ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, January 1, 2010

Happy New Year 2010 စကားလက်ဆောင်

> ***(HAPPY NEW YEAR 2010)***
HAPPY NEW YEAR မှာ ပြောချင်တဲ့ စကားတွေ ... ကိုနေဘုန်းလတ် ရေးခဲ့သော Happy New Year
စကားလက်ဆောင်လေးကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ဦးတင်ဦး၊ကိုနေဘုန်းလတ်နှင့် နိုင်ငံရေးအကျဉ်းသားများ မတရားအကျဉ်းစံဘ၀ကနေမြန်မြန်လွတ်ပါစေ.....မြန်မာပြည်သူပြည်သားအပေါင်း စစ်မှန်သောဒီမိုကရေစီရရှိပြီး ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ ကျန်းမာချမ်းသာကြပါစေလို့ .....NLD(LA)JB လူငယ်အဖွဲ့ကိုယ်စား..........
***HAPPY NEW YEAR မှာ ပြောချင်တဲ့ စကားတွေ ...

Hopes accompanied us to the next year's dates

All what we have done are also with us as a shade

Pure the heart for knowing the true rights

Pure the mind for making the best times

You are the one who can manage to earn both cold and warm

New Year is the one that remind u to value the length of time

Every change won't be same what you want to gain

We have to try again to attain the various aims

Your view can be changed according to your brain

Every point of view can make you in sane

A man should be a man who can take responsibility of his stand

Remember that you can't pass clearly to the new year if you have the unfinished affairs in the old year.

ဘာရယ်မဟုတ်ပါဘူး ... အင်တာနက်ထဲမှာ လိုက်ရှာရင်းနဲ့ Happy New Year ဆိုတာကို အမျိုးမျိုး ကဗျာလေးတွေစပ်ထားကြတာ တွေ့လိုက်တာနဲ့ ကျွန်တော်လဲ ကိုယ့်ဖာသာကို အဲဒါမျိုးလေး စပ်ကြည့်ရင် ကောင်းမယ်ဆိုပြီး ... လျှောက်ရေးမိတာလေးပါ ...။ နှစ်သစ်ကူး အထိမ်းအမှတ်သဘောကို မဆောင်ရင်တော့လဲ ဆောရီးပါ ...။ နှစ်သစ်တစ်ခုအတွက် ကျွန်တော်က ပေးတဲ့ စကားလက်ဆောင်လေးလို့ပဲ သဘောထား စေချင်ပါတယ် ...။

နှစ်သစ်ရဲ့နေ့စွဲတွေထဲကို ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေက အတူလိုက်ပါလာကြတယ် ...။
ကျွန်တော်တို့ မျှော်လင့်ထားတာတွေ ဘာတစ်ခုမျှမှ ဖြစ်မလာသေးတာလေ ... အဲဒီ့တော့လဲ အဲဒီ့မျှော်လင့်ခြင်းတွေကို နှစ်သစ်တစ်ခုထဲကို ကျွန်တော်တို့ ဆက်လက်ထမ်းပိုးသယ်ဆောင်သွားကြရမှာ အသေအချာပဲပေါ့ ...။

ကျွန်တော်တို့လုပ်ပြီးခဲ့တဲ့ အရာတွေကလည်း ကျွန်တော်တို့ရဲ့နောက်ကနေ အရိပ်တွေလို ကပ်ပါလာကြတယ် ...။
ကောင်းမှုတွေလုပ်ခဲ့သလား၊ မကောင်းမှုတွေလုပ်ခဲ့သလား အဲဒါတွေရဲ့ အကျိုးဆက်တွေကို ကျွန်တော်တို့တွေ

နှစ်ဟောင်းထဲမှာ ထားခဲ့လို့မရပါဘူး ...။ ဗုဒ္ဓဘာသာဝင်တွေပီပီ ကံကံ၏အကျိုးကို လက်ခံယုံကြည်တယ်ဆိုရင် ကိုယ်လုပ်ခဲ့တဲ့ကောင်းမှုတွေကိုခံစားဖို့နဲ့ ကိုယ်လုပ်ခဲ့တဲ့မကောင်းမှုတွေအတွက် ၀ဋ်ပြန်ခံဖို့ ကျွန်တော် တို့တွေ ကြိုတွေးထားသင့်ပါတယ် ... ။

စစ်မှန်တဲ့အခွင့်အရေးတွေကိုသိဖို့အတွက် ... ကျွန်တော်တို့ရဲ့နှလုံးသားတွေကိုသန့်စင်ထားကြမယ် ။
ကျွန်တော်တို့တွေဟာ လူရယ်လို့ဖြစ်လာပြီဆိုရင် လူသားတစ်ယောက်ရဲ့ စစ်မှန်တဲ့ အခွင့်အရေးဆိုတာ ဘာတွေကိုပြောတာလဲ ဆိုတဲ့မေးခွန်းကို ကိုယ်ကိုယ်တိုင်အတွက်ရော သူများတွေအတွက်ပါ ဖြေနိုင်ဖို့ ကြိုးစားထားသင့်ပါတယ် ...။ လူတွေရဲ့စစ်မှန်တဲ့အခွင့်အရေးဆိုတာကို သိနိုင်ဖို့ ကျွန်တော်တို့ရဲ့နှလုံးသားတွေ သန့်စင်နေဖို့လိုပါတယ် ...။ နှလုံးသားတွေမသန့်စင်ဘူးဆိုရင် ... ကိုယ့်အတွက် အခွင့်အရေးကို တိုးတွက် တတ်ပြီး သူများရဲ့အခွင့်အရေးတွေကိုတော့ လျှော့တွက်တတ်ပါတယ် ...။ ဒါကြောင့် နှလုံးသားတွေကို သန့်စင်ပြီး ... လူတိုင်းရဲ့ အခွင့်အရေးတွေကို သိနေအောင် ကျွန်တော်တို့ကြိုးစားကြပါစို့ဗျာ ...။

Pure the mind for making the best times

အကောင်းဆုံး အချိန်ကာလတွေကို ဖန်တီးဖို့ ... ကျွန်တော်တို့ရဲ့ စိတ်တွေကို သန့်စင်ထားကြမယ် ။
ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ အချိန်ကာလတွေက အတိတ်ဆိုတဲ့ အမည်နာမတစ်ခုအဖြစ်နဲ့ နှစ်ဟောင်းမှာ ကျန်ခဲ့မှာဖြစ်ပေမယ့် ...။ အဲဒီ့ အတိတ်ဆိုတာတွေကပဲ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သမိုင်းဆိုတဲ့ အမည်နာမ အသစ် တစ်ခုနဲ့ အားလုံးရဲ့ မျက်မှောက်မှာ ပြန်လည် ပေါ်ထွက်လာမယ်ဆိုတာ အသေအချာပါပဲ ...။ သမိုင်းရဲ့ စာမျက်နှာတွေမှာ ဘာတွေတင်ကျန်ရစ်ခဲ့သလဲ ဆိုတာဟာ မျက်မှော်ခေတ်ကလူတွေ သူတို့ရဲ့အချိန်ကာလ တွေကို ဘယ်လိုကုန်ဆုံးစေကြပြီး ဘာတွေကိုဖန်တီးနေကြသလဲ ဆိုတဲ့ အပေါ်မှာ အများကြီးမူတည်ပါတယ် ...။ ကျွန်တော်တို့တွေ အချိန်ကာလတွေကို အကောင်းဆုံးဖန်တီးနိုင်ဖို့ဆိုတဲ့ နေရာမှာလဲ အရေးအကြီးဆုံးကတော့ စိတ်တွေ သန့်စင်မွန်မြတ်နေကြဖို့ပဲဖြစ်ပါတယ် ...။ စိတ်ဓါတ်အောက်တန်းကျသူတွေများနေလို့ကတော့ ... အချိန်ကာလတွေက ညစ်ပေမှောင်မှိုင်းနေမှာဖြစ်သလို အဲဒီ့ခေတ်ရဲ့ သမိုင်းဟာလဲ နှောင်းလူတွေရဲ့ခေတ်မှာ ရိုင်းစိုင်းနေမှာသေချာပါတယ် ...။

သင်ဟာ အေးစက်ခြင်းနဲ့ နွေးထွေးခြင်း ဘယ်အရာကို မဆိုရယူနိုင်အောင် ထိမ်းကွပ်နိုင်တဲ့ တစ်ဦးတည်းသော သူဖြစ်တယ် ...။
လောကဟာ ဆန့်ကျင်ဘက်တွေများစွာနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ... လူတို့ရဲ့ အသိုင်းအ၀န်းတစ်ခုပါ ...။ အကောင်းလား အဆိုးလား၊ အနိုင်လား အရှုံးလား ၊ အချစ်လား အမုန်းလား ဘယ်အရာကိုပဲ သင်ရနေသလဲဆိုတာဟာ သင့်ရဲ့ လက်ထဲမှာပဲရှိတဲ့ သင်တစ်ယောက်တည်းပိုင်တဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ် ...။
သင်ရနေတဲ့ အဆိုးအကောင်း၊ အကျိုးအပြစ်တွေအတွက် ဘယ်အရာကိုမှ လွှဲချမနေပါနဲ့ ... အဲဒါတွေ အားလုံးဟာ သင်ကိုယ်တိုင်ရွေးချယ်ခဲ့တာတွေပါပဲ ...။

နှစ်သစ်တစ်ခုဆိုတာ အချိန်ကာလကို ကျွန်တော်တို့တန်ဖိုးထားတတ်စေဖို့ ကျွန်တော်တို့ကို သတိပေးတဲ့ အရာတစ်ခုပါပဲ ...။
ဟုတ်ပါတယ် ...။ တခါတခါမှာ ဘ၀ထဲမှာ ရုန်းကန်လှုပ်ရှားနေရလို့ပဲဖြစ်ဖြစ် ၊ ဘ၀ရဲ့ အနှစ်သာရတွေမှာ ပျော်ပါးယစ်မူးနေလို့ပဲဖြစ်ဖြစ် ကျွန်တော်တို့တွေဟာ အချိန်ကာလဆိုတာနဲ့ သေခြင်းတရားဆိုတာကို မေ့လျှော့နေတတ်ကြပါတယ် ...။ နှစ်သစ်တစ်ခုကိုကူးတော့မှာ ... “ သြော် ... ဘာလိုလိုနဲ့ တစ်နှစ်ကုန်သွားပါရောလား ” “ သြော် ... ငါတို့တောင်သေဖို့ တစ်နှစ်ပိုနီးလာပြီပဲ” ဆိုတာမျိုးကို သတိရတတ်ကြတာပါ ...။ အဲဒီလို့ သတိရတတ်နေရင်ပဲ မဆိုးဘူးလို့ ဆိုရမှာပါပဲ ...။

့ ပြောင်းလဲမှုတိုင်းဟာ ကျွန်တော်တို့လိုချင်တာတွေနဲ့ အမြဲတမ်းထပ်တူကျချင်မှ ကျမှာပါ ...။

အရာရာပြောင်းလဲ နေတဲ့လောကကြီးမှာ အချို့သောပြောင်းလဲမှုတွေဟာ ကျွန်တော်တို့ ဖြစ်စေချင်တာနဲ့ ထပ်တူကျမနေတာမျိုးတွေ အများကြီးဖြစ်နိုင်ပါတယ် ...။ ဒါဟာ သဘာဝတရားဆိုတာကို ကျွန်တော်တို့ လက်ခံထားဖို့လိုပါတယ် ...။ ဘ၀ရဲ့ ပြဿနာဆိုတာဟာ သင်္ချာပုစ္ဆာတစ်ပုဒ်လို ပုံသေနည်းတွေထဲ ထည့်တွက်လို့ ရတဲ့ အရာတွေမဟုတ်ပါဘူး ...။ အရာရာတိုင်းမှာ မျှော်လင့်ထားတဲ့ အတိုင်းဖြစ်မလားဘူးဆိုရင် ဆိုတဲ့ အခြေအနေတစ်ခုကို ... ကျွန်တော်တို့ အမြဲတမ်းထည့်သွင်းစဉ်းစားတတ်ဖို့ လိုပါလိမ့်မယ် ...။

We have to start again to attain the various aims

နှစ်သစ်တစ်ခုရောက်တိုင်းမှာ အမျိုးမျိုးသော ရည်မှန်းချက်တွေကို ရရှိဖို့အတွက် ကျွန်တော်တို့တွေ ထပ်မံကြိုးစားကြရတာပါပဲ ...။
ဘ၀ဆိုတာ အရွယ်ရောက်လာတဲ့ အချိန်ကစလို့ သေဆုံးသွားချိန်အထိ ပုံသဏ္ဍာန်အမျိုးမျိုးသော ရည်မှန်းချက် တွေ အတွက် အမြဲတမ်းကြိုးစားနေကြရတဲ့ ... သံသရာရဲ့ အချိန်အပိုင်းအခြားတစ်ခုပါပဲ ...။ ရည်မှန်းချက်တစ်ခုပြီးသွားတော့လဲ နောက်ထပ်ရည်မှန်းချက်တစ်ခုက ထပ်ပေါ်လာတာပါပဲ ...။ အဲဒီ့အတွက် ကျွန်တော်တို့တွေ ထပ်မံကြိုးစားကြရတာပါပဲ ...။ ဒီသဘောတရားကိုလဲ ကျွန်တော်တို့ နားလည်ထားဖို့လိုပါတယ် ...။

သင့်ရဲ့ဦးနှောက်(အသိဥာဏ်၊ အတွေးအခေါ်)ကိုလိုက်ပြီး သင့်ရဲ့ အမြင်တွေပြောင်းလဲနေမှာပါ ...။
ဦးနှောက်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားမယ်ဆိုရင် ... အသိဥာဏ်၊ အတွေးအမြင်တွေလို့ မြင်လို့ရပါတယ် ...။ လူတစ်ဦးတစ်ယောက်ရဲ့ အသိဥာဏ်၊ အတွေးအမြင်ကို လိုက်ပြီး သူ့ရဲ့ အရာရာကို သုံးသပ်ရှုမြင်တဲ့ အမြင်ဟာလဲ မတူညီပဲကွဲလွဲသွားတတ်ပါတယ် ...။ အသိဥာဏ်နုံနဲ့ညံ့ဖျင်းသူတွေရဲ့ အချို့သော လုပ်ရပ်တွေမှာ ကျွန်တော်တို့တွေ မှင်သက်အံ့သြနေကြရတဲ့ အဖြစ်တွေရှိခဲ့ကြဖူးပါတယ် ... အဲဒီလို အဖြစ်မျိုးဖြစ်ရတာဟာ သူတို့ရဲ့ လူစဉ်မမီတဲ့ အသိဥာဏ်၊ မပြည့်ဝမရင့်ကျက်တဲ့ အတွေးအခေါ်တွေကြောင့် ဖြစ်ရတာဆိုတာကို ကျွန်တော်တို့နားလည်ထားရပါမယ် ...။

Every point of view without brain can make you in sane

အသိဥာဏ်ကင်းမဲ့တဲ့ ရှုထောင့်တိုင်းက သင့်ကို ရူးသွားစေနိုင်ပါတယ်။
အထင်မှား အမြင်မှားနေကြတဲ့သူတွေ၊ အဖြစ်အပျက်တစ်ခုကို ရှုထောင့်အမှားကနေ ကြည့်နေကြတဲ့သူတွေဟာ အရူးတွေလိုဖြစ်ပြီး ကမ္ဘာလောကကိုအကျည်းတန်အောင် ဖျက်ဆီးနေကြတာ အားလုံး မြင်နေတွေ့နေ ကြရပါတယ် ...။ အဲဒါတွေကို နမူနာယူပြီး ခင်ဗျားတို့ ကျွန်တော်တို့လဲ ... ဘယ်လိုကိစ္စမျိုးကိုပဲဖြစ်ဖြစ် ရှုထောင့်အမှားကနေမကြည့်မိဖို့နဲ့ အသိဥာဏ်နဲ့မယှဉ်တဲ့အမြင်နဲ့ မသုံးသပ်မိဖို့ကို ကြိုးစားကြဖို့လိုပါတယ်။

လူဆိုတာ ကိုယ့်ရဲ့ရပ်တည်ချက်နဲ့ပတ်သက်ပြီး ကိုယ်တိုင်တာဝန်ယူရဲတဲ့သူပဲဖြစ်သင့်ပါတယ် ...။

လုပ်ချင်တာတွေကို လုပ်တုန်းကလုပ်ခဲ့ပြီး ပြီးတော့မှာ ဟိုလူ့လွှဲချ၊ ဒီလူ့လွှဲချလုပ်နေတာဟာ တာဝန်မသိတတ်တဲ့ လူတစ်ယောက်ရဲ့ အပြုအမူပါ ...။ နေရာတိုင်းနေရာတိုင်းမှာ လုပ်ပိုင်ခွင့်နဲ့ တာဝန်ဆိုတာရှိပါတယ် ...။ ကိုယ်ယူထားတဲ့နေရာနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်အရာရာကိုလုပ်ပြီး ရပိုင်ခွင့်အရာရာ ကို တစ်ခုမကျန်သိမ်းကျုံးယူနေပေမယ့် ... အဲဒီ့နေရာရဲ့ တာဝန်ရှိမှုအပိုင်းကိုတော့ သူမဟုတ်သလို လုပ်နေခြင်းဟာ ... စိတ်ဓါတ်အောက်တန်းကျသူတွေရဲ့ စရိုက်လက္ခဏာပါ ...။ ကျွန်တော်တို့အားလုံး စိတ်ဓါတ်မြင့်မြတ်တဲ့ လူသားတွေဖြစ်အောင် ကြိုးစားသင့်ပါတယ် ...။

နှစ်ဟောင်းမှာ လုပ်စရာတွေကျန်နေသေးသရွေ့ နှစ်သစ်ဆီကို သင် ရှင်းရှင်းလင်းလင်းထွက်သွားဖို့ မဖြစ်နိုင်ဘူးဆိုတာ သတိရပါ ...။
ကျွန်တော်တို့ ဘယ်လိုပဲ ထားခဲ့တယ်ပြောပြော ပါလာမယ့်အရာတွေ အများကြီးပါ ...။ ထားခဲ့လို့ မရတာတွေ ၊ ထားခဲ့ဖို့ မသင့်တာတွေ၊ ထားခဲ့ဖို့ မလွယ်တာတွေ အများကြီးကို နှစ်သစ်တစ်ခုဆီ ကျွန်တော်တို့ ဆက်လက်သယ်ဆောင်သွားကြရမှာပါပဲ ...။ ကျွန်တော်တို့လုပ်ခဲ့တဲ့ မကောင်းမှုအကုသိုလ်တွေရဲ့ အကျိုးဆက်တွေကလဲ ကျွန်တော်တို့ နဲ့အတူ ၂၀၀၉ ကိုလိုက်လာမှာပါပဲ ... ။ ကျွန်တော်တို့ ဆပ်စရာရှိတဲ့ အကြွေးတွေကလည်း ဆပ်လို့မကုန်သေးသရွေ့ နှစ်သစ်တွေနောက်ကို လိုက်လိုက်လာမှာပါပဲ ...။ နှစ်သစ်ကိုကူးသွားလို့ ... နှစ်ဟောင်းမှာ အားလုံးကျန်ခဲ့ပြီလို့ထင်ရင်တော့ အားလုံးမှားကုန်မှာဖြစ်ပါတယ် ...။

(သတင်းအပြည့်အစုံနှင့် ဓါတ်ပုံ၊ရုပ်သံမှတ်တမ်းများကို အောက်ပါဘလော့စာမျက်နှာတွင် သွားရောက်ကြည့်ရှူ့ လေ့လာနိုင်ပါတယ်။
NLD(LA)JB Youth News & Information Channel)

***(HAPPY NEW YEAR 2010)***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)