ဟိုး… အထက်
မိုးကောင်းကင် တိမ်လိပ်ကြားမှာ
မှုန်ရီဝိုးတ၀ါးနဲ့… ပုံရိပ်များ…။
ငါ့ပတ်ဝန်းကျင် နေရာအနှံ့မှာလည်း
မသဲမကွဲ မှောင်မဲမဲကြားက
မပြီးသေးတဲ့ ပန်းချီကားများ…။
ငါသည် ပန်းပုဆရာမမည်
ပန်းချီပညာလည်း မတတ်လို့
နောက်ကိုတစ်လှမ်းဆုတ်…။
စဉ်းစားရင်း စဉ်းစား
ဒီပန်းချီကားအဆုံးသတ်
ဘယ်နေရာကစရမှာလည်း…။
ယောင်ရမ်းပြီး စုတ်တံကိုဆွဲကိုင်
ယိုင်နဲ့နဲ့စားပွဲပေါ်ကို လှမ်းကြည့်
ရေးစရာ မင် တစ်စက်မှမရှိပါလား…။
ရှေ၏တစ်လှမ်းတက် ဆုံးဖြတ်ချက်နဲ့
အို… မျိုးဆက်သစ် ပန်းချီဆရာများ
မပြီးပြတ်သေးတဲ့ ဒီပန်းချီကား
ငါ့နှလုံးသွေးနဲ့ ဆက်ရေးမှ ပြီးပြတ်ရင်
ဖောက်ထုတ်ပေးလိုက်ချင်တယ်….။
***ချယ်ရီအရိပ်***
မှတ်ချက်။ ။ ၂၀၀၆၊ ဒီဇင်ဘာလထုတ် မြန်မာပြည်သားစာစောင်မှ ကူးယူဖော်ပြသည်။
သေချာကြည့်ရင်… မြင်ရမှာပါ
ဟိုး… အထက်
မိုးကောင်းကင် တိမ်လိပ်ကြားမှာ
မှုန်ရီဝိုးတ၀ါးနဲ့… ပုံရိပ်များ…။
ငါ့ပတ်ဝန်းကျင် နေရာအနှံ့မှာလည်း
မသဲမကွဲ မှောင်မဲမဲကြားက
မပြီးသေးတဲ့ ပန်းချီကားများ…။
ငါသည် ပန်းပုဆရာမမည်
ပန်းချီပညာလည်း မတတ်လို့
နောက်ကိုတစ်လှမ်းဆုတ်…။
စဉ်းစားရင်း စဉ်းစား
ဒီပန်းချီကားအဆုံးသတ်
ဘယ်နေရာကစရမှာလည်း…။
ယောင်ရမ်းပြီး စုတ်တံကိုဆွဲကိုင်
ယိုင်နဲ့နဲ့စားပွဲပေါ်ကို လှမ်းကြည့်
ရေးစရာ မင် တစ်စက်မှမရှိပါလား…။
ရှေ၏တစ်လှမ်းတက် ဆုံးဖြတ်ချက်နဲ့
အို… မျိုးဆက်သစ် ပန်းချီဆရာများ
မပြီးပြတ်သေးတဲ့ ဒီပန်းချီကား
ငါ့နှလုံးသွေးနဲ့ ဆက်ရေးမှ ပြီးပြတ်ရင်
ဖောက်ထုတ်ပေးလိုက်ချင်တယ်….။
***ချယ်ရီအရိပ်***
မှတ်ချက်။ ။ ၂၀၀၆၊ ဒီဇင်ဘာလထုတ် မြန်မာပြည်သားစာစောင်မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment