(မော်စကို၊ ဇန်န၀ါရီလ ၁၄-ရက်)
ရုရှားဂျက်တိုက်လေယာဉ်တစ်စင်းသည် ကြာသပတေးနေ့က လေ့ကျင့်ပျံသန်းမှုများ လုပ်ဆောင်နေစဉ် ရုရှားနိုင်ငံ အရှေ့ဖျားဒေသတွင် ပျောက်ဆုံးသွားခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ အက်စ်ယူ ၂၇-ဂျက်တိုက်လေယာဉ်သည် ကွန်ဆိုမိုလ်အွန်အမ်မာမြို့အနီးရှိ လေတပ်အခြေစိုက် စခန်းတစ်ခုမှ ပျံတက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ကုဇညက်ဆော့ဗ်က ကြာသပတေးနေ့တွင် ပြောကြားသည်။ အဆိုပါ ဂျက်တိုက်လေယာဉ်သည် လေတပ်အခြေစိုက်စခန်းမှ မိုင် ၂၀-ခန့်အကွာ၌ လေ့ကျင့်ပျံသန်းနေစဉ် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကြောင်း၊ လေယာဉ်နှင့် လေယာဉ်မှူးကို
ရှာဖွေရန်အတွက် ကယ်ဆယ်ရေးရဟတ်ယာဉ်များ စေလွှတ်ထားကြောင်း ကုဇညက်ဆော့ဗ်က ပြောကြားသည်။ (အင်တာနက်)
***ဟေတီငလျင်၌ ကုလသမဂ္ဂ၀န်ထမ်း ၁၆-ဦးသေဆုံးရ***
ဟေတီနိုင်ငံတွင် ဇန်န၀ါရီလ ၁၂-ရက်နေ့က အင်အားပြင်းထန်သည့် မြေငလျင်လှုပ်သွားခဲ့သဖြင့် ကုလသမဂ္ဂ၀န်ထမ်း ၁၆-ဦး သေဆုံးသွားသည်ဟု အတည်ပြုချက်ရရှိထားကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဇန်န၀ါရီလ ၁၃-ရက်နေ့တွင် ကုလသမဂ္ဂရုံး၌ ပြောကြားသည်။ (အင်တာနက်)
*** ဟေတီသို့ ပီရူးက ရိက္ခာနှင့် ဆေးဝါးများပေးပို့မည် ***
ပီရူးနိုင်ငံသည် ဟေတီကျွန်းနိုင်ငံ၌ ဇန်န၀ါရီလ ၁၂-ရက်နေ့က ငလျင်ပြင်းလှုပ်သွားခဲ့သဖြင့် ဟေတီနိုင်ငံသို့ ရိက္ခာနှင့် ဆေးဝါး ၅၄-တန်ပေးပို့မည်ဖြစ်ကြောင်း ပီရူးဝန်ကြီးချုပ် ဟာဗီးယားဗီလာစကူးက ဇန်န၀ါရီလ ၁၃-ရက်နေ့တွင် ကြေညာသည်။ (အင်တာနက်)
*** နယူးဇီလန် ဘုရင့်လေတပ်ပိုင် လေယာဉ်ပျက်ကျ ***
နယူးဇီးလန်နိုင်ငံ၏ ဘုရင့်လေတပ်ပိုင် စီတီ-၄ လေ့ကျင့်ရေးလေယာဉ်သည် ဇန်န၀ါရီလ ၁၄-ရက်နေ့က ပျက်ကျသဖြင့် လေယာဉ်မှူးတစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။ အဆိုပါ စီတီ-၄ လေ့ကျင့်ရေးလေယာဉ်သည် အိုဟာကီးဒေသရှိ ယင်း၏ အခြေစိုက်စခန်း၌ ပုံမှန်လေ့ကျင့်မှုများပြုလုပ်နေစဉ် ပျက်ကျသွားခြင်းဖြစ်သည်။ (အင်တာနက်)
***အယ်လ်ဂျီးရီးယား တိုက်လေယာဉ်များ တိုးမြှင့်စေလွှတ်မည်***
(ဆာနား၊ ဇန်န၀ါရီလ ၁၄-ရက်)
အယ်လ်ဂျီးရီးယားအစိုးရသည် အကြမ်းဖက်မှုနှိမ်နင်းရေးကို အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်ရန်အတွက် နိုင်ငံတောင်ဘက်ရှိ မာလီနိုင်ငံနှင့် မော်ရီတေးနီးယားနိုင်ငံ နယ်စပ်ဒေသများသို့ တိုက်လေယာဉ်များ တို့းမြှင့်စေလွှတ်မည်ဟု ဒေသဆိုင်ရာ သတင်းစာက ဇန်န၀ါရီလ ၁၂-ရက်တွင် ဖော်ပြသည်။ ထို့အပြင် ကြည်းတပ်နှင့် လေတပ်အခြေစို့ စခန်းသစ်များကိုလည်း တည်ဆောက်ထားပြီးဖြစ်သည်ဟု ဆိုသည်။ (အင်တာနက်)
***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***
*** လေ့ကျင့်ပျံသန်းမှုပြုလုပ်စဉ် ရုရှားစစ်လေယာဉ်တစ်စင်း ပျောက်ဆုံး ***

No comments:
Post a Comment