အာဆင်နယ်ကွင်းလယ်ကစားသမားနှင့် အသင်းခေါင်းဆောင် ဖာဘရီဂတ်စ်သည် နွေရာသီတွင် ဘာစီလိုနာသို့ ပြောင်းရွှေ့ဖွယ်ရှိသည်။ အသက် ၂၂-နှစ်ရှိ စပိန်နိုင်ငံသား ဖာဘရီဂတ်စ်သည် အာဆင်နယ်နှင့် ၂၀၁၃- ၂၀၁၄- ခုနှစ် ဘောလုံးရာသီကုန်ဆုံးသည်အထိ စာချုပ်ထားသည်။ ဖာဘရီဂတ်စ်သည် အာဆင်နယ်အသင်း နှင့်အတူ ဖလားဆွတ်ခူးနိုင်ရေး ရည်မှန်းချက်မပြည့်္လ၍ အသင်းမှထွက်ခွာမည့် အရိပ်အယောင်ပြနေသည်။ (အင်တာနက်)
*** အန်ဒါဆင်အား စိန့်ဂျာမိန်းခေါ်ယူလို ***
မန်ယူကွင်းလယ်ကစားသမား အန်ဒါဆင်အား ပဲရစ်စိန့်ဂျာမိန်းက ခေါ်ယူစာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းထားပြီဖြစ်သည်။ သို့သော်လည်း ပြင်သစ်ကလပ် စိန့်ဂျာမိန်းက အန်ဒါဆင်အားပေးရမည့် လုပ်ခလစာအတွက် တွန့်ဆုတ်နေသည်။ (အင်တာနက်)
*** အီဂျစ်ကစားသမား ဆန်းဒါးလန်း ခေါ်ယူမှု မအောင်မြင် ***
အီဂျစ်တောင်ပံကစားသမား အာမက်အယ်မူဟာမက်အား ဆန်းဒါးလန်းက ခေါ်ယူရန် ကြိုးစားခဲ့မှုမှာ မအောင်မြင်ခဲ့ပေ။ ဆန်းဒါးလန်းက ပြောင်းရွှေ့ကြေး ပေါင် ၂-သန်းသာပေးခဲ့သဖြင့် ၄င်း၏ အီးအင်န်ပီပီအိုင်ကလပ်က ငြင်းဆိုလိုက်သည်။ (အင်တာနက်)
*** အင်္ဂလန်အသင်းခေါင်းဆောင်နေရာ တယ်ရီ မရေရာ ***
ချဲလ်ဆီးနောက်တန်းကစားသမား ဂျွန်တယ်ရီသည် လာမည့် ၂၀၁၀-ခုနှစ် ကမ္ဘာ့ဖလားအတွက် အသင်းခေါင်းဆောင်အဖြစ် ကစားရမည်။ မကစားရမည်မှာ မသေချာ မရေရာဖြစ်နေသည်။ အင်္ဂလန်အသင်း၏ အသင်းခေါင်းဆောင်နေရာအတွက် စွန့်လွှတ်လိမ့်မည်မဟုတ်ကြောင်း ကာပယ်လိုအား ဂျွန်တယ်ရီက ပြောကြားလိုက်သည်။ (အင်တာနက်)
*** ချဲလ်ဆီးအား ပတ်ဂျီဆန် သတိပေး ***
မန်ယူအတွက် ပရီမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ရေးကြိုးပမ်းမှုသည် မည်သည့် အခါမှ လက်မြှောက်အရှုံးပေးလိမ့်မည်မဟုတ်ကြောင်း ကွင်းလယ်ကစားသမား ပတ်ဂျီဆန်က ချဲလ်ဆီးကို သတိပေးလိုက်သည်။ (အင်တာနက်)
*** လေးနှစ်ဆက်တိုက် ဖလားဆွတ်ခူးမည့် မန်ယူ ***
မန်ယူတို့ ပရီးမီးယားလိဂ်ဖလားကို လေးနှစ်ဆက်တိုက်ဆွတ်ခူးနိုင်မည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဖလားဆွတ်ခူးရန်လည်း ယုံကြည်မှု အပြည့်အ၀ရှိနေကြောင်း တိုက်စစ်မှူး ရွန်:နေက ပြောကြားလိုက်သည်။ (အင်တာနက်)
***စုစည်းဘာသာပြန်-အာကာကျော်***
*** ဖာဘရီဂတ်စ် အာဆင်နယ်မှ ထွက်ခွာဖွယ် ***

No comments:
Post a Comment