ဟုတ်ကဲ့ပါခင်ဗျာ…..။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အနောက်မြောက်ဖက်မှာ `ဘန့်ဆောင်ခွဲ´ ရပ်ကွက် ကြီးဆိုတာ ရှိပါတယ်။ အဲဒီရပ်ကွက်ကြီးထဲမှာ ဆောင်ခွဲနိမ်ဆိုတဲ့ရပ်ကွက်ငယ် တစ်ခုရှိပြီး အဲ့ဒီ ဆောင်ခွဲနိမ် ဆိုတဲ့ ရပ်ကွက်ငယ်ထဲမှာမှ မြန်မာအလုပ်သမားတွေက မိမိတို့ဖာသာ အမည်ပေးထားတဲ့ `အနာဂတ်သစ်ရပ် ကွက်´ (၀ါ) `မဲဆောက်အမှိုက်ပုံ´ဆိုတာက ဖြစ်တည်နေတာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ဟောဒီ မဲဆောက်မြို့က မြူနီစီပါယ် အမှိုက်ပုံကြီးအကြောင်းကို ဟောဒီလို ကဗျာစပ်ပြီး မှတ်တမ်းတင်ကြည့် လိုက်ချင်ပါတယ်။
`ပဲခူးတိုင်းထဲက
စစ်တောင်းမြစ်အနီး
ကျောက်ကြီးမြို့ဘက်က လာပါတယ်
ဒီိုဆက်သွယ် ပေါင်းကူးဖလှယ်သတဲ့
ကျောက်ကြီးမြို့နယ်နဲ့ မဲဆောက်အမှိုက်ပုံရယ်ကွဲ့
ချိတ်ဟယ်၊ ဆက်ဟယ်၊ ကွန်တက် တယ်တဲ့
ရှယ်ပါပဲဗျာ ရောက်လာကြတာတဲ့
စက်ချုပ်မလား…………………… မလုပ်ဘူးကွဲ့
သိုးမွှေး ထိုင်စက် …………………… လက်ကာပြသတဲ့
ဆောက်လုပ်ရေးလည်း …………………….. ဆောရီးပဲတဲ့
စိုက်ပျိုးရေးလည်း …………………….. နိုးနိုးပဲတဲ့
ဈေးဝယ်၊ ဈေးရောင်း ………………….. ခေါင်းခါကြသတဲ့
ယင်တလှောင်းလှောင်း ………………………. ထောင်းလမောင်းထ
အနံ့ကြားကပဲ…………………. ပျော်ရွှင်ကြသတဲ့
ညှီစို့စို့နဲ့ ………………. အနံ့ပေါင်းစုံ
ပေးလိုက်ပုံက ……………………. ကိုယ်ပေါ်လွှမ်းခြုံ
အမှိုက်ပုံကြီး ……………………… နီးလာသလိုလို
ခံစားဆိုကြ ………………………. (အို) အမှိုက်ကောက်သမား
မြန်မာလုပ်သားတို့ ……………………… အောက်တန်းစားဘဝ
အခြေမလှလည်း ……………………….. ၀မ်းဝ၊ ခါးလှ နေနိုင်ကြသတဲ့။
လူကြီးတွေကောက်ရင်……………….. တစ်နေ့ တရာ့ငါးဆယ်၊ နှစ်ရာကအထက်
ကလေးတွေကောက်ရင် ……………………….. တစ်နေ့ ငါးဆယ်က အထက်
အသာလေးရနေကြတာမို့ ………………………. စက်ချုပ်ဖို့လိုပါသလား
ဆောက်လုပ်ရေးလုပ်ဖို့ ဟင့်အင်းဗျား …………………. စိုက်ပျိုးရေးလုပ်ဖို့ ခေါင်းခါသွား
အဲဒါတွေများဟာ ဟောဒီအမှိုက်ပုံမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါဗျာ…………..။
(ဆက်လက်ဖော်ပြပါမည်)
***ခံစားတင်ပြသူ- သောင်ရင်းနဂါး (မြန်မာပြည်သား) ***

No comments:
Post a Comment