(ဘာလီ၊ ဖေဖော်ဝါရီလ ၂၆-ရက်)
(၁၁)ကြိမ်မြောက် ကုလသမဂ္ဂ သဘာဝပတ်ဝန်:ကျင် အစီအစဉ်၏ အထူးအစည်းအဝေးကို အင်ဒိုနီးရှားသမ္မတ ဆူစီလိုဘန်ဘန်းယူဒိုယိုနိုက ဖေဖော်ဝါရီလ ၂၄-ရက်နေ့တွင် ဖွင့်လှစ်ပေးလိုက်ကြောင်း ဆင်ဟွာသတင်း၌ ဖော်ပြသည်။ (ဆင်ဟွာ)
*** အီရန်ရေနံ လုပ်ငန်း ရင်းနှီးမြှုပ်နှံရန်လိုအပ် အိမ်နီးချင်းတို့နှင့် ဖက်စပ်လုပ်ကိုင်ရန် ဦးစားပေး ***
(တီဟီရန်၊ ဖေဖော်ဝါရီလ ၂၆-ရက်)
အီရန်နိုင်ငံအနေဖြင့် နှစ် ၂၀-ရည်မှန်းချက်များ ပြည့်မီရေးအတွက် ယင်း၏ ရေနံလုပ်ငန်းတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၄-ဘီလီယံမှ ၃၀-ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားရန် လိုအပ်ကြောင်း အီရန်အမျိုးသားရေနံကုမ္ပဏီ (အင်န်အိုင်အိုစီ)အကြီးအကဲက ပြောကြားသည်။ အီရန်နိုင်ငံသည် အိုမန်၊ ယူအေအီး၊ ကူဝိတ်နှင့် ဆော်ဒီအာရေဗျတို့ကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနှင့် ဖက်စပ်ရေနံတူးဖော်ရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း ဆက်လက်ပြောကြားသည်။ (အင်တာနက်)
*** နိုင်ဂျာမှ လူ ၈-သန်းခန့် စားနှပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေ ***
(ဂျီနီဖာ၊ ဖေဖော်ဝါရီလ ၂၆-ရက်)
စားနပ်ရိက္ခာမဖူလုံမှုကြောင့် နိုင်ဂျာနိုင်ငံရှိ လူ ၈-သန်းခန့် ဒုက္ခရောက်လျက်ရှိပြီး ၂ ဒသမ ၇-သန်းသည် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ဆိုးရွာစွာ ခံစားနေရကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ မာတင်နီဆာကီက ဖေဖော်ဝါရီလ ၂၃-ရက်နေ့တွင် ပြောကြားကြောင်း အင်တာနက်သတင်းအရ သိရသည်။ (ဆင်ဟွာ)
*** ပီရူး၌ လေယာဉ်ပျက်ကျ၍ ၇-ဦး သေဆုံး ***
ပီရူးနိုင်ငံ၌ ဖေဖော်ဝါရီလ ၂၅-ရက်နေ့က ပျက်ကျသည့် လေယာဉ်ပေါ်တွင် လိုက်ပါလာကြသည့် ချီလီခရီးသည် ၃-ဦး၊ ပီရူးနိုင်ငံသား ၃-ဦးနှင့် လေယာဉ်မှူးအပါအ၀င် ၇-ဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ကြေညာသည်။ (အင်တာနက်)
*** ယခုနှစ် ရေနံတစ်စည်ပေါက်ဈေး ဒေါ်လာ ၇၀-ရှိမည်ခန့်မှန်း ***
၂၀၁၀-ခုနှစ်အတွင်း ရေနံတစ်စည် ပျမ်းမျှစေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၇၀-ဖြစ်မည်ဟု ရုရှားဘဏ္ဍာရေးဝန်ကြီး အလက်ဇီကူဒရင်က ဖေဖော်ဝါရီလ ၂၅-ရက်နေ့တွင် ခန့်မှန်းပြောကြားလိုက်သည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အစီအစဉ် အင်ဒိုနီးရှား၌ အထူးအစည်းအဝေး စတင်ကျင်းပ **

No comments:
Post a Comment