(ဇန္န၀ါရီ ၁၂-ရက် ၂၀၁၀)
ဘန်ကောက်မြို့ ၊ဘန်ကောက်နွယ်ဈေးအနီး အက်စ်ရာ ပတ် (၄၆) လမ်းရှိ ကြက်၊ ဘဲသားဆီထမင်း၊ ထမင်း ဆိုင်တွင် အလုပ်လုပ်နေခဲ့သည့်မြန်မာအလုပ်သမား တောင်ကြီးရှမ်းဇနီးမောင်နှံတို့အား ဆိုင်ပိုင်ရှင်က ငွေ အ လွဲသုံးစားပြုပြီး ပြန်မပေးပဲရိုက်ပုတ်ပြီးမောင်းထုတ် လိုက်သည်။ အသက် ၃၅ နှစ်အရွယ် မအေး/ အသက် ၄၆ နှစ်အရွယ် ကိုလှမြင့်တို့  ၅ နှစ်အရွယ် သမီးငယ် ကလေးနှင့်အတူ ပြီးခဲ့သော ဇန္န၀ါရီလ ၂ ရက်နေ့ က အလုပ်ရှာ ဖွေပေးသည့် ပွဲစားကို တစ်ဦးလျှင်ပွဲခ ဘတ် ၁၀၀၀-စီ ပေးပြီး အဆိုပါ ထမင်းဆိုင်သို့  အလုပ်စတင်ဝင်ရောက် ခဲ့ကြသည်။ မအေးက “ကျမကို ရောက်ရောက်ခြင်းတော့ အိမ်ရှင်သူဌေးမက ကောင်းကောင်းမွန်မွန် ကြိုဆိုပါ တယ်။ အလုပ်လုပ်လို့  ၃ ရက်မြောက်တဲ့နေ့ မှာ ကျမမှာပါလာတဲ့ ဘတ်ငွေ ၅၀၀၀ ကို သူငယ်ချင်းဆီကို အကြွေး ဆပ်မလို့ ။
ကျမက ဘဏ်ကငွေလွှဲဖို့ သူဌေးမကိုမေးတော့ သူလွှဲပေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့်သူ လွှဲမပေးခဲ့ပါဘူး။ ဟိုနေ့ရွေ့ ၊ ဒီနေ့ ရွေ့ လုပ်နေတယ်၊ အဲဒီနောက် ကျမဆီက ၀က်သားဖိုး ပေးမယ်ဆိုပြီး ဘတ် ၅၀၀ ထပ်ပြီးချေးပါတယ်၊ ကျမကလည်း ကိုယ့်ထမင်းစားနေတဲ့ သူဌေးမပဲဆိုပြီး ပေးလိုက်ပါတယ်။ မနေ့ က ကျမယောက်ျားမှာ ဆေးလိပ်ကုန်သွားလို့ ငွေတစ်ရာပေးပါလို့ တောင်းတော့ပေးပါတယ်၊ ဇန္န၀ါရီ ၉ ရက်နေ့ မနက်ပိုင်းမှာ သမီးလေးခြောင်းဆိုးတာရယ်၊ ကလေးမုန်းဖို့ ရယ်မရှိတာကြောင့် ကျမက ငွေတစ်ရာတောင်းတော့ သူဌေးမက ကျမကိုလင်ဗန်းနဲ့ ရိုက်ပါတယ၊် ကြောနဲ့ လက်မောင်းကိုထိသွားပါ တယ်။ ပိတ်ဆံလည်းမပေးပဲ ဒီကနေ့  ပဲမောင်းထုတ်လိုက်ပါတယ်”ဟုပြောသည်။ မအေးမှာကြောက်လန့်တကြား အိမ်သာအတွင်းသို့ ဝင်ရောက်ပြီး ပုန်းအောင်နေခဲ့ရသည်။ အိမ်အတွင်း်ဘက်ရှိ အိမ်သာတွင်အမိုးမရှိဖြစ်ရကား အိမ်ရှင်အမျိုးသမီးက နီးစပ်ရာ ပုလင်းခွံများ၊ ပန်းကန်များနှင့် ပစ်ပေါက်အကြမ်းဖက်ခဲ့သည်။ အလုပ်သမားဇနီးမောင်နှံတို့ ၏ အ၀တ်အထည် ထည့်သည့် အိပ်များကို လမ်းမပေါ်သို့ ပစ်ထုတ်ပြီး အော်ဟစ်ပြောဆို မောင်းထုတ်ခဲ့သည်။ မအေးက”ကျမခေါင်းနဲ့ ခန္ဓာအချို့ နေရာတွေကို ကျပါတယ်၊ကျမဖုန်းဆက်ပြီးတော့ အလုပ်သွင်းပေးတဲ့ပွဲစားကိုခေါ်ပါတယ်။ ပွဲစားကလာမယ်လို့ ပြောတော့ ကျမအပြင်ကိုထွက်လာတယ်။ သူဌေးမက ကျမဖုန်းကို ပစ်ပေါက်လိုက်တာ တစ်စစီဖြစ်သွားပါတယ်။ ကျမ ယောက်ျားပြန်ကောက်ပြး တော့ကွဲနေတာတွေ ပြန်တပ်ဆင်ထားပါ တယ်ကြည့်ပါ၊ ကျမ ထိုင်းမှာ နေရာတိုင်းမှာ လုပ်ဖူးပါတယ်၊ ဒီလို ယုတ်မာတဲ့အိမ်ရှင်မျိုးမတွေ့ ဖူးပါဘူး။ ပြီးတော့ ပွဲစားရောက်လာတော့ ကျမငွေလွှဲခိုင်းတာမလွှဲတဲ့အပြင် နောက်ထပ်ချေးတဲ့ ငွေငါးရာမှာ ၂၀၀ ကျန်တာကို ကျမကပြောပြတော့ ကျမပါးစပ်ကိုရိုက်တယ်ရှင့်၊ ပြီးတော့ကျမတို့ အ၀တ်အစားတွေကို ကျမတို့ သိမ်းနေတာ တော်တော်ကြီးတဲ့ တုတ်ကြီးနဲ့ လာပြီးရိုက်မလို့ လုပ်တယ်၊ ငွေအကြောင်းလုံးဝမပြောနဲ့လို့ ပြောတယ်၊ ကျမ သမီးလေး ကြောက်လန့် တကြားငိုလိုက်တာရှင်”ဟု ပြောသည်။ ထမင်းဆိုင်တွင် နံနက် ၅ နာရီတွင် ထမင်းချက်လုပ်ငန်း ကိုစတင်ရပြီး ညနေ ၈ နာရ်ီမှဆိုင်ပိတ်သည်။ ဆိုင်ပိုင်ရှင်များ ပြန်သွားသော်လည်း ဆေးကြောသန့်ရှင်းရေးလုပ်ရင်း ညဥ့် ၉ နာရီမှ အလုပ်နားရသည်။ မအေး၏ ခင်ပွန်းကိုလှမြင့် က“ဆိုင်ပိုင်ရှင် မသမက်က စပါယ်ရှယ်ဘရန့် (အထူးပုလိပ်)တပ်ဖွဲ့ ကအရာရှိတစ်
ယောက်ဖြစ်ပါတယ်။ ဆိုင်နံရံမှာပခုံးမှာကြယ်ပွင့်တွေနဲ့ ရိုက်ထားတဲ့ဓါတ်ပုံတွေ ကပ်ထားပါတယ်။ အဲဒါကို
လက်ညှိုးထိုးပြပြီး ခြိမ်းခြောက်ပြောဆိုလေ့ရှိပါတယ်။ ကျနော့်မိန်းမကို သူဌေးမကရိုက်၊ ပစ်ပေါက်၊ ကလေးကငို ကျနော် ကိုယ့်ဆီမှာဆိုရင် တစ်ခုခုလုပ်မိလိမ့်မယ်။ ကျနော် တော်တော်စိတ်ကို ထိမ်းချုပ်ခဲ့ရပါတယ်၊ ဒီလို ရိုင်းစိုင်းတဲ့ လုပ်ငန်းရှင်မျိုး တစ်ခါမှ ကျနော်တို့ မကြုံဖူးဘူး။ ကျနော်လမ်းစရိတ်ရရင် သမီးလေးနဲ့ ပြန်တော့မယ်လို့ ဆုံးဖြတ်ထားပါတယ် အသိဆီကိုလာဖို့ ကားခ ၂၀၀ သူ့ ဆီကတောင်းလာခဲ့ပါတယ်”ဟုပြောသည်။ စက်တင်ဘာလ (၇)ရက်နေ့တွင် အဆိုပါထမင်းဆိုင်တွင် မြန်မာ အလုပ်သမား(တောင်ကြီးရှမ်း)ဇနီးမောင်နှံလည်း ကြုံခဲ့ဖူးသည်။ ခင်ပွန်းဖြစ်သူ ကိုအိုက်မွန်ကို လက်ထိပ်ခတ် ရိုက်နှက်ပြီး မနန်းအုန်းအား အတင်းအဓ္ဓမ အလုပ်ခိုင်းစေရန် ခေါ်ထားခဲ့သည့် ဖြစ်ရပ်ဆိုးတခုဖြစ်ခဲ့ဖူးသည်။ ညက်ညက် ကျေအောင် ရိုက်နှက်ခံခဲ့ရပြီး ဇနီးသည်အား ထားရစ်ခဲ့ရသူ ကိုအိုက်မွန်က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းသို့ ဆက်သွယ် အကူအညီတောင်းခံခဲ့ရာ အသင်းတာဝန်ရှိသူနှင့် မြန်မာနိုင်ငံသား နိုင်ငံခြားသတင်းထောက်တစ်ဦးတို့မှ အကူအညီပေးခဲ့ကြခြင်းကြောင့် ၎င်းတို့ဇနီးမောင်နှံ ပြန်လည်တွေ့ဆုံနိုင်ခဲ့ကြသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း အမျိုးသမီးရေးရာဌာမှူး ဒေါ်သက်သက်ဦးက“ဒီဆိုင်ပိုင်ရှင်နဲ့ 
ကျမတို့ စက်တင်ဘာလတုန်းက တစ်ခါကြုံဖူးပြီး၊ အဲဒီတုန်းက ကျမတို့ ကတရားစွဲဆိုနိုင်အောင် အရိုက်ခံရတဲ့သူကိုဆေးရုံမှာ ဆေးစစ်ဆေးခဲ့ပြီးပြီ၊ သူ့မိန်းမနဲ့ ပြန်တွေ့တော့ ကိုအိုက်မောင်းကစိတ်ပြောင်းသွားပြီး တရားမစွဲတော့ဘူးလို့ ပြောတယ်။ ကျမဆိုလိုတာက အဲဒီတုန်းက သူတို့ လင်မယားမှာ (ဘတ်)ရှိတယ်လေ၊ အဲဒီလိုသမက်ပုလိပ် အားကိုးပြီး မြန်မာအလုပ်သမားတွေကို အလကားကျွန်ပြုချင်တဲ့ လုပ်ငန်းရှင်မျိုးကို ပညာပေးနိုင်ဖို့ လိုပါတယ်၊ ပညာပေးတယ်ဆိုတာလည်း ကျမတို့ ကဥပဒေကြောင်းအရသာ လုပ်နိုင်တာမို့ ၊ ခု မအေးဆီက ဘတ် ၅၂၀၀ မတရားယူလိုက်တာရယ်၊ လုပ်အားခ မပေးလိုက်တာတွေကို ကျမတို့ တရားစွဲဆိုဖို့ အတွက် အလုပ်သမားမှာ(ဘတ်)ရှိရပါတယ်၊ ဒါမှ အဆင်ပြေမှာပါ၊ ထိထိရောက်
ရောက် ကျမတို့ ကူညီဖို့ ခက်ပါတယ်”ဟုပြောသည်။ ထမင်းဆိုင် တစ်ဆိုင်တည်းတွင် အလုပ်လုပ်ကိုင်ဖူးကြသည့် မြန်မာအ လုပ်သမားဇနီးမောင်နှံ ၂ တွဲတို့ ပြောပြချက်အရ၊ ပိုင်ရှင်အမျိုးသမီးကြီးမှာ မြန်မာအလုပ်သမားများ၏ အားနည်းချက်ကိုအရယူပြီး သမက်ဖြစ်သူ အထူးရဲအရာရှိ အားကိုးဖြင့် နောက်နောင်လည်း ယခုကဲ့သို့ အကြမ်းဖက်မှုးမျိုးဖြစ်နေအုံးမည်ဖြစ်
ကြောင်းပြောဆိုကြသည်။
သတင်း- ကိုကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment