*** ပန်းနာရင်ကျပ်ဝေဒနာ ခံစားနေရသူများ ဗီတာမင်ဒီ ချို့တဲ့လျှင် ရောဂါပိုဆိုးရွားစေနိုင် ***
ဗီတာမင်ဒီဓာတ် ချို့တဲ့ခြင်းသည် ပန်းနာရင်ကျပ်ဝေဒနာခံစားနေရသူများအတွက် ရောဂါကို ပိုမိုဆိုးရားစေနိုင် ကြောင်း ခန္ဓာကိုယ်မှ အလိုအလျောက် ထုတ်ပေးသည့် ဟော်မုန်းဓာတ် လျော့ကျစေနိုင်ကြောင်း သုတေသနပြု ဆန်းစစ်လေ့လာချက်တစ်ရပ်တွင် ဖော်ပြသည်။ အမေရိကန်နိုင်ငံ ဒန်ဗာတက္ကသိုလ်မှ သုတေသနပညာရှင်အဖွဲ့ သည် ပန်းနာရင်ကျပ်ဝေဒနာ ခံစားနေရသူများအား ဗီတာမင်ချို့တဲ့မှုအပေါ် ဆန်းစစ်သုတေသနပြုခဲ့ရာ ရောဂါ မှာပို၍ ဆိုးရွားစေနိုင်ကြောင်း အချက်ကို လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယင်းတို့သည် သွေးကြောများအတွင်း ဗီတာမင်ဒီဓာတ်ပါဝင်နှုန်းကို ပန်းနာရင်ကျပ်ဝေဒနာခံစားနေရသူ ၅၄-ဦးအား သုတေသနပြု စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ သွေးကြောအတွင်း ဗီတာမင်ဒီများသော ဝေဒနာရှင်များထက် နည်းသောသူများမှာ ရောဂါပို၍ ဆိုးရွားစေနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ ထို့ကြောင့် ဗီတာမင်ဒီဓာတ် ကြွယ်ဝသော နွားနို့ ကြက်ဥ၊ ငါးနှင့် ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံများ ပြည့်ပြည့်၀၀ စားသုံးပေးသင့်ကြောင်း အဆိုပါပညာရှင်အဖွဲ့ အကြံပြုတင်ပြထားသည်။ ။ (ဆင်ဟွာ)
***(Public Health)***

No comments:
Post a Comment