(ဒမတ်စကတ်၊ ဖေဖော်ဝါရီလ ၇-ရက်)
အဘွားအိုအွမ်ဟာဆန်ဟု လူသိများသည့် ဆီးရီးယားအဘွားအို ၀ါဆီလာအလီကဒူးသည် ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အိုင်ဒလက်မြို့နယ်ရှိ သူ့ဇာတိကျေးရွာ၌ ဇန်န၀ါရီလက အသက် ၁၁၀-ပြည့်မွေးနေ့ အခမ်းအနားကို ကျင်းပကြောင်း ဆီးရီးယားသတင်းဌာန ဆာနာက ဖေဖော်ဝါရီလ ၁-ရက်နေ့တွင် သတင်းဖော်ပြသည်။ အဘွားအို ၀ါဆီလာသည် ကျန်းမာရေးကောင်းနေဆဲ အိမ်မှုလုပ်ငန်းအ၀၀ကို လုပ်ကိုင်နေဆဲဖြစ်သည်။ မြေးအယောက် ၁၀၀-ရှိသည့် သူမကို ရှေးဟောင်းနှောင်းဖြစ်များ ပြောပြနိုင်သူအဖြစ် စာရေးဆရာများနှင့် သမိုင်းဆရာများက အသိအမှတ်ပြုကြသည်။ ဘွားသက်ရှည်သည် မှတ်ဥာဏ်ကောင်းပြီး ခံစားချက်များပါသော ရှေ:ကဗျာများနှင့် ကျေးလက်ရိုးရာတေးသီချင်းများကို
မှတ်မိနေဆဲ ရွက်ဖတ်သီဆိုနိုင်ဆဲဖြစ်သည်။ ထို့အပြင် ကလေးဘ၀ဖြစ်ရပ်များကို အစုံအလင်သိနေဆဲလည်းဖြစ်သည်။ ဥပမာ ပြင်သစ်နယ်မြေသိမ်းပိုက်ရေးတပ်များက ဒေသအတွင်းရှိ တော်လှန်ရေးသမားများနှင့် ဆွေမျိုးများ၏ သတင်းရရှိရေးအတွက် ရွာရှိ ပြည်သူများကို ညှဉ်းပန်းနှိပ်စက်မေးမြန်းချိန်တွင် သူ၏ မိခင်ဖြစ်သူနှင့်အတူ ဖိနပ်မပါခြေဗလာဖြင့် ပြေးခဲ့ရပုံများကိုလည်း ပြောပြနိုင်သေးသည်ဟုဆိုသည်။ သူမအဓိက စားသည့် အစားအစာမှာ ဟင်းသီးဟင်းရွက်များဖြစ်သည်။ (ဆင်ဟွာ)
*** ဟေတီ၌ ကလေးမှောင်ခိုကုန်းကူးမှု ယူနီဆက်ဖ်က ပြစ်တင်ရှုတ်ချ ***
(ပို့အော်ပရင့်စ်၊ ဖေဖော်ဝါရီလ ၇-ရက်)
ကုသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)သည် တိုင်းပြည် ဖွတ်ဖွတ်ညက်ညက်ကြေအောင် ပျက်စီးစေခဲ့သော မြေငလျင်လှုပ်သွားခဲ့ပြီးနောက် ဟေတီနိုင်ငံ၌ ပူဆွေးသောက များနေရပြီး ပျက်စီးဆုံးရှုံးမှုများစွာ ကြုံတွေ့နေရချိန်မျိုးတွင် ကလေးမှောင်ခိုကုန်ကူးမှု ကလေးခိုးမှုများ တစ်နေ့တခြား တိုးပွားများပြားလာခြင်းကို ဖေဖော်ဝါရီလ ၅-ရက်နေ့က ပြစ်တင်ရှုတ်ချလိုက်သည်။ ဟေတီဝန်ကြီးချုပ် ဂျိန်းမတ်ဘယ်လီရိုက်ကလည်း အသက်မပြည့်သေးသော ကလေးပြန်ပေးဆွဲမှုဖြစ်သကဲ့သို့ ဥပဒေချိုးဖောက်မှုလည်းဖြစ်သဖြင့် ဖေဖော်ဝါရီလ ၄-ရက်နေ့က စွဲချက်တင်ထားသော ထိုအမေရိကန်များကို ဟေတီတရားစီရင်ရေးစနစ်အရ အရေးယူရန် တာဝန်ရှိကြောင်း ပြောကြားသည်။ (ဆင်ဟွာ)
*** ဆိုမာလီတိုက်ပွဲအတွင်း အရပ်သား ၂၆၀-ခန့် သေဆုံးခဲ့ကြရ ***
(ဂျီနီဗာ၊ ဖေဖော်ဝါရီလ ၇-ရက်)
လွန်ခဲ့သည့်လက ဆိုမာလီအစိုးရတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ တိုက်ပွဲဖြစ်မှုကြောင့် အရပ်သား ၂၆၀-နီးပါး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာတင်းကြီးရုံး (ယူအင်န်အိပ်ခ်ျစီအာရ်)က ပြောကြားသည်။ ဆိုမာလီနိုင်ငံတွင် ၂၀၀၉-ခုနှစ် သြဂုတ်လနှောင်းပိုင်းနှင့် ဇန်န၀ါရီလသည် အသေအပျောက်အများဆုံးလဖြစ်သည်ဟု ယူအင်န်အိပ်ခ်ျစီအာရ်က ပြောကြားသည်။ လွန်ခဲ့သည့်လအတွင်း ဆိုမာလီယာနိုင်ငံ အလယ်ပိုင်းဒေသ ထိန်းချုပ်ရေးအတွက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ ၂၅၃-ဦး ဒဏ်ရာရရှိပြီး ဆိုမာလီပြည်သူပြည်သား ၈၀၀၀၀-ခန့် အိုးပစ် အိမ်ပစ်ထွက် ပြေးခဲ့ကြရသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်မောင်ဆွေ ***
*** ဆီးရီးယားအဘွားအို ၀ါဆီလာအလီကဒူး အသက် (၁၁၀)ပြည့် မွေးနေ့ပွဲကျင်းပ ***

No comments:
Post a Comment