(ဇန္န၀ါရီ ၁၂ ရက် ၂၀၁၀) ဒေလီင်္နယူး ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)
ထိုင်းနိုင်ငံ လဘူရီခရိုင်။ ဘန့်ဘုန်မြိုနယ် နခိုခြုံရွာ ၁၃၁ မူ ၁၁ တွင် ဖွင့်လှစ်ထားသော ပန်ပီကာရာအိုကေနှင့် စားသောက် ဆိုင်တွင် ပြည်တန်ဆာလုပ်ငန်းလုပ်ကိုင်နေကြောင်းကျေးရွာမှတိုင်တန်းသဖြင့် မြို့ နယ် ရဲမှူးဝီရက စီးနင်း ဖမ်းဆီးခဲ့ရာ လော၊ မြန်မာ၊ ထိုင်းယိုင်(တောင်ကြီးရှမ်း)အမျိုးသမီး၂၁ ယောက် ဖမ်းဆီးရမိခဲ့သည်။ ဆိုင်ပိုင်ရှင် မှာ အသက် ၂၉ နှစ်အရွယ် နိုင်ပထစ်ပုန်ပန်ပီဆိုသူဖြစ် သည်။နယ်မြေမှူးနိုင်ပထစ်နိုင်မူမုန်းက“ဒီသတင်းနဲ့ပတ်သက်ပြီး တော့လူကြီးတွေမှာလာဘ်စားမှုတွေနဲ့ပတ်သက်ပြီးတော့မစောင့်ထိန်းနိုင်ဘူးဆိုရင်၊ဒုစရိုက်အလုပ်ကိုအားပေး သလိုမျိုးဖြစ်နေမယ်၊
အဲဒါမျိုး ကျနော်တို့ အဖြစ်မခံနိုင်ဘူးလေ။ဒါ့ကြောင့်မို့ လို့ ပြ ည် နယ်မှူးကစလို့  ပတ်သက်နေသူဟူမသမျှကိုအရေးယူသွားမှာဖြစ်ပါတယ၊် ရာထူးကြီးချင်သလောက်ကြီးပါစေ၊ ဥပဒေအထက်မှာ တစ်ယောက်မှ မရှိစေရဘူး။ လဘူရီခရိုင်အတွင်း နောက်နောင်ဒီလို့ကိစ္စရပ်မျိုး မပေါ်ပေါက်အောင်ထိန်းသိမ်းသွားမယ်။ သတင်းလာလုပ်ကြ တဲ့ သတင်းထောက်များကိုလည်း ကျေးဇူးတင်ပါတယ်”ဟုသတင်းစာတွင် ရေးသားဖေါ်ပြထားသည်။ နိုင်ငံခြားသား အလုပ်သမားများကိုင်ဆောင်ထားကြသည့် နေထိုင်အလုပ် အလုပ်လုပ်ကိုင်ခွင့် ဘတ်လက်ဝယ်ရှိသူ ၁၉ ဦးပါဝင်သော်လည်း အခြားနယ်မြေများမှ ဖြစ်သဖြင့် ရဲမှူးကြီးက ထောက်လှမ်းရေးများအပါအ၀င် သတင်းထောက်များနှင့်အတူ သွားရောက်ခဲ့သည်။ လိင်ပျော်ပါးရန် ပုံစံမျိုးဖြင့် ပြည့်တန်ဆာမ ၂-ဦးအား တစ်ဦးစီ ၅၇၀ ဘတ်ပေးချေ ခေါ်ယူလိုက်သည်။ ထို့ နောက် ဆိုင်နောက်ဖက် လမ်းကြားထဲတွင် အခန်းပေါင်း ၂၄ ခန်းရှိသည်။ အ ဆိုပါ အခန်းများတွင် တစ်ဦးတည်းနေထိုင်သူများ ရှိသကဲ့သို့ တစ်ခန်းတွင် ၂-ယောက် နေထိုင်သူများလည်းရှိသည်။ ဖမ်းမိသော နိုင်ငံခြားသား ပြည့်တန်ဆာများအား နယ်မြေဖြတ်ကျော်မှု၊ ပြည်တန်ဆာ မှုတို့ ဖြင့် အရေးယူ သွားမည် ဖြစ်ကြောင်းသိရသည်။
သတင်း-ကိုကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment