(ဇန္န၀ါရီ ၁၉-ရက် ၂၀၁၀)
ပြီးခဲ့သောရက်ပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်းဖူးခက်မြို့တွင် မြန်မာအိမ် အလုပ် သမတစ်ဦးကလေး ထိန်းးလုပ်နေသော အသက် ၄ နှစ် အရွယ် ကလေးငယ် သေဆုံးမှုမှာအသက်ရှုမွန်းကြပ် ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ၀က်ချီးလှဆေးရုံမှုခင်း ဆရာဝန်းဆေးစစ်အချက်အား ကိုးကားပြီး အမှုလိုက်ရဲ အရာရှိကပြောဆိုလိုက်သည်။ ဇန္န၀ါရီလ ၁၆ ရက်နေ့ ကဖူးခက်မြို့ချလောင်းရွာ အမှတ်၇ရပ်ကွက်၊ အိမ်အ မှတ် ၄၇/၁၇ နှစ်ထပ် အိမ်တွင် အသက်၎နှစ်အရွယ် ဖေါပစို ဖေါလတ်စာအမည်ရှိ ထိုင်းကလေး ငယ်မှာသေးဆုံးနေခဲ့သည်။ အသက်၃၂ နှစ်အရွယ် ထိုင်းအမျိုးသမီးနန်းပါလိဒါ ဖေါလ်စာက “ကျမ အိမ်ပြန် ရောက်တော့ကလေး သေတဲ့အနားမှာနို့ဗူးတစ်ဗူး၊ကလေးမှာအကျီင်္င်္်မရှိဘူး။
အနှီးစအဖြူနဲ့ ပတ်ထားတယ်။ကလေးမျက်နှာ ရဲ့ ညာဘက်မှာလက်သဲခြစ်ရာတွေ့ တယ်၊ကလေးထိန်းနေတဲ့ မြန်မာအလုပ်သမ နန်းစောင်အဲပါး မရှိတော့ဘူဲး” ဟု၁၇ ရက်နေ့ ထုတ်ထိုင်းရပ်သတင်းစာတွင်ဖေါ်ပြခဲ့သည်။ အသက်၃၂နှစ်အရွယ် နန်းစောင် apple ဆိုသည့်မြန်မာအလုပ်သမအား တစ်လလျှင် ဘတ်၇၀၀၀ နှင့်ငှါးရမ်းထားပြီး သူမ အ လုပ်အသွားအပြန်စီနင်းရန် ဟွန်ဒါတစ်စီကိုဝယ်ပေးထားပြီး ဖူးခက်လိုင်စင်ဖြင့် လုပ်ပေးထားကြောင်း ကလေးမိခင်ပြောပြသည်။ ကလေးငယ်မှာအငိုသန်သဖြင့် ကလေးထိန်းနေသောမြန်မာအလုပ်သမ မပန်းသီး(နန်းစောင် apple)ကစိတ်တိုပြီး ကလေးငယ်အားနှာခေါင်းနှု့င့်ပါးစပ်ကို ပိတ်မိခြင်းဖြစ်နိုင်ကြောင်း သတင်းတွင်ရေသားထားခဲ့သည်။ သို့ ရာတွင် ယမန်နေ့ က ထိုင်းဘာသာဖြင့်ထုတ်ဝေသောထိုင်းရပ်သတင်းစာတွင် မူဝက်ချီလတ် ဆေး၇ုံက ကလေးငယ်ကို လည်ပင်းညှစ်သတ်ခြင်းမဖြစ်ကြောင်း၊ဒဏ်ရာဒဏ်ချက်များမတွေ့ ရှိရကြောင်းဆေးစာရေးသားထားသည်။ အမှုစစ်ရဲအရာရှိက တရားခံဟုယူဆရသူကို ဖမ်းမိပါက ဘယ့်အတွက်ကြောင့်ကလေးငယ် ယခုကဲ့သို့ သေဆုံးရသလဲဆိုသည်ကိုသာမေးမြန်းမည်ဖြစ်ပြီး လူသတ်မှုမဖြစ်နိုင်ကြော င်းရေးသားဖေါ်ပြထားသည်။ မြန်မာအိမ်တွင်းမှုအကူအလုပ်သမ (အိမ်ဖေါ်)များကို ထိုင်းလုပ်ငန်းရှင်များက မုဒိမ်းကျင့်၊သတ်ဖြတ်၊နှိပ်စက် မှုများရှိသကဲ့ သို့ မြန်မာအိမ်ဖေါ်အလုပ်သမအချို့ တို့ ကလည်းအိမ်ရှင်များအပေါ် သတ်ဖြတ်ခြင်း၊လုယက်ခြင်း၊ခိုးဝှက်ခြင်းအချို့ ရှိသည်။ ထိုင်းရှေ့ နေများကောင်းစီ၊လူ့ အခွင့်အရေးဆိုင်ရာကော်မီတီဒုတိယ ဥက္ကဌ စူရန်ပုံကောင်ကျန်ချစ် က“ထိုင်းအစိုးရဲ့ အားနည်းချက်တွေကြောင့်ဒီပြဿနာတွေကိုရှင်းမရတာဖြစ်တယ်။ထိုင်းအစိုးရက မြန်မာအလုပ်သမားတွေရဲ့ လက်ဗွေရာတွေကိုယူမထားနိုင်တာပါ။နိုင်ငံခြားသားအလုပ်သမားတွေအားလုံးကိုမှတ်ပုံတင်မထားတိုင်တာ
ကြောင့် ဒီလိုကိစ္စတွေကိုလွယ်လွယ်နဲ့ တော့ရှင်းနိုင်မှာမဟုတ်ပါဘူး။ထိုင်းတွေက မြန်မာတွေကိုအကြမ်းဖက်တာရှိသလို မြန်မာအလုပ်သမားတွေကအကြမ်းဖက်တာလည်းရှိတယ်။ မြန်မာတွေကိုအကြမ်းဖက်ရင်သတင်းတွေမှာ ဖေါ်ပြတာနည်း ပေမယ့်။မြန်မာအလုပ်သမားတွေက အကြမ်းဖက်ရင်တော့များများဖေါ်ပြတတ်ကြပါတယ်။ဒီလိုဖြစ်ရတာဟာ သင်တန်းတွေမရှိတာ ရယ်၊ငွေရလို မှုတစ်ခုကြောင့် ကိုယ်ဝါသနာမပါတဲ့အလုပ်ကိုလုပ်ရတာရယ်။ အလုပ်ပင်ပန်းတာတွေရယ်ကြောင့်လည်း ပါပါတယ်”ဟုဘီဘီစီကိုပြောဆိုသွားသည်။
***သတင်း-ကိုကျော်သောင်း (ဘန်ကောက်)***

No comments:
Post a Comment