လှတပတ ဆံညိုမလေးက အမေရိကန်ပြည်ထောင်စု၊ ဒဲလ်တာလေကြောင်းလိုင်းကို ဖုန်းဆက်ပြီး စုံစမ်းပါသတဲ့။
`ကျေးဇူးပြုပြီး ရှင်။ ဆန်ဖရန်စစ္စကိုကနေ နယူးယောက်ကို လေယာဉ်ပျံသန်းချိန် ဘယ်လောက်ကြာမလဲရှင့်´
တဖက်က လေကြောင်းလိုင်းက စာရေးက အလုပ်သိပ်များနေတယ်။ အခြားတစ်ဦးနဲ့ ဖုန်းပြောနေတယ်။ အဲဒါကြောင့်
`ခဏလေးခင်ဗျာ´လို့ ပြောမိလိုက်သတဲ့။ `အခုလိုသိရတာ ကျေးဇူးတင်ပါတယ်ရှင်´လို့ ဆံညိုမလေးက သဘောကျသွားပြီး ဖုန်းချလိုက်ပါတယ်။
မှတ်ချက်။ ။ ၂၀၁၀-ခုနှစ် ဇန်န၀ါရီလထုတ် ရန်ကုန်တိုင်း(မ်)မှ ကူးယူဖော်ပြပါသည်။
*** (ဟာဒယနှလုံး- တခဏပြုံး) ***

No comments:
Post a Comment