ထိုင်းနိုင်ငံမဟာချိုင်မြို့အတွင်း အလုပ်နားရက် အားလပ်ချိန် တနင်္ဂနွေနေ့တွင် အတူနေသူငယ်ချင်း ၄-ဦး အပျင်းပြေ ဒိုးဇက်ဆော့ကစားနေစဉ်၊ ထိုင်းရဲများ လာရောက်ဖမ်းဆီးပြီး တရားစွဲဆိုခဲ့သဖြင့် ဒဏ်ငွေ အများ အပြားပေး လျှော်ခဲ့ရကြောင်း အလုပ်သမားများကပြောသည်။
ပြီးခဲ့သည့် စမုတ်စာခွန်ခရိုင်၊ မဟာချိုင်မြို့ နီခွန်စက်မှုဇုန် KL-နယ်မြေအတွင်း ပရိဘောဂစက် ရုံအလုပ်သမားပရိဘောဂ စက်ရုံအလုပ်သမားများ အလုပ်နားရက်အတွင်း နေထိုင်ရာတန်းလျားကို ထိုင်းပုလိပ်များ ရောက်ရှိလာခဲ့ပြီး နေထိုင်ခွင့်ရှိ/မရှိ စစ်ဆေးခဲ့သည်။ ကိုကျော်ထူးက“ကျနော်တို့ ကိုဖမ်းပြီး မဟာချိုင် ရဲစခန်းကိုခေါ်သွားပါတယ်။ ရဲစခန်းကိုရောက်တော့ အဲဒီ ဒိုးဇက်အပြားလေးတွေ ထည့်တဲ့ စက္ကူဗူးထဲမှာ တစ်ယောက်စီ ဆယ်ဘတ်စီထည့်ခိုင်းပါတယ်။ ပြီးတော့လက်မှတ်ထိုးခိုင်းပါတယ်။ ရဲစခန်းအချုပ်ထဲမှာ ၃-ရက် ၃-ည နေခဲ့ရပါတယ်။ တရားရုံးကိုရောက်တော့ ကျနော်တို့ ရဲစခန်းမှာ ထည့်ရတဲ့  ဆယ်ဘတ်စေ့တွေက လောင်းကစားလုပ်တဲ့ သက်သေခံငွေအဖြစ် တရားရုံးကို တင်ပြထားပါတယ်။ ကျနော်တို့ 
ဘာမှမတတ်နိုင်တော့ဘူး။ တရားရုံးမှာ ဒဏ်ငွေ ဘတ် ၃၀၀၀ ပေးခဲ့ရပြီးတော့ ရဲစခန်းကိုပြန်လာ
ခဲ့ရပါတယ်။ စက်ရုံက စာရေးမကိုခေါ်ပြီး လက်မှတ်ထိုးခိုင်းးပါတယ်။ ပြီးတော့နယ်စပ်ကိုပြန်
မပို့ ချင်ရင် ဘတ် ၅၀၀၀ ပေးရမယ်ဆိုတာကြောင့် ပေးခဲ့ရပါတယ်” ဟုပြောသည်။ ထိုင်းရဲများ မတရားအမှုဆင် ဖမ်းဆီးပြီးလျှော်ကြေးပေး ခဲ့ရသူများမှာ ကိုကျော်ထူး၊ ကိုလှဝင်း၊ ကိုသန်းဌေးနှင့် ဖိုးဒန်းဒီ ဆိုသည့် ကရင် လူငယ် များဖြစ်ကြသည်။ ယခုကဲ့သို့ ဖြစ်ခဲ့ရသည်ကို မျက်မြင်တစ်ဦးဖြစ်သူ ကိုအောင်တင်ဝင်းက“ မဟာချိုင်မှာ ပြီးခဲ့တဲ့နှစ်ကတည်းက လူသစ်တွေကို ဘတ်လုပ်ပေးလိုက်တယ်လေ၊ ခု ယာယီပတ်စ်ပို့လည်း လုပ်နေကြတယ် ဆိုတော့ ထိုင်းပုလိပ်တွေ စားပေါက်ပိတ်နေတယ်လေ၊ အလုပ်သမားတွေနေတဲ့ အခန်းတွေကို လာတယ်
ပြီးတော့ ဟိုရှာ ဒီရှာ လုပ်တယ်၊ ကျနော်တို့ အလုပ်သမားတွေစုပြီး ထိုင်စားသောက်ကြတော့
စားစရိတ်ကုန်တာတွေကို စာရင်းလုပ်ထားကြပါတယ်၊ အဲဒီမှာ ရေးထားတာကို ချဲထိုးတယ်၊ ချဲရောင်း
တယ်ဆိုပြီး အမှုဆင်တာလည်းခံရပါတယ်၊ ဒါက ပုလိပ်ဒုက္ခပေးတာ၊ နောက် ထိုင်းလမ်းသရဲရှိသေး
တယ်၊ ကျနော်တို့ အလုပ်သမားတွေ ပင်ပန်းလို့ အိပ်မောကျနေချိန်ဆို တံခါးလာခေါက်တယ်
ပြီးတော့ ဓါးနဲ့ သေနတ်တွေပြပြီး ပိတ်ဆံတောင်းတယ်၊ ရွှေစ ငွေစတွေ၊ ပိတ်ဆံတွေ ၊အောက်စက်
တွေ၊ ကွန်ပျူတာတွေ အဲဒီလို အဖိုးတန် ပစ္စည်းတွေကိုလုယူတယ်၊ ကျနော်တို့ မြန်မာအလုပ်သမား
တွေမှာလုံခြုံရေးမရှိဘူး” ဟုပြောသည်။ ထိုင်းလမ်းသရဲများ နေရာအနှံ့ မကြာမကြာ ယခုကဲ့သို့  အနိုင်ကျင့် လုယက်မှုများကို နယ်မြေရဲစခန်းများသို့ တိုင်းကြားခဲ့သော်လည်း အရေးယူအပြစ်ပေးမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း အလုပ်သမားများကပြောသည်။
***သတင်း-ဦးကျော်သောင်း (ဘန်ကောက်)***
(ဇန္န၀ါရီ ၂၅-ရက် ၂၀၁၀)

No comments:
Post a Comment