ဂျိုးမှာ ဘောလုံးအားကစားကို လွန်စွာကြိုက်နှစ်သက်သူတစ်ဦးဖြစ်ရုံမျှမက ကွင်းအတွင်း သွားရောက်အားပေးရသည်အထိ ၀ါသနာကြီးလှသူတစ်ဦး ဖြစ်သည်။ ၄င်းအားပေးရာ အီတလီ စီးရီးအေမှ ဂျုဗင်တပ်အသင်း၏ ပွဲစဉ်တိုင်းကို မလွတ်တမ်းအားပေးလေ့ရှိခြင်းကြောင့် လက်မှတ်ရောင်းသူကပင်လျှင် ဂျိုးအားမှတ်မိနေပြီဖြစ်သည်။
သို့သော် ဂျိုးမှာ ပွဲကြည့်ရန် လက်မှတ်ဝယ်တိုင်း ထိုင်ခုံ ၂-ခုံဝယ်လေ့ရှိသည်မှာ ထူးဆန်းနေသဖြင့် တစ်ကြိမ်တွင် လက်မှတ်ရောင်းသူက အကြောင်းရင်းကို ဂျိုးအား မေးမြန်းလေတော့သည်။
လက်မှတ်ရောင်းသူ။ ။ `ဟေ့လူ ဂျိုး ခင်ဗျားဘောပွဲကြိုက်တာတော့ ကျနော်သိပါတယ်။ ဒါပေမယ့် တစ်ယောက်တည်းလာ လာပြီး ထိုင်ခုံ ၂ နေရာစာတောင် ဘာကြောင့်အမြဲ ၀ယ်နေရတာတုန်း´
ဂျိုး။ ။ သြော်… ဒါလား တစ်ခုံကတော့ ကျနော်ထိုင်ကြည့်ဖို့လေဗျာ။ နောက်တစ်ခုံကတော့ ပရိသတ်အချင်းချင်း ပြဿနာဖြစ်ရင် ပြန်ပြီးပစ်ပေါက်ဖို့ပေါ့ဗျာ…´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)***

No comments:
Post a Comment