ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယခုလ ၂၄၊ ၂၅၊ ၂၆ ရက်များ၌ (၇)ကြိမ်မြောက် သတင်းမီဒီယာ ညီလာခံကို ပြည်ပ ရောက် သတင်းမီဒီယာ အများစုနှင့် ပြည်တွင်းမှ သတင်းမီဒီယာ အချို့ပါ တက်ရောက်ကြသည်ကို တွေ့ရသည်။ ထို့အပြင် ထိုင်းမီဒီယာ၊ အရှေ့တောင်အာရှ မီဒီယာ (SEAPA) တို့အပြင် နိုင်ငံတကာ မီဒီယာ (CPJ) တို့မှ ကိုယ်စား လှယ်အချို့လည်း တက်ရောက်လာပါသည်။ လူအများ စိတ်ဝင်စားနေသော ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ တိုက်ရိုက် ဆွေးနွေးပွဲအပြင် မြန်မာဘလော့ဂ် အကယ်ဒမီဆု၊ ကန်ဂျိနဂါအိဆု တို့ကိုပါ ချီးမြင့်ခဲ့ပြီး မြန်မာစာပေရေးရာ စာတမ်း အချို့ကိုလည်း ဖတ်ကြားခဲ့ကြပါသည်။
** သတင်းမှတ်တမ်း- မြန်မာပြည်သား ***

No comments:
Post a Comment