သားဖြစ်သူ ရိုမီယိုက ဗစ်တိုးရီးယားကို မေးသည်။
`မေမေ လူတွေဟာ ဘယ်လိုပေါ်ပေါက်လာတာလဲဟင်…´
`သြော်… သားရယ် ဘုရားသခင်ကာ အာဒမ်နဲ့ ဧ၀ကိုစပြီး သူတို့ရဲ့ သားသမီးတွေက စတင်ပေါ်ပေါက်လာခဲ့တာပေါ့´
နောက်နှစ်ရက်ကြာသည့်အခါ ရိုမီယိုက ဖခင်ဖြစ်သူ ဘောလုံးစတား ဘက်ခမ်းကို မေးပြန်သည်။ထိုအခါ ဘက်ခမ်းက `သြော်… လူဆိုတာ မျောက်ကနေဆင်းသက်လာတာ… သားရဲ့´
ရိုမီယိုလေး အဖေနှင့် အမေကြားက အဖြေနှစ်ခုကြောင့် စိတ်ရှုပ်ထွေးသွားသည်။ အမေဖြစ်သူ ဗစ်တိုရီးယားအား ထပ်မေးသည်။ `အမေ… အမေပြောတော့ လူဆိုတာ ဘုရားသခင်ကဖန်ဆင်းခဲ့တာဆို။ အဖေကတော့ မျောက်တွေကနေ ဆင်းသက်လာတာတဲ့´
`ဟုတ်တယ်လေ … ရှင်းနေတာပဲသားရဲ့။ အမေက အမေတို့မျိုးရိုးဘက်ကို ပြောတာလေ။ မင်းအဖေကတော့ သူ့ဘက်က မျိုးရိုးကို ပြောတာနေမှာပေါ့…´
မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)***

No comments:
Post a Comment