*** ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါလျှင် အူမကြီးကင်ဆာဖြစ်ပွားမှု လျော့ကျနိုင်ဟုဆို ***
နေ့စဉ်ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းသည် အူမကြီးကင်ဆာဖြစ်ပွားမှုကို လျော့ကျစေနိုင်ကြောင်း ဗြိတိသျှ ဆေးသိပ္ပံပညာရှင်များ၏ သုတေသနပြုချက်၌ ဖော်ပြထားသည်။ အထူးသဖြင့် အမျိုးသားများတွင် နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းကို သီတင်း တစ်ပတ်လျှင် ၂၇-ကြိမ်ခန့် ပြုလုပ်ပေးပါက အူမကြီးကင်ဆာဖြစ်ပွားမှု ၅၀-ရာခိုင်နှုန်း ကျဆင်းကြောင်း တွေ့ရှိရသည်ဟု ၄င်းတို့၏ သုတေသနပြုချက်၌ ဖော်ပြထားသည်။ ကိုယ်လက်လေ့ကျင့်ခန်းမျိုးစုံအနက် နှစ်သက်ရာ ကိုယ်လက်လေ့ကျင့်ခန်း တစ်မျိုးကို
ပုံမှန်ပြုလုပ်သူများအား နှစ်နှစ်ကြာ သုတေသနပြုလေ့လာခဲ့ရာ ကင်ဆာဖြစ်ပွားမှု မတွေ့ရှိရကြောင်း ၄င်းတို့က ပြောကြားသည်။ ကင်ဆာရောဂါဖြင့် သေဆုံးသူ ၂၅၈-ဦးကို လေ့လာခဲ့ရာ ၈၈-ဦးသည် အူမကြီး ကင်ဆာဖြင့် သေဆုံးရသူများဖြစ်ပြီး ၄င်းတို့သည် ကိုယ်လက်လေ့ကျင့်ခန်း မပြုလုပ်သူများဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဗြိတိသျှဆေးသိပ္ပံပညာရှင်များက ပြောကြားသည်။ (အင်တာနက်)
***(Public Health)***

No comments:
Post a Comment