆိုတဲ့ လူမျိုးအားလုံးဟာ ပြည်နယ်နှင့် တိုင်း ၁၄-ခုအတွင်းမှာ နေထိုင်ခဲ့ကြတဲ့ ပြည်ထောင်စုဘွား တိုင်းရင်းသား ညီအကိုမောင်နှမတွေဘဲ မဟုတ်ပါလား။ အားလုံးဟာ မြန်မာ ပြည်သားတွေ မဟုတ်ကြဘူးလား။ အခုတော့ ဒီလိုမဟုတ် ဟိုမှာ တစ်အုပ်စု ဒီမှာ တစ်အုပ်နဲ့ စစ်ကျွန်ဖြစ်မဲ့ရုပ်၊ တခြားနိုင်ငံတွေရဲက ကျွန်သက်ရှည်စေမဲ့ ရုပ်တွေနဲ့ တရုတ်ရုတ် တသုတ်သုတ်နဲ့ နွားကွဲတော့ ကျားဆွဲဆို သလိုမျိုးပေါ့။ တိုင်းရင်းသား အချင်းချင်းကြားမှာ လူမျိုးကွဲ စိတ်ဓာတ်တွေနဲ့ ရန်ငြိုးထားကြ၊ ဒီကြားထဲ ရှမ်းခွေး လုပ်ချင်တဲ့ သူတွေက တိုင်းရင်းသားအချင်းချင်း ဂုတ်သွေးစုတ်၊ ခေါင်းပုံဖြတ်၊ တချို့ကြတော့ အဖွဲ့အစည်းကို ခုတုံးလုပ် ပြည်သူတွေကို အနိုင်ကျင့်။ တချို့ကြတော့လည်း ဒုက္ခသည် ပါဆိုပြီး နိုင်ငံရေးကိုဗန်းပြ မိမိကိုယ်ကျိုး အတွက် အသုံးချ။ တကယ်ဒုက္ခနဲ့ ရင်ဆိုင်နေကြတဲ့ သူတွေကြတော့ ပိုပြီး ဒုက္ခရောက်ကုန်ကြတာပေါ့။ ဒါတွေဟာ
တကယ်တော့ လုံးဝမဖြစ်သင်ဘူးလို့ ထင်တယ်။ ဘယ်မှာလာပြီး ကျနော်တို့ တိုင်းရင်းသားတွေ စည်းလုံးမှုဆိုတဲ့ အရာရှိတော့မှာလဲ။ အားနွဲ့သူကို အနိုင်ကျင့်၊ အားကြီးသူကြတော့ ဖအေလို အမပေးလို မျက်နှာမျိုးနဲ့ အသားထဲက လောက်ထွက်တဲ့ လူများကတဖုံ၊ သူများနိုင်ငံမှာ ကျွန်လာခံတာခြင်း အတူတူတောင် မသိနားမလည်တဲ့ တောသူ တောင်သား တိုင်းရင်းသားတွေကို စက်ရုံအလုပ်ရုံတွေမှာ လုပ်နေကြတဲ့ ရှမ်းခွေးလိုလို အကောင်ခပ်ကြီးကြီးတွေက မောက်မာ ရိုင်းပြတဲ့ စကားလုံးအသုံးအနှုန်းတွေ၊ ကိုယ်ထိလက်ရောက်စော်ကားမှုတွေဟာ ကျွန်သက်ရှည်စေမဲ့ အပြုအမူတွေပါ။ တကယ်ဆို တိုင်းရင်းသား အချင်းချင်း နားလည်မှုလေးတွေကော့ ရှိသင့်၊ ထားသင့်တာပေါ့။ အခုတော့ ငါဘို့ ငါ့ဆွေမျိုးဘို့ဆိုတဲ့ နွားတွေလို တဘို့ထဲသမားတွေကြောင့် မနစ်နာသင့်ဘဲ နစ်နာခဲ့ရတဲ့ အလုပ်သမားတွေအများကြီး၊ မဲဆောက်စက်ရုံတိုင်းလိုလိုမှာ ကြားနေရတယ်။ သိနေရတယ်။ ရှမ်းကို အဖေခေါ် တိုင်းရင်းသားအချင်းချင်းကြတော့၊ အနိုင်ကျင့် ဂုတ်သွေးစုတ်၊ အမြတ်ထုတ်နေကြတဲ့ လူမျိုးများရှိနေသရွေ့တော့ ကျနော်တို့ အလုပ်သမားတွေကြားမှာ စည်းလုံးမှုဆိုတာ ဘယ်တော့ရရှိမှာလဲ ဘယ်မှာလာပြီး တစ်ဦးအပေါ် တစ်ဦး ရိုင်းပင်းကူညီကြတော့မှာလဲ။ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားတွေ ဖြစ်ကုန်ကျပြီပေါ့။ သွေးစည်းဘို့ ဆိုတာဝေးရော။
တကယ်နိုင်ငံအတွက် အလုပ်လုပ်နေကြတဲ့ ပြည်တွင်းထဲက နိုင်ငံရေးသမားတွေကျတော့ ထောင်နန်းမှာ ထမင်းကြမ်းတောင် နပ်မမှန်၊ အသက်စွန့်ပြီး လုပ်နေကြရတယ်။ ညှင်းပန်းနှိပ်ဆက်ခံနေကြရတယ်။ တချို့က နိုင်ငံရေးဗန်းပြ တတိယနိုင်ငံ ရောက်နေကြတဲ့ သူတွေကျတော့ စည်းစိမ်တွေယစ်မူးနေကြပြီး အဝေးကနေပြီး အသံနဲ့ ဖိအားတွေပေးနေကြတယ်။ ဘ၀အာမခံချက်တွေ ရရှိပြီးနေနေကြတဲ့ နိုင်ငံခြားရောက် ရွှေမြန်မာများကတော့ အေးအေးဆေးဆေးပေါ့။ ပြည်တွင်း အနီးမှာကပ်ပြီးလှုပ်ရှားနေကြတဲ့ အဖွဲ့တွေကတော့ ဘယ်နေ့သေမလဲ ဘယ်နေ့လှုပ်ရှားမှုတွေ လုပ်ကြမလဲပေါ့။ စားဝတ်နေရေးတဖက် နိုင်ငံရေးတဖက်နဲ့ လုပ်ကိုင်နေကြရတာပါ။
*** ဒါကြောင့် မတရား အုပ်ချုပ်ပြီး မင်းလုပ်နေတဲ့ နအဖ စစ်အုပ်စုကို လူထုအားနဲ့ အမြန်ဆုံး ဖြုတ်ချကြပါစို့လား….။
***ဒီဇင်ဘာ (အလင်းတန်း)မဲဆောက်စက်ရုံအလုပ်သမား***
အို… တိုင်းရင်းသားပေါင်းတို့…

No comments:
Post a Comment