ဘောလုံးမင်းသား ဒေးဗစ်ဘက်ဟမ်း၏ ချစ်ဇနီးဖြစ်သူ ဗစ်တိုးရီးယားမှာ မော်ဒယ်ကိစ္စတစ်ခုဖြင့် ခရီးသွားနေခိုက် နေအိမ်သို့ ဖုန်းဆက်သည်။ မထင်မှတ်ဘဲ ဖုန်းလာဖြေသည်မှာ အမျိုးသမီးတစ်ဦးအသံဖြစ်နေသည်။ သတိထားပြီးဗစ်တိုးရီးယား ဖုန်းဆက်ပြောသည်။ `အင်္ဂလန်ဘောလုံးသမားတစ်ဦးရဲ့ အိမ်လားဟင်´
`ဟုတ်ပါတယ်… သူ့မိန်းမနဲ့အတူ ရှိနေပါတယ်´
ဗစ်တိုးရီးယားဒေါသအတော်ထွက်သွားသည်။ စိတ်ကိုအတည်ငြိမ်ဆုံးထားပြီး `ရှင့်ကို ဒေါ်လာ တစ်သိန်းပေးမယ်… ကျမခိုင်းတာလုပ်ပေးနိုင်မလား´
`တကယ်… ကျမဘာလုပ်ပေးရမလဲ´`ဗီဒိုထဲမှာရှိတဲ့ သေနတ်ကိုယူပြီး နှစ်ယောက်စလုံးကို ပစ်ပေးစမ်းပါ´
ဖုန်းခွက်ကိုဘေးသို့ချပြီး လှေကားတက်သံကြားရသည်။ ယင်းနောက် သေနတ်သံ ၂-ချက်ထွက်ပေါ်လာပြီး အစောပိုင်းက အမျိုးသမီးဖုန်:်ပြန်လာကိုင်သည်။ `ရှင်ခိုင်းတဲ့အတိုင်းလုပ်ပြီးပါပြီ။ အလောင်းတွေကို ဘယ်လိုလုပ်ရမလဲ `ဟုတ်ပြီ… အခန်းထဲက ဆွဲထုတ်ပြီး ရေကူးကန်ထဲပစ်ချလိုက်´
`ဘာ… ဘယ်ရေကူးကန်လဲ… မရှိပါဘူး။´
`ဟင်… ဒါဘက်ခမ်းရဲ့ အိမ်မဟုတ်ဘူးလား´ `မဟုတ်ပါဘူး…။ တယ်ရီရဲ့ အိမ်ပါ…´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)***

No comments:
Post a Comment