(အမွန်၊ ဖေဖော်ဝါရီလ၊ ၂-ရက်)
ဂျော်ဒန်အစိုးရအနေဖြင့် အစ္စရေးနှင့် ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေးစာချုပ်ကို ဖျက်သိမ်းရန် ပုံမှန်ဂျော်ဒန် ထိပ်တန်းကော်မတီတစ်ရပ်က တောင်းဆိုလိုက်သည်။ ယင်းကော်မတီသည် အတိုက်အခံပါတီများနှင့် ပညာ ရှင်များဖြင့် စုစည်းသည့်အဖွဲ့ဖြစ်သည်။ အစ္စရေးနှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုထားသည့် ဂျော်ဒန်အစိုး ရနှင့် အခြားအာ ရပ်နိုင်ငံများအနေဖြင့် ယင်းစာချုပ်များကို ဖျက်ဆီးပစ်ရန် မိမိတို့တိုက်တွန်းတောင်း ဆိုသည်ဟု အမိမြေကာကွယ် ရေးနှင့် ပုံမှန်ဆက်ဆံရေးဆန့်ကျင်မှု ဂျော်ဒန်အဆင့်မြင့် အမှုဆောင်ကော်မတီကထုတ်ပြန် သည်။ ကြေညာချက်တွင် ဖော်ပြထားသည်။ အစ္စရေးနှင့် ပုံမှန်ဆက်ဆံခြင်းဖြင့် ယင်း၏ နယ်မြေသိမ်းပိုက်မှုကို တရားဝင်ပြုလုပ်ပေး ရာရောက်သည်ဟု ကြေညာချက်တွင်ပါရှိသည်။ (အင်တာနက်)
*** နောက်ပြောင်ခြိမ်းခြောက်မှု တူရကီလေယာဉ် ခရီးစဉ် နှောင့်နှေးခဲ့ရ ***
(အင်ကာရာ၊ ဖေဖော်ဝါရီလ ၂-ရက်)
အစ္စတန်ဘူလ်မြို့မှ တူရကီနိုင်ငံအရှေ့ပိုင်း ဗန်မြို့သို့ မောင်းနှင်လာသည့် တူရကီပိုင်ခရီးသည် တင်လေယာဉ်တစ်စင်းသည် ဗုံးဖောက်ခွဲမည်ဟူသော နောက်ပြောင်ခြိမ်းခြောက်မှုခံရပြီးနောက် အင်ကာရာမြို့သို့ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း အင်တာနက်သတင်းအရ သိရသည်။ ခရီးသည် ၁၅၀-နှင့် လေယာဉ်ဝန်ထမ်းများ လိုက်ပါလာသော လေယာဉ်သည် အင်ကာရာမြို့ အီဆင်ဘိုဂါလေဆိပ်တွင် အရေးပေါ်ဆင်းသက်ရှာဖွေသည့်အတွက် ဗန်မြို့ ဖာရစ်မီလန် လေဆိပ်သို့ နာရီပေါင်းများစွာ နောက်ကျပြီး ဇန်န၀ါရီလ ၃၁-ရက်တွင် ရောက်ရှိသည်။ (အင်တာနက်)
*** ရုရှားနှင့် ဗင်နီဇွဲလား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည် ***
ရုရှားနှင့် ဗင်နီဇွဲလားနိုင်ငံတို့မှ အဆင့်မြင့် အရာရှိကြီးများသည် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် လက်တင်အမေရိကန်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗင်နီဇွဲလားသို့ ရုရှားထုတ်ကားတင်ပို့ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်ဟု ရုရှားသတင်းဌာနက ဖော်ပြသည်။ ဗင်နီဇွဲလားသို့ ရုရှားကားများတင်ပို့ရေးကိစ္စကိုလည်း သဘောတူညီကြပြီး ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန်လည်း ထည့်သွင်းဆွေးနွေးကြသည်။ (အင်တာနက်)
*** ယာဉ်မောင်းအန္တရာယ်ကင်းရေး ကင်မရာတပ်ဆင်ရန်လို ***
အငှားကားများတွင် ကင်မရာများ မဖြစ်မနေတပ်ဆင်ရေးကိစ္စနှင့် ပတ်သက်၍ အလုပ်သမားဌာနနှင့် အငှားကားလုပ်ငန်းတို့ကို ကြေညာမည်ဖြစ်ကြောင်း နယူးဇီလန်ပို့ဆောင်ရေးဝန်ကြီး စတီဗင်ဂွိုင်စ်က ပြောကြားသည်။ ယာဉ်မောင်းတစ်ဦး သန်းခေါင်ကျော်အချိန်တွင် အသတ်ခံရပြီးနောက် ယာဉ်မောင်းသမားထိုင်ခုံအောက်တွင် မှတ်တမ်းတင်ကင်မရာများတပ်ဆင်ရန် လိုအပ်လာရာမှ ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ (အင်တာနက်)
***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***
*** အစ္စရေးနှင့်ချုပ်ဆိုသည့် စာချုပ်များဖျက်သိမ်းရန် ဂျော်ဒန်အစိုးရကိုတောင်းဆို ***

No comments:
Post a Comment