ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, January 26, 2010

ဟောဒီက ရွှေ့ပြောင်းအလုပ်သမား ဘ၀ပါဗျို့…. (အပိုင်း- ၁)

> *** အခုနေအခါကား (မဲဆောက်က စက်ရုံများမှာ)
အကြွေးမရ၊ လက်ငင်းဘ၀နှင့်
အလုပ်က နေ့စဉ်မရှိ ၀င်ငွေက နတ္ထိလေဗျာ
ရင်ထဲမှာ ကြွေဇင်ဖြစ်တည်တာတောင်
ဒီကောင့်မှာ အောင့်အည်းထားရ

သြော်… ဘ၀၊ ဘ၀၊ ဘဝ
ရွှေ့ပြောင်းအလုပ်သမား ဘ၀ကဖြင့်
ပင့်သက်ရှူလိုက်တိုင်း အံစော်နီးရသလို
ချန်စော်နီးသမျှလည်း ဘယ်လိုလုပ်မွှေးမှာတုန်းဗျ
`ရင်နင့်အောင်မွှေး´လို့ရေးတာက ဂျာနယ်ကျော်မမလေး
ရွှေ့ပြောင်းတွေရဲ့ အတွေးမှာက `ရင်နင့်အောင်နံ´တဲ့ဗျ…။
(အခု ကဗျာရေးနေရင်းတောင် ခပ်နံနံပဲဗျို့)
*** အလုပ်ချိန်နဲ့ အလုပ်တွေအများကြီးခိုင်းပြီး
နေ့စဉ်နေ့တိုင်း ဘတ် ခုနစ်ဆယ်၊ ရှစ်ဆယ်နဲ့ပဲ ကျေနပ်နေကြရ
အဲဒါကိုက ရင်နင့်အောင်နံ နေတာပဲဗျ…
နောက်တစ်ခုက အလုပ်ပုံမှန်မရှိလို့
ခိုးဆိုးလုယက်သူ ပေါများနေတာမို့
ကိုယ့်ဖိနပ်ကိုတောင် ကိုယ်ပျောက်မှာ အမြဲစိုးရိမ်နေကြ
ကိုယ်စီးနေကြ စက်ဘီးလေးတောင် သိပ်မကြာမီက အခိုးခံရ
ကိုယ်ကတော့ မိတ်ဆွေပေါများလို့ စက်ဘီးငှားလို့ရပေယ့်
အဲဒီစက်ဘီးတစ်စီးလိုပဲ တစ်ဘ၀စာ မှီခိုလှုပ်ရှားနေရသူတွေအဖို့
မျက်ရည်စို့ရုံတင်မကပဲ မျက်ရည်တွေ ချောင်းစီးခဲ့ကြရ
သြော်… ဘ၀၊ ဘ၀၊ ဘဝ
ရွှေ့ပြောင်း အလုပ်သမား ဘ၀…..။
*** သူဌေးများ သင်္ဘောမှောက်တာ ဘာမှမ်ြဖစ်ပေမယ့်
သူတောင်းစား ခွက်ပျောက်ရင်တော့ တစ်ဘ၀လုံးစာ ခင်ဗျ
ဘတ် ၃၀၀၊ ၄၀၀ တန် စက်ဘီးတစ်စီးနဲ့
နေ့စဉ်နေ့တိုင်း ဆောက်လုပ်ရေးလုပ်ငန်းခွင် ၀င်ရသူအဖို့
အဲဒီစက်ဘီ တစ်စီး အခိုးခံရတဲ့အခါ
သူဟာ ထိုင်ငို ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် နီးစပ်ရာ အရက်ဆိုင်မှာ
သူများတိုက်တဲ့ ယမကာမှီဝဲ တော့
ငိုသံကြီးနဲ့ သူ့ခံစားချက်တွေကို ရင်ဖွင့်မှာ ဧကန်ပါပဲဗျာ…..။
*** အဲဒီ စက်ဘီးတစ်စီးဟာ
စက်ရုံလုပ်သားတွေအတွက်ကော
ဆောက်လုပ်ရေးလုပ်သားတွေအတွက်ကော
စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကျပန်းလုပ်သားတွေအတွက်ပါ
နေ့စဉ်သွားလာရေးမှာ အင်မတန် အရေးပါလှပါတယ်…
အဲဒီစက်ဘီး တစ်စီးမှ မရှိရင်
သက်ဆိုင်ရာ လုပ်ငန်းခွင်ဆီကို
အချိန်မှီသွားလာ လုပ်ကိုင်ဖို့အတွက်
များစွာ ခက်ခဲသွားရတာပေါ့ဗျာ….
ရှေ့က ဆိုခဲ့သလိုပါပဲ
သူဌေးများ သင်္ဘောမှောက်တာ
သူဌေးများ အိမ်မီးလောင်တာ
ဘာမှ ထူးထူးခြားခြား မဖြစ်ပေမယ့်
ဟောဒီက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့
စက်ဘီးတစ်စီးနဲ့ နေ့စဉ်သွားလာလုပ်ကိုင်နေရတဲ့
နေ့စဉ် ဘ၀တွေကဖြင့်
ရင်နင့်အောင်နံတဲ့ `အီအီး´တွေပမာ
ချန်စော်နီးပြီး အံစော်နီးခဲ့သမျှ
သြော်… ဒါကလည်း ဘ၀၊
ဘ၀၊ ဘ၀၊ ဘ၀….
ဟုတ်ကဲ့….။ ဘ၀၊ ဘ၀၊ ဘ၀…….။
(ဆက်လက်ဖော်ပြပါမည်)

***ခံစားတင်ပြသူ-ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)***

*** အခုနေအခါကား (မဲဆောက်က စက်ရုံများမှာ)
အကြွေးမရ၊ လက်ငင်းဘ၀နှင့်
အလုပ်က နေ့စဉ်မရှိ ၀င်ငွေက နတ္ထိလေဗျာ
ရင်ထဲမှာ ကြွေဇင်ဖြစ်တည်တာတောင်
ဒီကောင့်မှာ အောင့်အည်းထားရ

သြော်… ဘ၀၊ ဘ၀၊ ဘဝ
ရွှေ့ပြောင်းအလုပ်သမား ဘ၀ကဖြင့်
ပင့်သက်ရှူလိုက်တိုင်း အံစော်နီးရသလို
ချန်စော်နီးသမျှလည်း ဘယ်လိုလုပ်မွှေးမှာတုန်းဗျ
`ရင်နင့်အောင်မွှေး´လို့ရေးတာက ဂျာနယ်ကျော်မမလေး
ရွှေ့ပြောင်းတွေရဲ့ အတွေးမှာက `ရင်နင့်အောင်နံ´တဲ့ဗျ…။
(အခု ကဗျာရေးနေရင်းတောင် ခပ်နံနံပဲဗျို့)
*** အလုပ်ချိန်နဲ့ အလုပ်တွေအများကြီးခိုင်းပြီး
နေ့စဉ်နေ့တိုင်း ဘတ် ခုနစ်ဆယ်၊ ရှစ်ဆယ်နဲ့ပဲ ကျေနပ်နေကြရ
အဲဒါကိုက ရင်နင့်အောင်နံ နေတာပဲဗျ…
နောက်တစ်ခုက အလုပ်ပုံမှန်မရှိလို့
ခိုးဆိုးလုယက်သူ ပေါများနေတာမို့
ကိုယ့်ဖိနပ်ကိုတောင် ကိုယ်ပျောက်မှာ အမြဲစိုးရိမ်နေကြ
ကိုယ်စီးနေကြ စက်ဘီးလေးတောင် သိပ်မကြာမီက အခိုးခံရ
ကိုယ်ကတော့ မိတ်ဆွေပေါများလို့ စက်ဘီးငှားလို့ရပေယ့်
အဲဒီစက်ဘီးတစ်စီးလိုပဲ တစ်ဘ၀စာ မှီခိုလှုပ်ရှားနေရသူတွေအဖို့
မျက်ရည်စို့ရုံတင်မကပဲ မျက်ရည်တွေ ချောင်းစီးခဲ့ကြရ
သြော်… ဘ၀၊ ဘ၀၊ ဘဝ
ရွှေ့ပြောင်း အလုပ်သမား ဘ၀…..။
*** သူဌေးများ သင်္ဘောမှောက်တာ ဘာမှမ်ြဖစ်ပေမယ့်
သူတောင်းစား ခွက်ပျောက်ရင်တော့ တစ်ဘ၀လုံးစာ ခင်ဗျ
ဘတ် ၃၀၀၊ ၄၀၀ တန် စက်ဘီးတစ်စီးနဲ့
နေ့စဉ်နေ့တိုင်း ဆောက်လုပ်ရေးလုပ်ငန်းခွင် ၀င်ရသူအဖို့
အဲဒီစက်ဘီ တစ်စီး အခိုးခံရတဲ့အခါ
သူဟာ ထိုင်ငို ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် နီးစပ်ရာ အရက်ဆိုင်မှာ
သူများတိုက်တဲ့ ယမကာမှီဝဲ တော့
ငိုသံကြီးနဲ့ သူ့ခံစားချက်တွေကို ရင်ဖွင့်မှာ ဧကန်ပါပဲဗျာ…..။
*** အဲဒီ စက်ဘီးတစ်စီးဟာ
စက်ရုံလုပ်သားတွေအတွက်ကော
ဆောက်လုပ်ရေးလုပ်သားတွေအတွက်ကော
စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကျပန်းလုပ်သားတွေအတွက်ပါ
နေ့စဉ်သွားလာရေးမှာ အင်မတန် အရေးပါလှပါတယ်…
အဲဒီစက်ဘီး တစ်စီးမှ မရှိရင်
သက်ဆိုင်ရာ လုပ်ငန်းခွင်ဆီကို
အချိန်မှီသွားလာ လုပ်ကိုင်ဖို့အတွက်
များစွာ ခက်ခဲသွားရတာပေါ့ဗျာ….
ရှေ့က ဆိုခဲ့သလိုပါပဲ
သူဌေးများ သင်္ဘောမှောက်တာ
သူဌေးများ အိမ်မီးလောင်တာ
ဘာမှ ထူးထူးခြားခြား မဖြစ်ပေမယ့်
ဟောဒီက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့
စက်ဘီးတစ်စီးနဲ့ နေ့စဉ်သွားလာလုပ်ကိုင်နေရတဲ့
နေ့စဉ် ဘ၀တွေကဖြင့်
ရင်နင့်အောင်နံတဲ့ `အီအီး´တွေပမာ
ချန်စော်နီးပြီး အံစော်နီးခဲ့သမျှ
သြော်… ဒါကလည်း ဘ၀၊
ဘ၀၊ ဘ၀၊ ဘ၀….
ဟုတ်ကဲ့….။ ဘ၀၊ ဘ၀၊ ဘ၀…….။
(ဆက်လက်ဖော်ပြပါမည်)

***ခံစားတင်ပြသူ-ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)