စုံတွဲ တစ်တွဲမြောက်ပိုင်းဒေသသို့ အပျော်တမ်း ငါးမျှားရန် ရောက်လာသည်၊ မိန်းမဖြစ်သူက ငါှးမျှားဝါသနာမပါဘဲ စာဖတ်ရန်သာ ဝါသနာကြီးသူ ဖြစ်သည်၊ တစ်မနက် ယောင်္ကျားဖြစ်သူ ငါးမျှားပြန် လာပြီးနောက် ရေကန်အတွင်း လှေစီးရင်း စာဖတ်ရန် မိန်းမဖြစ်သူဆုံးဖြတ်လိုက်သည်၊ ရေကန်အတွင်း လှည့်လည်သွားလာနေစဉ် တာဝန်ကျ ရဲတစ်ဦးက တွေ့မြင်သွားသည်။
“ဗျို့… မဒမ်… ဒီနေရာက ငါးမဖမ်းရဧရိယာဆိုတာ မသိဘူးလား”
“ကျမ ငါးမျှားနေတာမဟုတ်ဘူး၊ စာဖတ်နေတာ”
“
ငါးမျှားကိရိယာအစုံအလင်ပါရဲ့သားနဲ့ မဟုတ်ဘူးငြင်းလို့ရမလား၊ စခန်းရောက်မှရှင်းတော့”
“ဒီလိုဆိုရင် ကျမကို မတရားကျင့်တယ်လို့ ကျမက ပြန်တိုင်မှာပဲ”
“ဟေ့…ကျနော် ခင်ဗျားကို အသားတောင် မထိရသေးဘူးနော်”
“ဟုတ်တော့ ဟုတ်ပါတယ်… ဒါပေမယ့် ရှင့်မှာ ကိရိယာအစုံအလင်ပါနေတာပဲလေ”
မှတ်ချက်။ ။ နိုင်ငံတကာဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
***(ဟာဒယနှလုံး-တခဏပြုံး)***

No comments:
Post a Comment