ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, January 26, 2010

မဟာချိုင်တရားပွဲ ကြေညာချက်နှင့် မတူညီမှုကြောင့် ထိုင်းရဲကငွေညှစ်…

> (ဇန္န၀ါရီ ၂၅-ရက် ၂၀၁၀)
ဘန်ကောက်မြို့ အနီးမဟာချိုင်မြို့၊ထိုင်းယူနစ်နစ်နယ်မြေတွင် ယ မန်နေ့ ကတရားပွဲဆင်ယင်ကျင်း ခွင့်ပြုချက်ယူထားသည်နှင့် မ ကိုက်ညီဟူသော အကြောင်းပြချက်ဖြင့် တရားပွဲစီစဉ်သူများထံမှ ဘတ်ငွေသောင်းချီတောင်းခံခဲ့ ရုံသာမက တရားပွဲလား မြန်မာအ လုပ်သမားများအား နေထိုင်ခွင့် စာရွက် စာတမ်းများအား စစ်ဆေး မေးမြန်မှုများပြုလုပ်ခဲ့သည်။ တရားပွဲမကျင်းပမီ နိုင်ငံ ကျော်ရုပ်ရှင် ဗွီဒီယို သရုပ်ဆောင် အကယ်ဒမီ အောင်ခိုင်နှင့် ၀ါဝါအောင်တို့ ကဓမ္မပူဇာသီချင်းများ ပါဝင်သီဆိုဖျော်ဖြေခဲ့သည်ကို အနီးပတ်ဝန် ကျင်မှ ထိုင်းလူမျိုးအချို့တို့က မဟာချိုင်ရဲစခန်းသို့ တိုင်တန်းခဲ့သ ဖြင့် တရားပွဲကို စိတ်မချမ်းမြေ့ဘွယ် ကျင်းပခဲ့ရကြောင်း ပွဲစီစဉ်သူ ဦးတိုးကပြောသည်။

“အစတုန်းကတော့ ကျနော်တိုက တရားပွဲမကျင်းပမီ ဓမ္မပူဇာသီချင်းလေးတစ်ပုဒ် နှစ်ပုဒ်ဆိုမယ်ပေါ့။ ခုဟာက ပရိသတ်တောင်းဆိုချက်အရ အခြားသီချင်းတွေကိုပါ ဆိုကြတယ်၊ ပြီးတော့ လက်ခုတ်တီးအားပေးကြတော့ တရားပွဲနဲ့ မတူတော့ သလို ဖြစ်လာတယ်။ အနီးအနားကထိုင်း တစ်ယောက်ယောက်တိုင် လိုက်တယ်လို့ ကျနော်ထင်တယ်။ အဆိုတော်တွေကိုဖမ်းမယ်၊ တရားဟောတဲ့ဘုန်းကြီးလည်း ကြေညာထားတဲ့ ဘုန်းကြီးမဟုတ်တာကြောင့်ဖမ်းမယ်၊ ဘာညာဆိုပြီးတော့ခြိမ်းခြောက်တယ်၊ မကောင်းဘူးပေါ့ဗျာ၊ မဖြစ်သင့်တာတွေပေါ့နှော်”ဟုပြောသည်။ မဟာချိုင်နယ်မြေမှ မြန်မာအလုပ်သမား ၃၀၀၀-ခန့် ရောက်ရှိလာခဲ့ပြီး တရားပွဲမှာ အထူးစည်ကားခဲ့သည်။ သရုပ်ဆောင် ကိုအောင်ခိုင်က“ တကူတက အနုပညာဖျော်ဖြေဖို့  လာတာမဟုတ်ပါဘူး၊ဘုန်းဘုန်းနဲ့  ဘုရားဖူးလိုက်လာတာပါ။ ကိုယ့်တိုင်းပြည်က နိုင်ငံခြားကိုရောက်နေတဲ့ လူတွေက နွေးနွေးထွေးထွေး ၀မ်းပန်းတသာ မိသားစုတွေနဲ့ တွေ့ ရသလိုပဲဗျာ၊ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူးခင်ဗျာ၊ ခရီသွားဟန်လွဲ တီဗွီကလေးနဲ့ ဓမ္မသီချင်လေး ဆိုတာပါဗျာ”ဟုပြောသည်။ ပွဲစဉ်သူနောက်တစ်ဦးဖြစ်သည့် အလင်းပြကြယ်စင် စာကြည့်တိုက်မှူး ကိုလှစိုးက“ တရားပွဲမစမီ ညနေ ၇-နာရီလောက်မှာ ကိုအောင်ခိုင်တို့ နဲ့  အလုပ်သမားတွေ ဓါတ်ပုံရိုက်ကြတယ်။ သူတို့  ဓမ္မပူဇာသီချင်းဆိုကြတယ်၊ပြီးတော့တရားပွဲစတယ်၊ကိုအောင်ခိုင်တို့  သီချင်းဆိုတုန်း ပုလိပ်တွေလာတယ်၊ ငွေတောင်းတယ်၊ ကျနော်တို့  မဟာချိုင်၇ဲတွေကို ဘတ်ငွေ ၁၆၀၀၀ ပေးလိုက်ရတယ်။အလုပ်သမားတွေကို ဘတ်စစ်တယ်၊ပတ်စပို့ စစ်တယ်၊ငွေသွင်းထားတဲ့စာရွက်ရှိလား ကြည့် တယ်၊ တရားပွဲအပြီး၊ လူတွေအပြန်မှာ ဘတ် စစ်တာပဲအလှူငွေ ဘတ် ၆၀၀၀၀-ကျော် ၇၀၀၀၀း လောက်ရပါတယ်၊ အကုန်လုံးပဲ ဘုန်းကြီးကိုအပ်လိုက်တာပါ” ဟုပြောသည်။ တရားပွဲကြေညာ စာရွက်တွင်ပါရှိသော အရှင်ဓမ္မရက္ခိမှာ အကြောင်းကြောင့်မကြွရောက်နိုင်ခဲ့သော်လည်း ကရင်ပြည်နယ်မှ ဘုန်းတော်ကြီး တစ်ပါးကြွရောက် တရားချီးမြှင့်ခဲ့သည်။ အဆိုပါ တရားပွဲသို့ ကြွရောက် သီတင်းသုံးခဲ့သော အရှင်ဦးတေဇက “မဟာချိုင်က အလုပ်သမ ဒကာ၊ ဒကာမတွေရဲ့ သဒါတရားနဲ့ အတူ ဘာသာတရားအပေါ်မှာ အလေးအမြတ်ပြုကြတာကိုတွေ့ ရတဲ့အတွက် အထူးဝမ်းမြောက်ပါတယ်၊ အချိန်က ၃၀ မိနစ်သာရတော့တဲ့အတွက် သီလပေး ရေစက်ချ ၁၅ မိနစ်ဆိုတော့ တရားအတွက်က ၁၅ မိနစ်သာကျတော့တဲ့အတွက် တိုတိုတုတ်တုတ် ပဲဟောခဲ့ရတယ်။ ဦးဇင်ချီးမြှင့်ခဲ့တဲ့ တရားတော်ကတော့ (ကုသိုလ်ရှင်များလွန်ထူးခြားသိကြာရှိခိုးသည်) ဆိုတဲ့တရားပါ၊ ဒီတရားက မိဘကို အလုပ်အကျွေးပြုသူတွေ၊ ဇနီးမယားကိုကောင်းမွန်စွာ လုပ်ကိုင်ကျွေးမွေး စောင့်ရှောက်တဲ့ ယောက်ျားတွေ၊ ကုသိုလ်ရှင်တွေကို နတ်တို့ သနင်း သိကြားမင်းကတောင် လေးစားပြီးတော့ ရှိခိုးတယ်ဆိုတဲ့အကြောင်းပါ”ဟုမိန့်  တော်မူသည်။ နိုင်ငံရေးနှင့်အခြားကိစ္စရပ်များကို အတွေ့ အ ကြုံမရှိသော်လည်း ဘာဘဲလုပ်လုပ် ညီညွတ်ကြရန် ပြည်ပရောက် တကာတကာမတို့ အားမှာကြားခဲ့ကြောင်း ဦဇင်းကမိန့် တော်မူခဲ့သည်။ အနုပညာရှင်တို့ မှာလည်း အခကြေးငွေနှင့်လာရောက်ဖျော်ဖြေခြင်းမျိုးမဟုတ်ပဲ တရားပွဲကိုအချီး အမြှောက်သဘောနှင့် ကိုယ့်တိုင်းပြည်မှလူများအားတွေ့ ဆုံသွားခြင်းသာဖြစ်ကြောင်း တရားပွဲစီစဉ်သူများကပြောသည်။

***သတင်း-ဦးကျော်သောင်း (ဘန်ကောက်)***

(ဇန္န၀ါရီ ၂၅-ရက် ၂၀၁၀)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)