(ဇန္န၀ါရီ ၁၂-ရက် ၂၀၁၀)
နာရီပိုင်းအ တွင်းမီးငြိမ်းသတ်နိုင်သဖြင့် နေအိမ်အနည်းငယ်သာ လောင်ကျွမ်းခဲ့သော်လည်း မီးသတ်ခကား တစ်စီးလျှင်ကျပ် ၅၀၀၀၀-စီ သင်္ကန်းကျွန်းမီးသတ်တပ်ဖွဲ့က တောင်းခံခဲ့သဖြင့် ရပ်ကွက်နေ လူထုက မကျေမနပ် ဖြစ်နေကြသည်။ ရန်ကုန်မြို့သင်္ကန်းကျွန်းမြို့ နယ်သုဝဏ္ဏ။ရန်ကုန်သစ်လမ်းတွင် ယမန်နေ့ ညနေကမီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် လူနေအိမ်အချို့ မီးထဲပါသွားပြီး ကာလတန်ဖိုးကြီးမားကြောင်း မျက်မြင်သက်သေတစ်ဦး က ပြောသည်။ “ဖယောင်းတိုင်မီးကစလောင်တာပါ ခင်ဗျာ၊လျှပ်စစ်မီးမရှိတော့ဖယောင်းတိုင်ပဲထွန်းနေရ
တောပေါ့ ၊ အိမ်ငါးလုံးပါသွားပါတယ်။အိမ်ကအိမ်ကောင်းတွေဆိုတော့ ကျပ်သိန်းထောင်းပေါင်းများ စွာရှိနိုင် တယ်လို့ ပြောနေကြပါ တယ်။ လူတွေက မီးသတ်ကိုလေးစားဖို့ ပြင်နေတုန်းရှသေးတယ်၊မီးလောင်ခံရတဲ့ လူတွေကိုရော၊ ရပ်ကွက်နေလူထုကိုပါ ပိတ်ဆံကောက်ပြီး ပေးလိုက် ရတယ်၊ အိမ်ရှင်ကိုတော့ ဖမ်းခေါ် သွားတယ်”ဟုပြောသည်။ ယမန်နေ့ ညနေ ၇နာရီကျော်ခန့် အချိန်တွင် ဦးပုကျော်နေအိမ်တွင် ထွန်းညှိုထားသောဖယောင်းတိုင်မီးမှ စတင်လောင်ကျွမ်းကြောင်း အမည်မဖေါ်လိုသော ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
မီးစတင်လောင်ကျွမ်းပြီးများမကြာမီတွင် မီးသတ်ကား ၇ စီးရောက်ရှိလာပြီး ၀ိုင်းဝမ်းမီးငြိမ်းသတ်
သဖြင့် ညဥ့်တစ်နာရီခန့်တွင် မီးညွှန့်ကျိုးသွားခဲ့သည်။ မီးသတ်ကားများ အချိန်မီရောက်ရှိလာခဲ့သဖြင့် နေအိမ်ငါးလုံးခန့်သာ မီးထဲပါသွားသော်လည်း ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်းသောင်းချီရှိနိင်ကြောင်း ခန့်မှန်းပြောဆိုကြသည်။ မီးသတ်ကားကို
ရပ်ကွက်တစ်ခုလုံးမီးထဲပါမသွားအောင်ကာကွယ်နိုင်ခဲ့သော်လည်း မီးသတ်ကားတစ်စီးကို ကျပ် ငါးသောင်းစီးတောင်းခံသဖြင့် ရပ်ကွက်နေ လူထုက မကျေနပ်ဖြစ်နေကြသည်။ လျှပ်စစ်မီးမလာသဖြင့် ပြည်သူလူထုမှာ ဖယောင်းတိုင်ကိုသာ အဓိကထားထွန်းညှိနေရသဖြင့် မီးလောင်မှုများ မကြာမကြာဖြစ်ပေါ်လေ့ ရှိကြောင်း မြို့ခံများကပြောသည်။
သတင်း- ကိုကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment