(ဘရာဆီးလီးယား၊ ဇန်န၀ါရီလ ၂၄-ရက်)
ဘရာဇီးနိုင်ငံအတွင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆက်နွယ်သည့် နည်းပညာများတိုးပွားရေးအတွက် ငွေ ကြေးထောက်ပံ့မှုများအပေါ် ချီးကျုးပြောကြားလိုက်သည့်အပြင် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများ၌ ပိုမိုရင်း နှီးမြှုပ်နှံကြရန်လည်း ဘရားဇီးသမ္မတ လူလာဒါဆီးလ်ဗားက ဇန်န၀ါရီလ ၂၂-ရက်နေ့တွင် တိုက်တွန်းပြော ကြားသည်။ (ဆင်ဟွာ)
***ကမ္ဘာ့ကုန်စည်ပြပွဲ ရှန်ဟိုင်း၌ ကျင်းပမည်***
(အဘူဒါဘီ၊ ဇန်န၀ါရီလ ၂၄-ရက်)
တရုတ်ပြည် ရှန်ဟိုင်းမြို့၌ မေ ၁-ရက်မှ အောက်တိုဘာလ ၃၁-ရက်နေ့အထိ ကျင်းပမည့် ၂၀၁၀-ခုနှစ် ကမ္ဘာ့ကုန်စည်ပြပွဲက အာရပ်စော်ဘွားများနိုင်ငံ (ယူအေအီး)နှင့် တရုတ်နိုင်ငံ အပြန်အလှန်နားလည်မှု ပိုမိုရရှိစေမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၂၀-ရက်နေ့တွင် တာဝန်ရှိသူများက ပြောကြားသည်။ (ဆင်ဟွာ)
***ချီလီ၌ တောမီးလောင် ဟတ်တာ ၃၀၀၀၀-ကျော် ပျက်စီး***
(ဆန်တီယာဂို၊ ဇန်န၀ါရီလ ၂၄-ရက်)
ချီလီနိုင်ငံ၌ တောမီးလောင်မှုများဖြစ်ပွားရာ သစ်တောနှင့် စားကျက်မြေဟတ်တာ ၃၀၀၀၀-ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၄၀-ရှိကြောင်း ချီလီအမျိုးသားသစ်တောကော်ပိုရေးရှင်း (ကိုနက်ဖ်)က ဇန်န၀ါရီလ ၂၃-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (ဆင်ဟွာ)
***နယူးဇီလန်တွင် ဝေလငါးများ သောင်တင်သေဆုံးကြရ***
နယူးဇီလန်နိုင်ငံ ခရစ္စချတ်မြို့အနီး ဘင့်ဗင်နင်ဆူလာရှိ ပို့လေဗီဒေသတွင် ဝေလငါးအမြောက်အမြား သောင်တင်နေခဲ့ရာမှ ဝေလငါး ၁၅-ကောင်သည် ဇန်န၀ါရီလ ၂၄-ရက်နေ့က သေဆုံးသွားကြောင်း နယူးဇီလန် သတင်းထုတ်ပြန်ရေးအသင်းက ဖော်ပြသည်။ (အင်တာနက်)
***စုစည်းဘာပြန်-မောင်မောင်ဆွေ***
***ဆေးဝါးထုတ်လုပ်ရေး၌ ပိုမိုရင်းနှီးမြှုပ်နှံရန် ဘရာဇီးသမ္မတ တိုက်တွန်းပြောကြား***

No comments:
Post a Comment