(၀ါရှင်တန်၊ ဇန်န၀ါရီလ ၉-ရက်)
အမေရိကန်နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှ ယခင်နှစ်ကုန် ဒီဇင်ဘာလအတွင်း၌ ၄င်းနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် မျှော်မှန်းထားသည်ထက် ပိုမိုခဲ့ပြီး ၁၀-ရာခိုင်နှုန်း တိုးမြှင့်ရောက်ရှိနေကြောင်း ဇန်န၀ါရီလ ၈-ရက်နေ့တွင် အမေရိကန်နိုင်ငံအလုပ်သမားရေးရာဌာနက သတင်းထုတ်ပြန်သည်။ ယခင်နှစ်ကုန်ပိုင်းတွင် အမေရိကန်၏ အလုပ်လက်မဲ့ဦးရေမျာ ၈၅၀၀၀၀ခန့် ရှိပြီး ၂၀၀၉ ခုနှစ် အောက်တိုဘာလ၌ အလုပ်လက်မဲ့နှုန်း ၁၇ ဒသမ ၂-ရာခိုင်နှုန်းမှ ဒီဇင်ဘာလတွင် ၁၇ ဒသမ
၃-ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ကြောင်း အလုပ်သမားရေးရာဌာနက သတင်းထုတ်ပြန်သည်။ ၂၀၁၀-ခုနှစ်အတွင်း ၄င်းနိုင်ငံ၏ စီးပွားရေးကဏ္ဍ ပိုမိုဆိုးရွားလာနိုင်ဖွယ်မရှိကြောင်း အဆိုပါသတင်း၌ ဖော်ပြသည်။ (အင်တာနက်)
*** တူရကီရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ ***
(အင်ကာရာ၊ ဇန်န၀ါရီလ ၉-ရက်)
တူရကီနိုင်ငံ အရှေ့ပိုင်း၌ စစ်ဆင်ရေးနှစ်ရပ် ပြုလုပ်ရာတွင် တူရကီရဲတပ်ဖွဲ့က ဘိန်းဖြူ ၁၈၀-ကီလိုဂရမ်နှင့် ဆေးခြောက် ၈၅-ကီလိုဂရမ် သိမ်းဆည်းရမိလိုက်ကြောင်း တူရကီအစိုးရ အာဘော်တစ်ပိုင်းဖြစ်သည့် အနာတိုလီယာသတင်းဌာနက ဇန်န၀ါရီလ ၇-ရက်နေ့၌ ဖော်ပြသည်။ အဆိုပါ စစ်ဆင်ရေးတွင် နှစ်ဦးကို ဖမ်းဆီးလိုက်နိုင်သည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။ (အင်တာနက်)
*** ရုရှားနှင့် ဂျော်ဂျီယာ လေယာဉ်ပျံသန်းမှု စတင် ***
(မော်စကို၊ ဇန်န၀ါရီလ ၉-ရက်)
၂၀၀၈-ခုနှစ် သြဂုတ်လက အိမ်နီးချင်း ရုရှားနိုင်ငံနှင့် ဂျော်ဂျီယာနိုင်ငံတို့အကြား စစ်ဖြစ်ပြီးနောက် ပထမဆုံးခရီးစဉ်ပျံသန်းမှုအဖြစ် ဂျော်ဂျီယာလေကြောင်းလိုင်းမှ စင်းလုံးငှားလေယာဉ်တစ်စင်းသည် တက်ဘလီစိမြို့မှ မော်စကိုမြို့သို့ ဇန်န၀ါရီလ ၈-ရက်နေ့က ထွက်ခွာသွားကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ ဂျော်ဂျီယာနိုင်ငံမှ ရုရှားနိုင်ငံသို့ ဇန်န၀ါရီလ ၈-ရက်နေ့မှ ၁၀-ရက်နေ့အတွင်း စင်းလုံးငှားလေယာဉ် ၅-စင်း ပျံသန်းရန် ကနဦးက စီစဉ်ထားခဲ့သော်လည်း လေယာဉ်ခရီးစဉ်နှစ်ခုကို ဖျက်သိမ်းခဲ့ရသည်ဟု ဆိုသည်။ (အင်တာနက်)
*** စီ-၁၇ ကုန်တင်လေယာဉ်များ အိန္ဒိယ ၀ယ်ယူမည် ***
အိန္ဒိယနိုင်ငံသည် စီ-၁၇ ဂလုပ်မာစတာအမျိုးအစား ကုန်တင်လေယာဉ် ၁၀-စင်းဝယ်ယူရန် ရည်ရွယ်ထားကြောင်း အမေရိကန်ပြည်ထောင်စု အာကာသယာဉ် ဆောက်မှုနည်းပညာဆိုင်ရာ ဗိုလ်မှူးဘိုးရိန်းက ဇန်န၀ါရီလ ၈-ရက်တွင် ပြောကြားသည်။ အဆိုပါ စီ-၁၇ ဂလုပ်မာစတာအမျိုးအစား ကုန်တင်လေယာဉ်များ၏ တန်ဖိုးသည် တစ်စင်းလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၂၀၀-ရှိသည်ဟု သိရသည်။ (အင်တာနက်)
***ရေနံဈေးကျ***
အာရှရေနံ ကုန်သွယ်ရေးဈေးကွက်တွင် ဒေါ်လာဈေးကျနေခြင်းကြောင့် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၃ ဒေါ်လာအောက်ရောက်ကာ နေ့ချင်း ညချင်း ရေနံဈေးမှာ ဈေးကျသွားသည်။ ၁၄-လတာ ဈေးတက်နေခဲ့ပြီးမှ ယင်းကဲ့သို့ ဈေးကျသွားခြင်း ဖြစ်သည်ဟု သိရသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်- မောင်မောင်ဆွေ ***
*** အမေရိကန် အလုပ်လက်မဲ့နှုန်း မှန်းဆသည်ထက် ပိုမိုနေ ***

No comments:
Post a Comment