(ဇန္န၀ါရီလ ၂၂-ရက် ၂၀၁၀)
ထိုင်းမြန်မာအစိုးရတို့ အကောင်အထည်ဖေါ်နေကြသော ယာယီပတ်စ်ပို့ လုပ်ငန်းပြီးစီးမှု အနေအထားအရ နောက်ထပ်လုပ်ကိုင်ချိန်၂နှစ်တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် စူဖတ်ဖူးဝန်ပြောဆိုလိုက်သည်။ ယမန်နေ့က ကျင်းပသော ထိုင်းနိုင်ငံအလုပ်သမားရေးနှင့် အလုပ်အ ကိုင်ရှာဖွေရေးရုံးချုပ် အစည်းအဝေးခန်းမတွင်ထိုင်းသတင်းဌာများနှင့် မြန်မာသတင်းဌာနသတင်း ထောက်များ အားပြောကြား ခဲ့ခြင်းဖြစ်သည်။ ကုန်ကျစရိတ်ကြီးမြင့်လွန်းသဖြင့် မြန်မာအလုပ် သမားများ ၀န်ထုတ်ဝန်ပိုးဖြစ် နေသဖြင့် ဒီအပေါ်မှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနအနေဖြင့် စဉ်းစားပေး နိုင်မလားဟူ၍ ဘီဘီစီကမေးမြန်း ခဲ့သည်။
ဒုတိယညွှန်ကြားရေးမှူးချုပ် စူဖတ်ဖူးဝန် က“ဒီကြားခံကုမ္ပဏီလို့ ခေါ်တဲ့ပွဲစားတွေကို ခွင့်ပြုလိုက် ရတာက နိုင်ငံသားစီစစ်ဖို့ လျှောက်လွှာဖေါင်များအားဖြည့်စွက်ခဲ့ကြစဉ်က အ လုပ်ရှင်နှင့်အလုပ် သမားများကမှန်မှန်ကန်ကန်တိတိကျကျ မဖြည့် စွက်နိုင်ဘူး။လျှောက်လွှာဖေါင်ပေါင်း တစ်သိန်း ကျော်လောကမြန်မာနိုင်ငံကိုပို့ တဲ့အထဲမှာ ထက်ဝက်ကျော်ကျော်လောက်ကိုမြန်မာပြည် မှာစီစစ်လို့ မရ ဘူးဆိုပြီးပြန်ပို့ လာပါတယ်။ဒါကြောင့်ဒီဝန်ဆောင်မှုလုပ်မယ့်ကုမ္ပဏီတွေကိုမြန်မာ အစိုးရကတင်ပြ လာလို့ ခွင့်ပြုခဲ့ရတာပါ။လူတစ်ယောက်ကို ၀န်ဆောင်မှု ၄၅၀၀ ယူတာဟာ သင့်တော်တဲ့နုန်းထားပါ”ပြောသည်။
၂၀၀၉ ခုနှစ်အတွင် ထိုင်းနိုင်ငံအတွင်းတရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်လုပ်ထားသော ကမ္ဘောဒီယား၊လာအိုနှင့်မြန်မာအလုပ်သမား ၁၃သိန်းအနက် အများစုဖြစ်သောမြန်မာအလုပ်သမား များအား နိုင်ငံသားစီစစ်ပြီးနောက် ယာယီနိုင်ငံကူးလက်မှတ် ပေါင်းခုထိ တစ်သောင်းကျော်ပြီးစီးခဲ့ပြီးဖြစ်သည်။ထို့ ကြောင့် နိုင်ငံကူးလက်မှတ်လုပ်ငန်းစဉ်ကို နောက်ထပ် ၂ နှစ်သက်တမ်းတိုးမြှင့်လုပ်ဆော င်သွားမည်ြ့ဖစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် စူဖတ်ဖူးဝန်ကပြောသည် ။၂နှစ်အတွင်း နိုင်ငံကူးလက်မှတ်ပြီးသွားခဲ့ပါက ယင်းနောက်ပိုင်း ထိုင်းနိုင်ငံအတွင် ယာယီပတ်စပို့ နှင့်အလုပ်လုပ်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်းလည်းသန်းခေါင်းစါရင်းနှင့်မှတ်ပုံတင်လည်းမရှိ သောမြန်မာအလုပ်သမားများအား ထိုင်းအစိုးရက ဖမ်းဆီးပြန်ပို့ မည်ဆိုပါက ရက်စက်သော မြန်မာအစိုးရ၏လုပ်ရပ်များကိုသိသိကြီး ဖြင့် လုပ်ရာမရောက်လူးလား ဟု ဗွီအိုအေသတင်းထောက်ကမေးမြန်းသည်ကို ဒုညွှန်ချုပ်က“ အဲဒါက မြန်မာအစိုးရအပိုင်းပဲဖြစ်တယ်။ကျနော်တို့ ကတော့ ကျနော်တို့ တိုင်းပြည်ရဲ့ ဥပဒေအတိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်၊လာမယ့်ဖေါ်ဖေါ်ဝါရီလကုန်မှာ ပတ်စပို့ လျှောက်ထားလို့မရှိတဲ့ အလုပ်သမားတွေကို တော့ဖမ်းဆီးပြန်ပို့ မှာဖြစ်တယ်။ ပတ်စပို့ လုပ်တာ အားလုံးအတွက်ကောင်းပါတယ်။လုပ်ကြပါလို့ကျနော်ထပ်ပြောချင်ပါတယ်” ဟုဖြေဆိုသွားခဲ့သည်။
အ ကယ်၍အလုပ်ရှင်းများက ကိုယ်တိုင်သွားလုပ်လိုလျှင်လည်းလမ်းညွှန်စာစောင်များ ထုတ်ဝေပေးနေကြောင်း အလုပ်သမားကိုယ်တိုင်လည်း သွားလုပ်လို့ ဖြစ်ကြောင်းပြောဆိုသွားသည်။ အဆိုပါသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးဖြစ်သည့် ဘန်ကောက်အခြေစိုက်
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်း နိုင်ငံခြားဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးမှူး ဦးမျိုးနိုင်က“အလုပ်သမားတွေက ယာယီပတ်စပို့ နဲ့ ပတ်သက်ပြီးတော့ သတင်းအချက်အလက်အပြည့် အစုံမသိသေးတာများတယ်၊မဖြစ်မနေလုပ်ရမယ်ဆိုတဲ့အခါ အခက်အခဲတွေအများကြီးတွေ့ လာရတယ်။ ယာယီပတ်စပို့ မလုပ်မီနဲ့ လုပ်ပြီးတဲ့အခါ ဆောင်ရန်ရှောင်ရန်တွေ အများကြီးကျန်ပါသေးတယ်။ လွယ်တော့မလွယ်သေးဘူးဗျ။ သုံးလတစ်ကြိမ်၊ထိုင်း လူဝင်မှုကြီးကြပ်ရေးကိုသွားရမှာတို့၊အရေးပေါ်မြန်မာနိုင်ငံကိုပြန်မယ် ဆိုရင်အဲဒီလ၀ကရုံးမှာ(ပြန်လည်ပြည်ဝင်ခွင့်ဗီဇာ) သွားရလုပ်ရပါမယ်၊စာအုပ်ကိုရေမစိုအောင်၊ မပျောက်ပျက်အောင် ထိမ်သိမ်းတာမျိုး၊အခြားလူကိုငှါးရမ်းတာမျိုးတွေ အစရှိသဖြင့် သိစရာတွေအများကြီးလိုသေးတယ်ဗျ ။ဒီစာအုပ်လုပ်ပြီးwork permit လုပ်ရအုံးမယ်အယင်ဘတ် လုပ်သလိုအဆင်တွေလုပ်ရအုံးမယ်ဆိုတာတွေပေါ့ဗျာ” ဟုပြောဆိုသွားသည်။
မြန်မာအစိုးရက နောက်ထပ်အလုပ်သမားအသစ်လူ၂သိန်းအား ယာယီပတ်စ်ပို့  နယ်စပ်တွင်ထုတ်ပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း၊ နောင်လာမည့်ငါးနှစ်အတွင်းအာဆီယံအတွင်း လွတ်လွတ်လပ်လပ်လုပ်ကိုင်နိုင်မည့် အနေအထားများရှိသဖြင့် အလုပ်သမားများပြဿနာများလည်း နည်းပါးသွားမည်ဖြစ်ကြောင်းအပြင် ထိုင်းနိုင်ငံအတွင်းလာရောက်အလုပ်လုပ်ကိုင်ကြသည့် နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံဥပဒေများကိုလိုက်နာပြီးနေထိုင်အလုပ်လုပ်ကိုင်ကြ စေလိုကြောင်း
ထိုင်းအလုပ်သမားဝန်းကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ကပြောဆိုသွားခဲ့သည်။
***သတင်း-ဦးကျော်သောင်း(ဘန်ကောက်)***

No comments:
Post a Comment